တောင်တန်း သာသနာပြု ဆရာတော်ကြီးဆီမှာ ကောင်း မှု ကုသိုလ် တွေပြု ရင်း ပြည်သူ တွေ စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာစေဖို့ တောင်းဆုခြွေ ဆု တောင်း ပေးခဲ့ တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီး တစ်ယောက်အဖြစ် အနုပညာလောကမှာ အခိုင်အမာရပ်တည်အောင်မြင်နေသလို ပရဟိတ အလုပ်တွေ ကိုလည်း လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူပရိသတ်တွေအတွက်လည်း လိုအပ်တာတွေ တတ်နိုင်သလောက်ဖေးမ ကူညီပြီး လှူဒါန်းမှုတွေပြူလုပ်နေတာကိုလည်း မကြာခဏတွေ့ရပါတယ်..။

မြန်မာ့နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ သင်္ကြန် ရက်အတွင်းမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေသလို တောင်တန်းသာသနာပြု ဆရာတော်ဘု ရားကြီးထံမှာ ဆွမ်းကပ် အလှူတွေနဲ့ ကပ်လှူကာ ဆရာတော်မြတ်ကြီးရဲ့မေတ္တာဓာတ်တွေခံယူရင်း ပြည်သူတွေအတွက်လည်း ဆုတောင်း ပေး ထားပါသေးတယ်..။

ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ပြည်သူတွေစိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစေပြီး သာသနာ့အကျိုးသယ်ပိုးနိုင်ကြစေဖို့ကိုလည်း ခိုင် နှင်းဝေက ဆုတောင်းမေတ္တာတွေ ပို့သကုသိုလ်ယူထားတာပဲ ဖြစ်ပါတယ်..။

“တောင်တန်း သာသနာ ပြု မရှိခဏ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာဓာတ်ကို အမြဲ ခံယူပြီး ခုနှစ်ရက် သားသမီး အပေါင်းတို့လည်း စိတ် ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြ၍ သာသနာ အကျိုးသယ်ပိုးနိုင်ကြပါစေ လို့ အမြဲ စဉ်ဆက်မပြတ် မေတ္တာ ပို့သလျှက်ပါ ရှင်…🙏🙏🙏..” ဆိုပြီး သူမရဲ့အလှူကို ဝေမျှထားတာပါ..။

ကောင်းမှုကုသိုလ်လေးတွေပြုရင်း ၇ရက်သားသမီး ပြည်သူတွေအတွက် ပြုသမျှကုသိုလ်တွေဝေမျှလိုက်တဲ့ ခိုင်နှင်းဝေရဲ့ အလှူပုံရိပ်တွေ ကိုတော့ ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်ဆုတောင်းစကားတွေ ဆိုထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Khine Hnin Wai’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *