တိုင်း ရင်း သား လက် နက် ကိုင် “တပ်ပေါင်း စု” ပြန် ဖွဲ့ ရန် စီစဉ်နေ

Posted on

ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး အတွက် လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းရန် လိုအပ်နေသဖြင့် ပြည်သူ တို့ စိတ်ရှည် နားလည်ပေးရန် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကဲ့သို့သော တပ်ပေါင်းစု တစ်ခု ပြန်လည်ပေါ်ပေါက်လာရေး စီစဉ်နေကြောင်း ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

လက်ရှိအခြေအနေတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူတို့က ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး လိုလားနေကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များရော မထိုးရသေးသည့် အဖွဲ့များပါ ညှိနှိုင်းရန် လိုအပ်နေကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှု အားကောင်းကောင်း၊ NCA ထိုးတာ မထိုးတာ ခဏထား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ တိုင်းပြည်ရဲ့ ရှေ့ရေးကိစ္စကို ဆွေးနွေးဆုံးဖြတ်ဖို့ဆိုရင်တော့ အားကောင်းမောင်းသန် စုဖွဲ့မှု ရှိလာရင်တော့ ကျွန်တော်တို့ ပြောလို့ရတာပေါ့”ဟု ပအိုဝ်းလက်နက်ကိုင် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) စုဖွဲ့မှုထက် ပိုမိုအားကောင်းသည့် UNFC ကဲ့သို့သော စုဖွဲ့မှုပုံစံအဆင့်တက်လှမ်းရန် စတင်နေပြီး နီးစပ်မှု ရှိလာကြောင်း PPST အဖွဲ့ဝင်လည်းဖြစ်သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ ယခင်က UNFC ကို ကရင်အမျိုးသားအစည်းအရုံး (KNU )၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ရာ ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးပြီး နောက်ပိုင်းတွင် UNFC စုဖွဲ့မှု အားလျော့လာပြီး ပြိုကွဲခဲ့သည်။

တပ်ပေါင်းစု ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြည်သူလူထုက စိတ်ရှည် နားလည်ပေးရန် လိုအပ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ “ပြည်သူလူထုက အားမလို အားမရ ဖြစ်ရင်လည်းဖြစ်မယ်။ ကျွန်တော်တို့က နိုင်ငံရေးစုဖွဲ့မှု အားမကောင်းဘဲနဲ့ စစ်ရေးစုဖွဲ့လို့ မရဘူး။ ပြည်သူလူထုက ဖက်ဒရယ်အာမီ အော်တယ်။ အဲဒီလို အော်တဲ့ဟာက နိုင်ငံရေးအရ တူညီတဲ့ အခြေခံအပေါ် မတည်ဆောက်ဘူးဆိုရင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်ခက်တယ်။ ဒါကြောင့် နိုင်ငံရေးအရစုဖွဲ့မှုကို နည်းနည်းဦးစားပေးတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ စုဖွဲ့မှုပြုလုပ်ရန် ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီး မေလအတွင်း ပိုမိုရှင်းလင်းသည့် အခြေအနေများ တွေ့ရနိုင်သည်ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။ ဧပြီ ၃ ရက်နှင့် ၄ရက်တို့တွင် ပြုလုပ်ခဲ့သော NCA လက်မှတ်ထိုး ဆယ်ဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေးတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးCDM လှုပ်ရှားမှု၊ ပြည်သူလူထု၏ နွေဦးတော်လှန်ရေးကို ထောက်ခံကြောင်း အပါအဝင် အချက် ၅ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူများကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းမှုများ ရပ်တန့်ရန်၊ ဥပဒေမဲ့ဖမ်းဆီးထားသည့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် အပစ်ရပ်ဆယ်ဖွဲ့က တောင်းဆိုခဲ့သည်။ “နောက်ဆုံးနှစ်ချက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆိုင်တယ်ဗျ။ CRPHက ကြေညာလိုက်တဲ့ ၂၀၀၈ ဖျက်သိမ်းတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က ကြိုဆိုထောက်ခံတယ်ပေါ့ဗျာ။ နောက်တစ်ချက်က CRPH က ထုတ်လိုက်တဲ့ ပြည်ထောင်စုပဋိဉာဉ်ဆိုတဲ့ဟာကိုတော့ ကြိုဆိုတယ်ပေါ့။ ထောက်ခံတာတော့ မပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အသေးစိတ်ဆွေးနွေးဖို့ လိုတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များနှင့် စုဖွဲ့ထားသည့် CRPH နှင့် ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဖွဲ့ချင်းစီအလိုက် ဆုံးဖြတ်ရန် PPST က သဘောတူခဲ့သည်။ CRPH အနေဖြင့်လည်း အမျိုးသားညီညွတ်ရေး ပြည်သူ့အစိုးရတစ်ရပ်ကို ဧပြီလ ပထမပတ်အတွင်း ဖွဲ့စည်းမည်ဟု အသိပေးထားသည်။

