တိမ်းရှောင် နေရချိန် မှာတောင် သူမ ရဲ့ အဝတ်တွေကို ရောင်းချပြီးလှူဖို့ လုပ်နေပေမယ့် ဝေဖန်သူ တစ်ချို့ကြောင့် စိတ်ပင်ပန်းနေရတဲ့ မေ

Posted on

အဆိုတော်မေကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရပေမယ့်လည်း တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်နေဆဲ ဖြစ်ပါတယ်။ မေကတော့ စစ်ဘေးရှောင်နေရတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ဒီကာလမှာ တကယ်ကို စားဝတ်နေရေးခက်ခဲနေသူတွေကို ကူညီဖို့အတွက် ပွဲတက်တစ်ချို့နဲ့ ရှုတင်များတွင် တစ်ခါပဲ ဝတ်ရသေးတဲ့ ဒီဇိုင်နာချုပ်အင်္ကျီများကို သူမရဲ့ လူမှုကွန်ယက်တွင် ပို့စ်တင်ပြီးလျော့ဈေးဖြင့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။

မေ့ကို ချစ်ခင်ကြတဲ့ ပရိသတ်များကလည်း သူမရဲ့ အလှူထဲကို ပါဝင်လိုကြတဲ့အတွက် ရောင်းချတဲ့ ဝတ်စုံများအားလုံးကို ဝယ်ယူအားပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုအလှူလေးတွေ လုပ်ဖို့ ပြင်ဆင်နေတာကိုအပြစ်တင်ဝေဖန်နေကြသူတစ်ချို့လည်း ရှိပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က မေရဲ့ Facebook Page တွင်တိမ်းရှောင်နေရချိန်မှာတောင် သူမရဲ့အဝတ်တွေ ကို ရောင်းချပြီးလှူဖို့ လုပ်နေပေမယ့် အပြစ်တင်ဝေဖန်သူများကြောင့် စိတ်မကောင်းဖြစ်နေကြောင်းကို ရင်ဖွင့်ရေးသားလာတာ ဖြစ်ပါတယ်။

” မနေ့က မေ့ရဲ့ ” The Journey ” ထဲက ဝတ်စုံလေးကို လေလံဈေး 770000 ကျပ် နဲ့ ကိုစိုးမင်းသန်း+မခင်နန္ဒာထွန်း တို့ချစ်သူနှစ်ဦးမှ ရသွားပါတယ်. . .💕 မခင်နန္ဒာထွန်း ရဲ့ မွေးနေ့အမှတ်တရအဖြစ် အခုလို လေလံအလှူလေးမှာပါဝင်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ မရလိုက်တဲ့သူတွေလည်း အခုလို လေလံမှာ အားတတ်သ ရောပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်။ တကူးတကတန်ဖိုးထားပြီးပါဝင်ပေးခဲ့လို့ မေအရမ်းဝမ်းသာပါတယ်.🥰 MDY ကအကို တစ်ယောက်ဆိုရင် ဒီလေလံမှာပါဝင်ခဲ့ပြီး မရလိုက်ပေမယ့်လည်း ဟိုတစ်လောက မေ Piano တီးပြီးဆိုထားတဲ “စဉ်းစားပါ” သီချင်းလေးထဲမှာ ဝတ်ထားတဲ့ အင်္ကျီလေးကို ငါးသိန်းနဲ့ ရောင်းပေးပါဆိုပြီးတောင်းဆိုလာပါတယ်။

ဘာကြောင့်လဲဆိုတော့ သူက တွတ်ပီ Fan ဖြစ်နေတယ်. . .😄 အဲ့ဒါနဲ့ မေလည်း ” ဖြေပါ Baby ” ထဲက အင်္ကျီလေးကိုရောင်းပေးလိုက်ပါတယ်။ အဲ့သီချင်းလေးကလည်း တွတ်ပီရေးပေးခဲ့တဲ့သီချင်းလေး ပြီးတော့ မေ့အတွက်လည်းအမှတ်တရဖြစ်လို့ပါ။ ဘာပဲဖြစ်ဖြစ် တန်ဖိုးထားပေးတဲ့သူတွေအတွက် အရမ်းဝမ်းသာပါတယ်. . .❤️တကယ်တော့ ဒီလေလံဟာ Game တစ်ခုသာဆိုရင် ကိုယ်တိုင်ဝင်ကစားရမှမဟုတ်ပါဘူး။ ကိုယ်မကစားလည်းဘေးကနေထိုင်ကြည့်ပြီး နိုင်တဲ့သူကိုအားပေးလိုက်ရုံပေါ့။ ရှင်းရှင်းလေးပါပဲ.. ပြီးတော့ ဒါကအလှူအတွက်လုပ်တာလို့လည်း အစတည်းက ပြောထားပါတယ်။

အဲ့ဒါကို ဘာလို့များ Comment တချို့မှာ သက်သက်အကုသိုလ်ဝင်ယူနေကြတာလဲဟင် (အပြုသဘောဆောင်ပြီး နောက်ပြောင်ကြတဲ့ Comment လေးတွေကို မေဘာမှမပြောလိုပါ) မေ တကယ်နားမလည်လို့ပါ အရမ်းလည်း Speechless ဖြစ်မိတယ်။ မေဆိုရင် ဒီလိုပုန်းရှောင်နေတဲ့ ကြားထဲကနေလူလေးနှစ်ယောက်တည်းနဲ့ အဝတ်တွေ အရုပ်မှာ ဝတ်ပြီးရောင်းချပေးခဲ့ရတာ အရမ်းလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး ပြီးတော့ Professional ရောင်းနေတဲ့သူလည်းမဟုတ်ဘူး။ အလှူအတွက်ဆိုပြီး တကယ်အပင်ပန်းခံပြီးသေချာလေးလုပ်ခဲ့တာ. . . . အဲ့တော့ လူတွေဟာ ” ကောင်းတာလုပ်လည်းဆဲ မကောင်းတာလုပ်လည်းဆဲ ဘယ်လိုဖြစ်ကြတာလဲ? ” ဆိုပြီးဖြစ်မိတယ်

မေအခုလိုရေးတယ်ဆိုတာ ပြောမိတဲ့သူတွေများ ဖတ်မိခဲ့ရင် ကိုယ့်ဟာကိုယ် သုံးသပ်မိအောင်ပါ။ မေ့ရဲ့ဒီကိစ္စမှ မဟုတ်ဘူး အဲ့လိုလူတွေ တော်တော်များလာတာတွေ့ရလို့ပါ။ မနေ့က လေလံမှာရော အရှေ့ရက်တွေမှာ ရောင်းခဲ့တဲ့ အဝတ်တွေအကုန်လုံးကိုရော အားပေးခဲ့ကြ အလှူမှာအတူတူပါဝင်ပေးကြတဲ့သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ် သာဓုလည်းခေါ်ပါတယ်. . .🙏🏻 မေ ဘယ်နေရာမှာလှူဖြစ်မလဲ ပြန်ပြောပေးမယ်နော် ခဏတော့စောင့်ပေးပါ. . . (စာအရှည်ကြီးရေးမိသွားပြီ ဆောဒီးးနော်) 😬” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။အနုပညာတစ်ချို့ဟာ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း ပြည်သူတွေ အခက်အခဲဖြစ်နေတာကို မကြည့်ရက်တဲ့အတွက် သူတို့ တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင်း တစ်ယောက်ကို တစ်ယောက် အပြစ်တွေ မမြင်ကြဘဲ ချစ်တဲ့စိတ်ဖြင့်သာ တွေးပေးကြဖို့ ပြောကြားရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *