တောင်ကိုရီးယား ကို ကျနော် တို့ အရင် က ထက် ပို ချစ် ပိုအားပေး သင့်ပါပြီ

Posted on

မဂ်လာပါ ပရိတ်သတ် ကြီးရေ တောင်ကိုရီးယား ကို အရင် ကထက် ပိုချစ် ပိုအားပေး သင့်ပါပြီ

တောင်ကိုရီးယားရဲ့ KBS ကနေ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ interview ခဲ့တဲ့ အကြောင်းသတင်းကြေငြာ ပေးခဲ့ပါတယ်…

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး က ပြောပါတယ်….

ကျွန်တော်လည်းလူသား တစ်ယောက် ပါပဲ…ကျွန်တော် ကြောက်ခဲ့ပါတယ်။ ပြီးတော့ ဒါကလည်းကြီးမားတဲ့ဆုံးဖြတ်ချက် ပဲ။ မြန်မာပြည်သူလူထု နဲ့ ဒီမိုကရေစီလမ်းစဥ် အတွက် ကျွန်တော်စဥ်းစားရမယ်။ .

ကျွန်တော်လက် သုံးချောင်း ထောင်ပြီးပြောခဲ့ တုန်းက သမီးက ပြောတယ်။

ကျွန်တော်တို့တွေ အဲ့ဒီ လက်သုံးချောင်း ကို မချဘဲနဲ့ အားလုံးကို တွဲထားသင့်တယ်တဲ့။

အဲ့ဒါဟုတ်တယ် ။ ကျွန်တော့်သမီးက ကျွန်တော့်ကိုဂုဏ်ယူတယ် လို့လည်း ပြောခဲ့တယ်။ .

ရွေးကောက်ပွဲပြန်လုပ်သင့်တယ်ဆိုတဲ့ ကြေငြာ ချက်နဲ့ ပတ်သတ်ပြီးပြောရရင် နိုဝင်ဘာ ၈ ရက် မှာ ကျင်းပခဲ့တဲအထွေထွေရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရွေးကောက်ပဲွဲြပန် လုပ်ဖို့ မလိုပါဘူး…. . CRPH ကိုထောက်ခံပေးဖို့လည်း သံအမတ်ကြီး ကပြောခဲ့ပါသေးတယ်။

CRPH ကဒီမိုကရေစီ ကိုပြန်လည်ထူထောင်ဖို့ နဲ့ နိုင်ငံတော်အာဏာ ကို ပြည်သူ့ကို ပြန်လည် ပေးအပ်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

ဒါကြောင့်နိုင်ငံတကာ အသိုင်းအဝိုင်းတွေရော၊ ပြီးတော့ KBS ကိုပါ CRPHကို ပံ့ပိုးပေးကြဖို့တောင်းဆိုပါတယ်…

ကျွန်တော်တို့ရဲ့ အရေးတော်ပုံ အောင်ရမည်. တဲ့..သံအမတ်ကြီးက KBS နဲ့ interviewမှာပြော ကြားခဲ့ပါတယ်….. .

~~~~~~~ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို အရမ်းကျေးဇူးတင်ပါ တယ်…

မြန်မာနိုင်ငံအတွက် ကြိုးစားပေးနေတဲ့ တောင်ကိုရီးယားရဲ့ KBS ကိုလည်းအရမ်း ကျေးဇူးတင်ပါတယ်…

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီ တိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

c r d

Leave a Reply

Your email address will not be published.