တောထဲတောင်ထဲ ရောက်နေတာ တောင် အမှန်တရား ဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ပြီး သွေးမအေးကြောင်း ပြသ လိုက်တဲ့ လူရွှင်တော် တိုင်းကျော်

Posted on

လူရွှင်တော် တိုင်းကျော် ကတော့ ပြည်သူချစ် သရုပ်ဆောင် တစ်ဦးဖြစ်သလို ဟားငါးကောင်အဖွဲ့ရဲ့အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ် ။ တိုင်းကျော်က လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်တဲ့ အချိန် ကတည်းက လမ်းပေါ်ထွက်ပြီး တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ် ။ လက်ရှိမှာ ဆိုရင်လည်း တိုင်းကျော်က ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုလေးတွေ ဖန်တီးရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ လူရွှင်တော် တိုင်းကျော်က အခုလည်း သူ့ရဲ့ Facebook Account မှာ ဓာတ်ပုံ တစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ တိုင်းကျော်က “အရေးတော်ပုံအောင်ရမည်” ဆိုပြီး တောထဲတောင်ထဲကို ရောက်ရှိနေတဲ့ပုံရိပ်တွေ ကို တင်ထားတာ ဖြစ်ပါတယ် ။ လက်သုံး ချောင်းထောင်ပြီး သူ့ရဲ့ရင်တွင်းဆန္ဒအမှန်ကို ဖော်ထုတ်ပြသနေတဲ့ တိုင်းကျော်က ရောက်ရာ နေရာကနေ တာဝန်ကျေပွန်ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။

ဓာတ်ပုံထဲမှာတော့ တိုင်းကျော်က တောတွင်း တစ်နေရာကို ရောက်ရှိ နေတာဖြစ်ပြီး နေထိုင်ဖို့အတွက် အိမ်ဆောက် နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ ရဲရင့်တဲ့စိတ်ဓာတ်အပြည့်ရှိတဲ့ လူရွှင်တော်တိုင်းကျော်ကို လေးစားချီးကျူးနေကြပြီး ဘေးကင်းစေဖို့အတွက်လည်း ဆုတောင်း ပေးနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုင်းကျော်က သူ့အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို စိတ်မပူဖို့ပြောပြီး သူ့အနေနဲ့ ဘေးကင်းလုံခြုံကြောင်း ပြောပြခဲ့သေးတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Taingkyaw’s FB Acc

zawgyi

လူ႐ႊင္ေတာ္ တိုင္းေက်ာ္ ကေတာ့ ျပည္သူခ်စ္ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္သလို ဟားငါးေကာင္အဖြဲ႕ရဲ႕အဖြဲ႕ဝင္ တစ္ဦးလည္း ျဖစ္ပါတယ္ ။ တိုင္းေက်ာ္က လူထုလႈပ္ရွားမႈေတြ စတင္ျပဳလုပ္တဲ့ အခ်ိန္ ကတည္းက လမ္းေပၚထြက္ၿပီး တစ္တပ္တစ္အား ပါဝင္အားျဖည့္ခဲ့သူ ျဖစ္ပါတယ္ ။ လက္ရွိမွာ ဆိုရင္လည္း တိုင္းေက်ာ္က ျပည္သူေတြအတြက္ စိတ္ခြန္အားျဖစ္ေစမယ့္ ဗီဒီယိုေလးေတြ ဖန္တီး႐ိုက္ကူးၿပီး လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ မွ်ေဝေပးေနတာ ျဖစ္ပါတယ္။

အမွန္တရားဘက္ကေန ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့တဲ့ လူ႐ႊင္ေတာ္ တိုင္းေက်ာ္က အခုလည္း သူ႔ရဲ႕ Facebook Account မွာ ဓာတ္ပုံ တစ္ခ်ိဳ႕ကို မွ်ေဝခဲ့တာ ျဖစ္ပါတယ္ ။ တိုင္းေက်ာ္က “အေရးေတာ္ပုံေအာင္ရမည္” ဆိုၿပီး ေတာထဲေတာင္ထဲကို ေရာက္ရွိေနတဲ့ပုံရိပ္ေတြ ကို တင္ထားတာ ျဖစ္ပါတယ္ ။ လက္သုံး ေခ်ာင္းေထာင္ၿပီး သူ႔ရဲ႕ရင္တြင္းဆႏၵအမွန္ကို ေဖာ္ထုတ္ျပသေနတဲ့ တိုင္းေက်ာ္က ေရာက္ရာ ေနရာကေန တာဝန္ေက်ပြန္ေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္ ။

ဓာတ္ပုံထဲမွာေတာ့ တိုင္းေက်ာ္က ေတာတြင္း တစ္ေနရာကို ေရာက္ရွိ ေနတာျဖစ္ၿပီး ေနထိုင္ဖို႔အတြက္ အိမ္ေဆာက္ ေနတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္ ။ ျပည္သူေတြကေတာ့ ရဲရင့္တဲ့စိတ္ဓာတ္အျပည့္ရွိတဲ့ လူ႐ႊင္ေတာ္တိုင္းေက်ာ္ကို ေလးစားခ်ီးက်ဴးေနၾကၿပီး ေဘးကင္းေစဖို႔အတြက္လည္း ဆုေတာင္း ေပးေနၾကတာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း တိုင္းေက်ာ္က သူ႔အတြက္ စိုးရိမ္ေနတဲ့ ပရိသတ္ေတြကို စိတ္မပူဖို႔ေျပာၿပီး သူ႔အေနနဲ႔ ေဘးကင္းလုံၿခဳံေၾကာင္း ေျပာျပခဲ့ေသးတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Taingkyaw’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *