တောင်ဒဂုံ က အိမ်ခြေ (၃၀၀)စု အ တွက် စားနပ် ရိက္ခာများ ကို အလှူရှင်တွေ ကိုယ်စား သွားရောက် လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတ မင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ်လုပ်ဆောင်နေသူတစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင်ထားကာ မိဘမဲ့ ကလေးတွေကို မိခင်ရင်းစဖွယ် အစစ အရာရာ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။

ခုလိုကာလမှာလည်း ခိုင်နှင်းဝေကနေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို အခက်အခဲတွေကြားကနေ သွားရောက်ကာ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းပေးနေတာလည်း တွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။

အခုလည်း တောင်ဒဂုံက အိမ်ခြေ (၃၀၀) စုအတွက် တစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ ” တောင်ဒဂုံဘက်မှ အိမ်ခြေ (၃၀၀) အားတစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီ လှူဒါန်းခဲ့ပါတယ်ရှင်…ဆန်မရှိ တဲ့ ဆန်အိုးထဲသို့ ဆန်အလှူရောက်ရှိသွားတဲ့ အတွက် အလှူခံ ပုဂ္ဂိုလ်တွေရော အလှူရှင် ပုဂ္ဂိုလ်တွေပါ ကုသိုလ်တရား ပွားများ သာဓု ခေါ်နိုင်ကြပါစေရှင်..”ဆိုတဲ့စာလေးကို ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Khine Hnin Wai Facebook Page

zawgyi

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ အားလုံးက ခ်စ္စႏိုးနဲ႔ ပရဟိတ မင္းသမီးႀကီးလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ အလႉအတန္းေတြကို အားႀကိဳးမာန္တတ္လုပ္ေဆာင္ေနသူတစ္ေယာက္ပါ။ ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ” ကိုလည္း ဦးစီးတည္ေထာင္ထားကာ မိဘမဲ့ ကေလးေတြကို မိခင္ရင္းစဖြယ္ အစစ အရာရာ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ေပးေနတာလည္းျဖစ္ပါတယ္။

ခုလိုကာလမွာလည္း ခိုင္ႏွင္းေဝကေန႔စဥ္ရက္ဆက္ မေမာႏိုင္ မပန္းႏိုင္ေအာင္ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ ေနရာေတြကို အခက္အခဲေတြၾကားကေန သြားေရာက္ကာ လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းေပးေနတာလည္း ေတြ႕ရပါတယ္။ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ေလးစားအားက်ေနၾကတာပါ။

အခုလည္း ေတာင္ဒဂုံက အိမ္ေျခ (၃၀၀) စုအတြက္ တစ္အိမ္ေထာင္လွ်င္ ဆန္ (၅) ျပည္စီကို အလႉရွင္ေတြကိုယ္စား သြားေရာက္လႉဒါန္းေပးခဲ့ေၾကာင္း အလႉပုံေလးေတြနဲ႔အတူ ” ေတာင္ဒဂုံဘက္မွ အိမ္ေျခ (၃၀၀) အားတစ္အိမ္ေထာင္လွ်င္ ဆန္ (၅) ျပည္စီ လႉဒါန္းခဲ့ပါတယ္ရွင္…ဆန္မရွိ တဲ့ ဆန္အိုးထဲသို႔ ဆန္အလႉေရာက္ရွိသြားတဲ့ အတြက္ အလႉခံ ပုဂၢိဳလ္ေတြေရာ အလႉရွင္ ပုဂၢိဳလ္ေတြပါ ကုသိုလ္တရား ပြားမ်ား သာဓု ေခၚႏိုင္ၾကပါေစရွင္..”ဆိုတဲ့စာေလးကို ေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit : Khine Hnin Wai Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *