တီရှပ် အနီ နဲ့ အိမ်ပေါ်တက်လာလို့ တံခါးဖွင့် ဖွက်ထားပေးမိတယ် ဆိုပြီး ရဲတိုက် ကို အိပ်မက်မက်တဲ့ အကြောင်း စိတ်မကောင်းစွာ ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကတည်းက ပြည်သူတွေ ပြုလုပ် ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ အနုပညာရှင်တွေများစွာကလည်း လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြသလို သရုပ်ဆောင်ရဲတိုက်နဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က လည်း ပြည်သူတွေအားလုံးနဲ့ထပ်တူ ရပ်တည် ခဲ့ကြပါတယ်..။

ဖြိုခွင်းမှုတွေနဲ့ အခက်အခဲတွေ ရှိနေတဲ့ကြားက လှုပ်ရှားမှုတွေ ကို ရဲရင့်တက်ကြွစွာ ပြုလုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေတော်တော် များများကလည်း ၅၀၅-က ဖြင့် အရေးယူခြင်းခံထားကြရပြီး ရဲတိုက်ကလည်း တစ်ဦးအပါအဝင်ဖြစ်ကာ လက်ရှိမှာတော့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်..။

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရှေ့တန်းကနေ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ပြီး ဧပြီလ အစပိုင်းကတည်းက ဖမ်းဆီး အရေးယူခြင်းခံထားရတဲ့ သူငယ်ချင်းရဲတိုက်ကို သတိတရနဲ့ အိပ်မက်မက်တဲ့အကြောင်း နှိုင်းယှဉ်က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ဝမ်းနည်းစွာ ပြောပြလာပါတယ်..။

တီရှပ်အနီနဲ့အိမ်ပေါ်တက်လာလို့ တံခါးဖွင့်ဖွက်ထားပေး မိတယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ ရဲတိုက်ကို အိပ်မက်မက်တာတွေကို စိတ်မကောင်းစွာပြောပြထားကာ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်..။

“ညက ရဲတိုက်ကိုအိပ်မက်မက်တယ် တီရှပ်အနီ နဲ့ အိမ်ပေါ် တက်လာ လို့ တံခါးဖွင့်ပေးပီး ဖွက်ထားပေးမိတယ်😭

အမြန်လွတ်ပါစေ သူငယ်ချင်းရယ်🙏..” ဆိုပြီး နှိုင်းယှဉ်က သူမ ရ့အိပ်မက် အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေအားလုံးက နှိုင်းယှဉ်ရဲ့အိပ်မက်နဲ့အတူ ရဲတိုက် အတွက် စိတ်မကောင်း ဖြစ်နေကြပြီး နေကောင်းကျန်းမာစွာနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့အတွက် ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – ရဲတိုက် Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *