တိမ်းရှောင် နေရပေမယ့် အချင်းချင်း အားပေးနှစ် သိမ့်နေတဲ့ ပုံလေးကြောင့် ပရိတ်သတ်တွေအချစ် ပိုနေ ရတဲ့ ချစ်သုဝေ

Posted on

ပရိတ်သတ်ကြီးရေ…ချစ်သုဝေကတော့ ငယ်ငယ်လေးကတည်းက အဆိုတော် လုပ်ရင်း မြန်မာဇာတ်လမ်းတွေ မှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အဆိုတော် လင်းလင်း နဲ့

အိမ်ထောင်ကျပြီးလို့ ခေတ်ခေတ်နဲ့ သစ်သစ် လို့ချစ်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားသူ ဖြစ်ပါတယ်။ သာယာပျော်ရွင်တဲ့ မိသားစုဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေးအပြင် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ခွဲစိပ်ဖို့လိုအပ်တဲ့ ကလေးတွေကိုလည်း ကုသိုလ်ယူရင်း ရောဂါကုသပေးနေတာဖြစ်ပါတယ်။

ခုလိုမတည်ငြိမ်ဖြစ်နေတဲ့ နိုင်ငံရေးမှာလည်း ချစ်သုဝေတို့ လင်မယားကတော့ ပြည်သူတွေ နဲ့အတူ ရင်ဘတ်ချင်းနီးခဲ့ပြန်ပါတယ်။ လင်မ ယားနှစ်ယောက်စလုံး ဖမ်းဝရမ်းထုတ်ထားခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မေမေချစ်သုဝေ က လွှတ်မြောက်နယ်မြေတစ်ခုမှာအချင်းချင်းအားပေးနေတဲ့ပုံလေးကို တင်လာခဲ့တာ ဖြစ်ပါတယ်။ မေမေချစ်သုဝေကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း ချစ်သုဝေကို အားပေးစကားလေး ပြောပေးသွားကြပါအုံးနော်..

Credit

zawgyi




Credit

Leave a Reply

Your email address will not be published. Required fields are marked *