တောင်ဒဂုံ မှာ ကျဆုံးသွား တဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေး ရေးခဲ့တဲ့ စာကြောင့် စိတ်မကောင်း ဖြစ်နေရတဲ့ ပြည်သူမျာ း

Posted on

ဖေဖော်ဝါရီလကတည်းကနေ အခုချိန် အထိ ကိုယ့်နိုင်ငံ အကျိုးအတွက် ကြိုးစားပေးနေတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ထိပ်ဆုံးနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်လေးတွေ ဖြစ်ကြပေမယ့် လည်း အန္တရာယ်ကိုတောင် မကြောက်ရွံ့ဘဲ ရဲရဲဝင့်ဝင့် ဆန္ဒ ထုတ်ဖော်နေကြတဲ့ လူငယ်တွေကို အားလုံးကချီးကျူးနေရတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း အသက် (၁၅)နှစ် အရွယ်သာရှိသေးတဲ့ သူရဲကောင်း မိန်းကလေးတစ်ဦးက ပြီးခဲ့တဲ့ရက်ကပဲ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

သူမကတော့ တောင်ဒဂုံမြို့နယ် (၅၅)ရပ်ကွက် မှာ နေထိုင်တဲ့ ပြည်သူ တစ်ဦးဖြစ်ပြီး နာမည်ကတော့ “မဇူးဝင့်ဝါ” ပဲ ဖြစ်ပါတယ် ။ အသက်ငယ်သေးပေမယ့်လည်း မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ခဲ့တဲ့ မဇူးဝင့်ဝါက သူမအသက်ရှိနေတဲ့ အချိန် ကတည်းကပင် ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တာ ဖြစ်ပါတယ် ။ မဇူးဝင့်ဝါက စာရွက်တစ်ခုမှာ သူမရဲ့ရင်ထဲက ဖြစ်စေချင်ခဲ့တဲ့ဆန္ဒတွေကို လက်မှတ်ထိုးပြီး ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ် ။

စာထဲမှာတော့ သူမရဲ့နာမည်နဲ့ လိပ်စာ အပြင် “သမီးသေသွားခဲ့ရင် မကယ် ပါနှင့် သမီးကိုထားပြီး နိုင်အောင်ကြိုးစားကြပါ ဒီတိုက်ပွဲအောင်ရင် သေပျော်ပါပြီ ကမ္ဘာမကြေဘူး” ဆိုပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ် ။ မဇူးဝင့်ဝါရဲ့ဓာတ်ပုံဘေးမှာရှိနေခဲ့တဲ့ ဒီစာ‌လေး ကို ဖတ်ရှုလိုက်ရတဲ့ ပြည်သူတွေအနေနဲ့ကလည်း သူမရဲ့စိတ်ဓာတ်ကို ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေး ရေးသား ခဲ့တဲ့စာ‌ကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မမဇူးဝင့်ဝါလည်း ကောင်းရာသုဂတိလားပါစေလို့ အားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

zawgyi

ေဖေဖာ္ဝါရီလကတည္းကေန အခုခ်ိန္ အထိ ကိုယ့္ႏိုင္ငံ အက်ိဳးအတြက္ ႀကိဳးစားေပးေနတဲ့ ျပည္သူေတြထဲမွာေတာ့ လူငယ္ေတြက ထိပ္ဆုံးေနရာကေန ပါဝင္ေနၾကတာ ျဖစ္ပါတယ္ ။ ဆယ္ေက်ာ္သက္အ႐ြယ္ေလးေတြ ျဖစ္ၾကေပမယ့္ လည္း အႏၲရာယ္ကိုေတာင္ မေၾကာက္႐ြံ႕ဘဲ ရဲရဲဝင့္ဝင့္ ဆႏၵ ထုတ္ေဖာ္ေနၾကတဲ့ လူငယ္ေတြကို အားလုံးကခ်ီးက်ဴးေနရတာ ျဖစ္ပါတယ္ ။ အခုဆိုရင္လည္း အသက္ (၁၅)ႏွစ္ အ႐ြယ္သာရွိေသးတဲ့ သူရဲေကာင္း မိန္းကေလးတစ္ဦးက ၿပီးခဲ့တဲ့ရက္ကပဲ က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္ ။

သူမကေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္ (၅၅)ရပ္ကြက္ မွာ ေနထိုင္တဲ့ ျပည္သူ တစ္ဦးျဖစ္ၿပီး နာမည္ကေတာ့ “မဇူးဝင့္ဝါ” ပဲ ျဖစ္ပါတယ္ ။ အသက္ငယ္ေသးေပမယ့္လည္း ျမင့္ျမတ္တဲ့စိတ္ထားကို ပိုင္ဆိုင္ခဲ့တဲ့ မဇူးဝင့္ဝါက သူမအသက္ရွိေနတဲ့ အခ်ိန္ ကတည္းကပင္ ရဲရင့္ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်ခဲ့တာ ျဖစ္ပါတယ္ ။ မဇူးဝင့္ဝါက စာ႐ြက္တစ္ခုမွာ သူမရဲ႕ရင္ထဲက ျဖစ္ေစခ်င္ခဲ့တဲ့ဆႏၵေတြကို လက္မွတ္ထိုးၿပီး ေရးသားေဖာ္ျပခဲ့တာလည္း ျဖစ္ပါတယ္ ။

စာထဲမွာေတာ့ သူမရဲ႕နာမည္နဲ႔ လိပ္စာ အျပင္ “သမီးေသသြားခဲ့ရင္ မကယ္ ပါႏွင့္ သမီးကိုထားၿပီး ႏိုင္ေအာင္ႀကိဳးစားၾကပါ ဒီတိုက္ပြဲေအာင္ရင္ ေသေပ်ာ္ပါၿပီ ကမာၻမေၾကဘူး” ဆိုၿပီး ေရးသားခဲ့တာပဲ ျဖစ္ပါတယ္ ။ မဇူးဝင့္ဝါရဲ႕ဓာတ္ပုံေဘးမွာရွိေနခဲ့တဲ့ ဒီစာ‌ေလး ကို ဖတ္ရႈလိုက္ရတဲ့ ျပည္သူေတြအေနနဲ႔ကလည္း သူမရဲ႕စိတ္ဓာတ္ကို ခ်ီးက်ဴးေလးစားေနၾကတာ ျဖစ္ပါတယ္ ။ က်ဆုံးသြားတဲ့ အသက္ (၁၅)ႏွစ္အ႐ြယ္ သူရဲေကာင္းမေလး ေရးသား ခဲ့တဲ့စာ‌ကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။ မမဇူးဝင့္ဝါလည္း ေကာင္းရာသုဂတိလားပါေစလို႔ အားလုံးကိုယ္စား ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *