တိုက်ပွဲမှာ ကျဆုံး သွားတဲ့ အာဇာနည် သူရဲကောင်း တွေ ရဲ့ အိမ်သို့ သွား ရောက် လှူဒါန်းရင်း ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့ မေ…..

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မော်လ်ဒယ် တစ်ယောက်ဖြစ်သလို အဆိုတော် တစ်ယောက်အဖြစ်လည်း ပရိသတ်တွေ လက်ခံအားပေးချစ်ခင်ကြတဲ့ မေကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။လမ်းပေါ်ထွက် ကာ လူထု လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် တက်တက်ကြွကြွပါဝင်နေသလို လိုအပ်နေတဲ့နေရာတွေမှာလည်း အင်တိုက် အားတိုက်နဲ့ လှူဒါန်းနေပြီး ပြည်သူတွေအတွက် တတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်နေတာပါ..။ အလှူရှင်တွေလှူဒါန်းထားတဲ့ ငွေကြေးတွေကို လိုအပ်တဲ့ နေရာတွေမှာ ပြန်လည်လှူဒါန်းနေတဲ့ မေကတော့ ကျဆုံး သွားကြတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ နာရေးကို သွားရောက်လှူဒါန်းရင်း မျက်ရည်ဝဲခဲ့ရတဲ့ စိတ်မကောင်းစရာ အကြောင်းလေးတွေကို ပြန်လည်ပြောပြလာပါတယ်..။

တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းသုံးဦးရဲ့ နာရေးကို ကိုယ်တိုင်သွားရောက်ပြီး အလှူငွေတွေ လှူဒါန်းခဲ့တဲ့အပြင် ဖေးမကူညီမှုတွေနဲ့ အားပေးစကားလေးတွေလည်းပြောရင်း မိသားစုဝင်တွေရဲ့ ဝမ်းနည်းစကားလေးကြောင့် စိတ်မကောင်းဖြစ်ရတာတွေကို ပြောပြထားတာပါ..။ “မေ့ဆီမှာ လှူထားတဲ့ အလှူငွေ တစ်ချို့ထဲကနေ အရေးတော် ပုံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းချစ်ကိုကိုဖြိုး (သင်္ကန်းကျွန်း) မောင်ကောင်းပြည့်ကျော် ( လှိုင် ) ဦးကျော်ဇင်လတ် (ခ) ဦးရှည်ကြီး တို့ရဲ့ မိသားစုဝင်တွေဆီ
သွားရောက်လှူဒါန်းခဲ့ပါတယ်..

မိသားစုတစ်စုလျှင် (၉) သိန်းကျပ်ဆီလှူဒါန်းခဲ့ပါတယ်..နောက်ပြီး လောလော လတ်လတ် တိုက်ပွဲ များကြောင့် နေရပ်ဒေသကို စွန့်ခွါခဲ့ကြရတဲ့ ကချင်မြေမှ စစ်ဘေးရှောင် သွေးချင်းများအတွက် (၁၀) သိန်းလှူဒါန်းခဲ့ပါတယ်..❤️ မေ့ကို ထပ်လှူတဲ့အလှူရှင်စာရင်းလည်း အောက်မှာ ဖော်ပြပေးထားပါတယ်.. 💕 ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေဆီက ဝမ်းနည်းခြင်းစကားသံတွေဟာ ရင်ထဲမှာ ခံစားရပါတယ်.. “ဘဝထဲကနေ စောစောထွက်ခွါသွားခဲ့ပေမယ့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ၂၂ အရွယ်သားလေးအတွက် ဂုဏ်ယူနေမှာပါ” ဆိုတဲ့ အမေတစ်ယောက်ရဲ့စကားကြောင့် မျက်ရည်ဝဲရပါတယ်..😥 မေတို့အားလုံးရဲ့ စိတ်ထဲမှာလည်း အမြဲအမှတ်ရနေမှာပါ.. 🙏🏻“အရေးတော်ပုံ အောင်မည်”💪🏻..” ဆိုပြီး မေက ပြန်လည်ဝေမျှထားတာပါ..။