“တချို့အဖွဲ့တွေကတော့ သူတို့ကတော့ ငါတို့ လုံးဝပူးပေါင်းရင် ကောင်းမယ် လို့ မြင်တဲ့ဟာလည်း ရှိတာပေါ့။ ဒီဥစ္စာကိုတော့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ဆုံးဖြတ်ခွင့်ပေးထားတာပေါ့” ဟု PPST အကြံပေး ဦးခွန်စိုင်းက ပြောသည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း “အဖွဲ့အစည်းအလိုက်က ပူးပေါင်းချင် ပေါင်းမယ်လေ။ CRPH ကဖွဲ့တဲ့ အလုပ်အဖွဲ့တို့ ဘာအဖွဲ့တို့မှာ ပါချင်ပါမယ်၊ ဒါက အဖွဲ့အစည်းအလိုက်ဆုံးဖြတ်မယ်ပေါ့။ PPST အနေနဲ့ကတော့ ပူးပေါင်းဆိုတဲ့ အသုံးအနှုန်းကို မသုံးဘူး။ ပံ့ပိုးကူညီမယ်၊ ဆက်စပ်ညှိနှိုင်းဆောင်ရွက်မယ်” ဟု ပြောသည်။

Myanmar Now

zawgyi

ဖက္ဒရယ္တပ္မေတာ္ဖြဲ႕စည္းေရး အတြက္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား ညႇိႏႈိင္းရန္ လိုအပ္ေနသျဖင့္ ျပည္သူ တို႔ စိတ္ရွည္ နားလည္ေပးရန္ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္တစ္ဦးက ေျပာသည္

ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဖက္ဒရယ္ေကာင္စီ (UNFC) ကဲ့သို႔ေသာ တပ္ေပါင္းစု တစ္ခု ျပန္လည္ေပၚေပါက္လာေရး စီစဥ္ေနေၾကာင္း ပအိုဝ္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာၾကားသည္။

လက္ရွိအေျခအေနတြင္ အာဏာသိမ္းမႈကို ဆန႔္က်င္ေသာ ျပည္သူတို႔က ဖက္ဒရယ္တပ္မေတာ္ဖြဲ႕စည္းေရး လိုလားေနေၾကာင္း၊ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ထိုးထားသည့္ အဖြဲ႕မ်ားေရာ မထိုးရေသးသည့္ အဖြဲ႕မ်ားပါ ညႇိႏႈိင္းရန္ လိုအပ္ေနေၾကာင္း ၎က ရွင္းျပသည္။

“ႏိုင္ငံေရး၊ စစ္ေရး စုဖြဲ႕မႈ အားေကာင္းေကာင္း၊ NCA ထိုးတာ မထိုးတာ ခဏထား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ အားလုံးေပါင္းၿပီးေတာ့ တိုင္းျပည္ရဲ႕ ေရွ႕ေရးကိစၥကို ေဆြးေႏြးဆုံးျဖတ္ဖို႔ဆိုရင္ေတာ့ အားေကာင္းေမာင္းသန္ စုဖြဲ႕မႈ ရွိလာရင္ေတာ့ ကြၽန္ေတာ္တို႔ ေျပာလို႔ရတာေပါ့”ဟု ပအိုဝ္းလက္နက္ကိုင္ PNLO ဦးေဆာင္နာယက ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ခုမွ ေခါင္းေဆာင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) စုဖြဲ႕မႈထက္ ပိုမိုအားေကာင္းသည့္ UNFC ကဲ့သို႔ေသာ စုဖြဲ႕မႈပုံစံအဆင့္တက္လွမ္းရန္ စတင္ေနၿပီး နီးစပ္မႈ ရွိလာေၾကာင္း PPST အဖြဲ႕ဝင္လည္းျဖစ္သည့္ ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။ ယခင္က UNFC ကို ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU )၊ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ ၁၂ဖြဲ႕ျဖင့္ ဖြဲ႕စည္းခဲ့ရာ ၂၀၁၅ ခုႏွစ္ NCA လက္မွတ္ထိုးၿပီး ေနာက္ပိုင္းတြင္ UNFC စုဖြဲ႕မႈ အားေလ်ာ့လာၿပီး ၿပိဳကြဲခဲ့သည္။

တပ္ေပါင္းစု ျပန္လည္ဖြဲ႕စည္းေရး လုပ္ငန္းစဥ္ႏွင့္ ပတ္သက္ၿပီး ျပည္သူလူထုက စိတ္ရွည္ နားလည္ေပးရန္ လိုအပ္သည္ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။ “ျပည္သူလူထုက အားမလို အားမရ ျဖစ္ရင္လည္းျဖစ္မယ္။ ကြၽန္ေတာ္တို႔က ႏိုင္ငံေရးစုဖြဲ႕မႈ အားမေကာင္းဘဲနဲ႔ စစ္ေရးစုဖြဲ႕လို႔ မရဘူး။ ျပည္သူလူထုက ဖက္ဒရယ္အာမီ ေအာ္တယ္။ အဲဒီလို ေအာ္တဲ့ဟာက ႏိုင္ငံေရးအရ တူညီတဲ့ အေျခခံအေပၚ မတည္ေဆာက္ဘူးဆိုရင္ စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္ဖို႔ အင္မတန္ခက္တယ္။ ဒါေၾကာင့္ ႏိုင္ငံေရးအရစုဖြဲ႕မႈကို နည္းနည္းဦးစားေပးတာပါ” ဟု ၎က ေျပာသည္။

အဆိုပါ စုဖြဲ႕မႈျပဳလုပ္ရန္ ဆက္သြယ္ညႇိႏႈိင္းေရးအဖြဲ႕ ဖြဲ႕စည္းထားၿပီး ေမလအတြင္း ပိုမိုရွင္းလင္းသည့္ အေျခအေနမ်ား ေတြ႕ရႏိုင္သည္ဟု တိုင္းရင္းသားေခါင္းေဆာင္တစ္ဦးက ေျပာသည္။ ဧၿပီ ၃ ရက္ႏွင့္ ၄ရက္တို႔တြင္ ျပဳလုပ္ခဲ့ေသာ NCA လက္မွတ္ထိုး ဆယ္ဖြဲ႕ေခါင္းေဆာင္မ်ား၏ PPST အစည္းအေဝးတြင္လည္း စစ္အာဏာရွင္ဆန႔္က်င္ေရးCDM လႈပ္ရွားမႈ၊ ျပည္သူလူထု၏ ေႏြဦးေတာ္လွန္ေရးကို ေထာက္ခံေၾကာင္း အပါအဝင္ အခ်က္ ၅ခ်က္ပါ ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့သည္။

အာဏာသိမ္းမႈ ဆန႔္က်င္ကန႔္ကြက္သူမ်ားကို ပစ္ခတ္သတ္ျဖတ္ၿဖိဳခြင္းမႈမ်ား ရပ္တန႔္ရန္၊ ဥပေဒမဲ့ဖမ္းဆီးထားသည့္ ေခါင္းေဆာင္မ်ားကို ျပန္လႊတ္ေပးရန္ အပစ္ရပ္ဆယ္ဖြဲ႕က ေတာင္းဆိုခဲ့သည္။ “ေနာက္ဆုံးႏွစ္ခ်က္က ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ ဆိုင္တယ္ဗ်။ CRPHက ေၾကညာလိုက္တဲ့ ၂၀၀၈ ဖ်က္သိမ္းတယ္ဆိုတဲ့ဟာကို ကြၽန္ေတာ္တို႔က ႀကိဳဆိုေထာက္ခံတယ္ေပါ့ဗ်ာ။ ေနာက္တစ္ခ်က္က CRPH က ထုတ္လိုက္တဲ့ ျပည္ေထာင္စုပဋိဉာဥ္ဆိုတဲ့ဟာကိုေတာ့ ႀကိဳဆိုတယ္ေပါ့။ ေထာက္ခံတာေတာ့ မပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ အေသးစိတ္ေဆြးေႏြးဖို႔ လိုတယ္” ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရအမတ္မ်ားႏွင့္ စုဖြဲ႕ထားသည့္ CRPH ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးကို တစ္ဖြဲ႕ခ်င္းစီအလိုက္ ဆုံးျဖတ္ရန္ PPST က သေဘာတူခဲ့သည္။ CRPH အေနျဖင့္လည္း အမ်ိဳးသားညီၫြတ္ေရး ျပည္သူ႔အစိုးရတစ္ရပ္ကို ဧၿပီလ ပထမပတ္အတြင္း ဖြဲ႕စည္းမည္ဟု အသိေပးထားသည္။

“တခ်ိဳ႕အဖြဲ႕ေတြကေတာ့ သူတို႔ကေတာ့ ငါတို႔ လုံးဝပူးေပါင္းရင္ ေကာင္းမယ္ လို႔ ျမင္တဲ့ဟာလည္း ရွိတာေပါ့။ ဒီဥစၥာကိုေတာ့ ကိုယ့္အဖြဲ႕အစည္းနဲ႔ကိုယ္ ဆုံးျဖတ္ခြင့္ေပးထားတာေပါ့” ဟု PPST အႀကံေပး ဦးခြန္စိုင္းက ေျပာသည္။ ဗိုလ္မႉးႀကီးခြန္ဥကၠာကလည္း “အဖြဲ႕အစည္းအလိုက္က ပူးေပါင္းခ်င္ ေပါင္းမယ္ေလ။ CRPH ကဖြဲ႕တဲ့ အလုပ္အဖြဲ႕တို႔ ဘာအဖြဲ႕တို႔မွာ ပါခ်င္ပါမယ္၊ ဒါက အဖြဲ႕အစည္းအလိုက္ဆုံးျဖတ္မယ္ေပါ့။ PPST အေနနဲ႔ကေတာ့ ပူးေပါင္းဆိုတဲ့ အသုံးအႏႈန္းကို မသုံးဘူး။ ပံ့ပိုးကူညီမယ္၊ ဆက္စပ္ညႇိႏႈိင္းေဆာင္႐ြက္မယ္” ဟု ေျပာသည္။

Myanmar Now

Leave a Reply

Your email address will not be published. Required fields are marked *