တိုင်းပြည် အေးချမ်း တဲ့ ထိ ရရာ နေရာ က‌နေ တိုက်ပွဲ ဝင် သွားမယ် လို့ ကတိပေး လာ တဲ့ မင်းမော်ကွန်း

Posted on

မိဘ ပြည်သူများ အားပေး ချစ်ခင်ရတဲ့ အကယ်ဒမီရ မင်းသား တစ်လတ် ဖြစ်တဲ့ မင်းမော်ကွန်းက တော့ မြန်မာ ပြည်သူတွေ အတွက် CRPH ရဲ့ ပြည်သူ့တပ်မတော် မှာ ရတဲ့ နေရာကနေ တိုင်းပြည် အေးချမ်းတဲ့ ထိ တိုက်ပွဲဝင် သွားမယ် လို့ ကတိပေးလာခဲ့ပါတယ်။မင်းမော်ကွန်းဟာ အ ခု လက်ရှိ ဖြစ်ပွားနေတဲ့ စစ်အာဏာ ရှင် စနစ် ချေမှုန်းရေး အတွက် ပြည်သူတွေနဲ့အတူ တစ်စိတ်တည်း တစ်သားတည်း တိုက်ပွဲ ‌ဝင် နေခဲ့ တဲ့ မင်းသားတစ်လတ်ပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ ဒီကနေ့မှာတော့ မြန်မာနိုင်ငံရဲ့ အခု လက်ရှိ အနေအထားကို ခန့်မှန်း ပြောပြ လာခဲ့ပြီး လူငယ်တွေ အနေနဲ့ ကြိုတင်ပြင် ဆ င် ထားဖို့ တွေနဲ့ အတူ သူပါ တိုင်းပြည် အတွက် တိုက်ပွဲဝင်မဲ့ အကြောင်း ပြောပြ လာခဲ့ပါတယ်။“အားလုံးမှန်းထားတာ ထက်စောပြီး ခုခံ ကာ ကွယ်မှုတွေ လက်တုန့်ပြန်မှုတွေ စတင်လာပြီ ဖြစ်ပါတယ်။ ဒါကိုသုံးသပ် ကြည့်ရင်ပြည်တွင်းစစ် စတင်တော့မယ် ဆိုတဲ့ အခြေအ နေပါ။

အဓိ ကလက်နက်မဲ့ ပြည်သူနဲ့ ကြည်းရေလေ လက်နက် ပေါင်းစုံ ရှိတဲ့ အ+ကြမ်း+ဖက် သမား စစ်သူပုံတွေ နဲ့ ဖြစ်ကြတဲ့ ပဋိပက္ခ ကနေစပြီး ပြည် တွင်းစစ် အသွင်ကို ဆောင်လာပါပြီ။ကျွန်တော်တို့ ပြည်သူအတွက် လိုအပ်ချက်က လက်နက်ပါ သူတို့ဆီမှာ လေယာဉ်တွေ လက်နက် ကြီး တွေ ဖေါက်+ခွဲ+ရေးပစ္စည်း တွေ စစ်သင်္ဘောတွေနဲ့ အဆင့်+မြင့် လက်နက်တွေ ရှိနေတယ် ဆိုတာ အားလုံးအသိပါ။

ြည်သူက အင်အားများတယ် ဆိုပေမယ့် သူတို့က ရပ်ကွက်လိုက် မြို့နယ်လိုက် မိနစ်ပိုင်းအတွင်း ချေဖျက်ပစ် လို့ရပါတယ်။ မြို့တွေပေါ်မှာ စစ်မြေပြင် ဖြစ်လာရင် အထိနာမှာက ပြည်သူပါ။ကျွန်တော်တို့ ပြည်သူ့အခွန် တွေရဲ့ ရာခိုင်နူန်း တော်တော် များများကို စစ်သပုန်များရဲ့ လ က်+နက်+ခဲယမ်း ရိက္ခာ အတွက် သုံးစွဲခဲ့တာ နှစ်ပေါင်း များစွာ ရှိလာပြီ ဖြစ်တဲ့အပြင် သူတို့မှာ အခြားစီးပွားရေး တွေရှိတဲ့ အတွက် သူတို့ရဲ့ လ က်+နက် အင်အား ငွေအင်အား တိုက်ပွဲ အတွေ့အကြုံ အစစ သာပါတယ်။

ပြီးတော့ ကိုယ်နဲ့ ရင်ဆိုင်ရမယ့် ရန်သူဟာ ကိုယ့်လို မဟုတ်တာ ကို လည်း ထည့်တွက် ရပါမယ်။ သူတို့က ယုတ်+မာ ကောက်ကျစ်တဲ့ နည်း ပေါင်း စုံကို ထုတ်သုံးမှာပါ။အဲ့တော့ ကျွန်တော်တို့ သည် CRPHရဲ့ ဦးဆောင်မှုနဲ့ အတူ တရားဝင် ပြည်သူ့ စစ်တပ် အမြန်ဖွဲ့စည်းဖို့နဲ့ နိုင်ငံ တ ကာ ရဲ့ အထောက် အပံ့တွေ လိုအပ်နေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ စစ်ရေး လေ့ကျင့်မှုတွေ လို အပ် နေပါပြီ။

အမြန်ဆုံးစတင်မှ ဖြစ်မှာပါ။ ကိုယ့်ရန်သူက လက်ဦးမှု ရယူ ထားပါပြီ။ အဲ့တော့ ကျန်းမာ သန်စွမ်း တဲ့ လူငယ် လူရွယ် များအသင့်ပြင်ထားဖို့ နဲ့ ပြည်သူများ ရိက္ခာစု ထားဖို့ သတိပေး တာပါ။ ကျွန်တော် မြှောက် ပေးနေတာ မဟုတ်ပါ။ကျွန်တော် ကိုယ်တိုင်လည်း CRPH ရဲ့ ပြည်သူ့ တပ် မတော်မှာ ရရာနေရာ ကနေတာဝန်ထမ်းဆောင်ပြီး တိုင်းပြည် အေးချမ်း တဲ့အထိ တိုက်ပွဲဝင်ဖို့ ကတိပေးပါတယ်။” ဆိုပြီး ရေးသား လာခဲ့ တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ အားလုံး ရဲ့ ညီညွှတ် မှု နဲ့ အတူ ဒီ မတရား မှုကြီးကို အမြန်ဆူံး အနိုင်ရပါစေ လို့ ဆုတောင်း ပေးလိုက် ပါတယ်။ ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး သာယာသော နေ့ရက်များ ပိုင်ဆိုင် ကြပါစေ။

Source ; Kyaw Kyaw Htay Lwin

Leave a Reply

Your email address will not be published. Required fields are marked *