Credit : Celethatin

zawgyi

ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္ေမာ္လ္ဒယ္ တစ္ေယာက္ျဖစ္သလို အဆိုေတာ္ တစ္ေယာက္အျဖစ္လည္း ပရိသတ္ေတြ လက္ခံအားေပးခ်စ္ခင္ၾကတဲ့ ေမကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။လမ္းေပၚထြက္ ကာ လူထု လႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ တက္တက္ႂကြႂကြပါဝင္ေနသလို လိုအပ္ေနတဲ့ေနရာေတြမွာလည္း အင္တိုက္ အားတိုက္နဲ႔ လႉဒါန္းေနၿပီး ျပည္သူေတြအတြက္ တတ္ႏိုင္တဲ့ေနရာကေန ပါဝင္အားျဖည့္ေနတာပါ..။ အလႉရွင္ေတြလႉဒါန္းထားတဲ့ ေငြေၾကးေတြကို လိုအပ္တဲ့ ေနရာေတြမွာ ျပန္လည္လႉဒါန္းေနတဲ့ ေမကေတာ့ က်ဆုံး သြားၾကတဲ့ ျပည္သူ႔ သူရဲေကာင္းေတြရဲ႕ နာေရးကို သြားေရာက္လႉဒါန္းရင္း မ်က္ရည္ဝဲခဲ့ရတဲ့ စိတ္မေကာင္းစရာ အေၾကာင္းေလးေတြကို ျပန္လည္ေျပာျပလာပါတယ္..။

တိုက္ပြဲဝင္ရင္း က်ဆုံးသြားၾကတဲ့ သူရဲေကာင္းသုံးဦးရဲ႕ နာေရးကို ကိုယ္တိုင္သြားေရာက္ၿပီး အလႉေငြေတြ လႉဒါန္းခဲ့တဲ့အျပင္ ေဖးမကူညီမႈေတြနဲ႔ အားေပးစကားေလးေတြလည္းေျပာရင္း မိသားစုဝင္ေတြရဲ႕ ဝမ္းနည္းစကားေလးေၾကာင့္ စိတ္မေကာင္းျဖစ္ရတာေတြကို ေျပာျပထားတာပါ..။ “ေမ့ဆီမွာ လႉထားတဲ့ အလႉေငြ တစ္ခ်ိဳ႕ထဲကေန အေရးေတာ္ ပုံအတြက္ တိုက္ပြဲဝင္ရင္း က်ဆုံးသြားတဲ့ သူရဲေကာင္းခ်စ္ကိုကိုၿဖိဳး (သကၤန္းကြၽန္း) ေမာင္ေကာင္းျပည့္ေက်ာ္ ( လႈိင္ ) ဦးေက်ာ္ဇင္လတ္ (ခ) ဦးရွည္ႀကီး တို႔ရဲ႕ မိသားစုဝင္ေတြဆီ
သြားေရာက္လႉဒါန္းခဲ့ပါတယ္..

မိသားစုတစ္စုလွ်င္ (၉) သိန္းက်ပ္ဆီလႉဒါန္းခဲ့ပါတယ္..ေနာက္ၿပီး ေလာေလာ လတ္လတ္ တိုက္ပြဲ မ်ားေၾကာင့္ ေနရပ္ေဒသကို စြန႔္ခြါခဲ့ၾကရတဲ့ ကခ်င္ေျမမွ စစ္ေဘးေရွာင္ ေသြးခ်င္းမ်ားအတြက္ (၁၀) သိန္းလႉဒါန္းခဲ့ပါတယ္..❤️ ေမ့ကို ထပ္လႉတဲ့အလႉရွင္စာရင္းလည္း ေအာက္မွာ ေဖာ္ျပေပးထားပါတယ္.. 💕 က်ဆုံးသြားသူေတြရဲ႕ မိသားစုဝင္ေတြဆီက ဝမ္းနည္းျခင္းစကားသံေတြဟာ ရင္ထဲမွာ ခံစားရပါတယ္.. “ဘဝထဲကေန ေစာေစာထြက္ခြါသြားခဲ့ေပမယ့္ တရားမွ်တမႈအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ ၂၂ အ႐ြယ္သားေလးအတြက္ ဂုဏ္ယူေနမွာပါ” ဆိုတဲ့ အေမတစ္ေယာက္ရဲ႕စကားေၾကာင့္ မ်က္ရည္ဝဲရပါတယ္..😥 ေမတို႔အားလုံးရဲ႕ စိတ္ထဲမွာလည္း အၿမဲအမွတ္ရေနမွာပါ.. 🙏🏻“အေရးေတာ္ပုံ ေအာင္မည္”💪🏻..” ဆိုၿပီး ေမက ျပန္လည္ေဝမွ်ထားတာပါ..။

Credit : Celethatin

Leave a Reply

Your email address will not be published. Required fields are marked *