တောထဲ မှာ နေထိုင်ရ တဲ့ အခြေအနေလေး ကို ပရိသတ်တွေ သိရှိစေဖို့ မှတ်တမ်း ဓာတ်ပုံနှင့်တကွ ဝေမျှလာတဲ့ သန္တာလှိုင်

Posted on

မော်ဒယ် သန္တာလှိုင်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူအမှန်တရားဘက်မှ ရပ်တည်ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ တက်ကြွစွာလှုပ်ရှားခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ပစေ နောက်မဆုတ်ဘဲ ဓမ္မဘက်ကနေ ရပ်တည် ပေးနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပြီး ပရိသတ်တွေ ကလည်း သန္တာလှိုင်ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင် နေရပေမယ့်လည်း တော်လှန်ရေးအတွက် တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း မကြာခဏ ဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သန္တာလှိုင်ရဲ့ Instagram အကောင့်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ တောထဲမှာ နေထိုင် ရတဲ့ အခြေအနေလေးကို ပရိသတ်တွေ သိရှိစေဖို့ မှတ်တမ်း ဓာတ်ပုံနှင့်တကွ ဝေမျှလာတာ ဖြစ်ပါတယ်။ သူမကတော့ တောထဲမှာ ခင်ပွန်းဖြစ်သူနဲ့ မီးလေးလှုံပြီး အေးအတူပူအမျှနေထိုင်နေတဲ့ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရောက်တဲ့နေရာမှာ အဆင်ပြေစွာနေထိုင်တတ်တဲ့ သူမရဲ့စိတ်ဓာတ်ကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ အားလုံးလည်း သိရှိကြစေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Thandar Hlaing’s Instagram Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *