တိမ်ညိုစစ်ဘေး ရှောင်စခန်းက မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူ တွေ အတွက် လိုအပ်တဲ့ အကူ အညီများ ထောက်ပံ့လှူဒါန်းပေးဖို့ ပြင်ဆင်နေတဲ့ ဝေဠုကျော်

Posted on

သရုပ်ဆောင် ဝေဠုကျော် ကတော့ အနုပညာ လှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ဘဲ ပြည်သူတွေ အတွက် ပရဟိတ လုပ်ငန်းတွေကိုသာ ကြိုးစားဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖောင်ဒေးရှင်းအသင်းကို တည်ထောင်ပြီး အကူအညီလိုတိုင်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေသူ ဖြစ်တာကြောင့် ပရိသတ်တွေကပါ ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေ အတွက်လည်း သူ့ရဲ့ အဖွဲ့ဝင် များနှင့်အတူ ရှေးဦးသူနာပြုကုသမှုဖြင့် medical cover လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ရခိုင်ပြည်နယ်မှာရှိတဲ့မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူတွေ အတွက် လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလို ရေးသားထားတာပဲ ဖြစ်ပါတယ်။

” 19-3-2021 ရခိုင်ပြည်နယ်၊ မြောက်ဦး က မီးဘေးသင့် ခံခဲ့ရသည့် တိမ်ညို တိုက်ပွဲ ရှောင် စခန်း အိမ်ခြေ ၆၆၃ အိမ် အတွက် ကူညီထောက်ပံ့ပေးပို့ရန် ဒီနေ့ ဒုတိယနေ့ အ​ဖြစ် ထပ်မံ ထုတ်ပိုး ပြင်ဆင်ပါတယ်။ မီးဘေးသင့် ရခိုင် တိုက်ပွဲရှောင် ပြည်သူများအတွက် စေတနာရှင် အလှူရှင်များအနေဖြင့် ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ” ဆိုပြီးလှူဒါန်းဖို့ပြင်ဆင်နေတဲ့ ပုံရိပ်တွေကိုလည်း ဝေမျှပေးတာကြောင့် ပရိသတ်တွေလည်း သိရှိစေရန် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page

zawgyi

သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ကေတာ့ အႏုပညာ လႈပ္ရွားမႈေတြ သိပ္မေတြ႕ရေတာ့ဘဲ ျပည္သူေတြ အတြက္ ပရဟိတ လုပ္ငန္းေတြကိုသာ ႀကိဳးစားေဆာင္႐ြက္ေပးေနတာလည္း ျဖစ္ပါတယ္။ ကိုယ္ပိုင္ေဖာင္ေဒးရွင္းအသင္းကို တည္ေထာင္ၿပီး အကူအညီလိုတိုင္း အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးေနသူ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကပါ ခ်ီးက်ဴးေနၾကတာလည္း ျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈမွာပါဝင္ရင္း ဒဏ္ရာရရွိခဲ့တဲ့ ျပည္သူေတြ အတြက္လည္း သူ႔ရဲ႕ အဖြဲ႕ဝင္ မ်ားႏွင့္အတူ ေရွးဦးသူနာျပဳကုသမႈျဖင့္ medical cover လုပ္ေဆာင္ေပးေနတာလည္း ျဖစ္ပါတယ္။ အခုမွာလည္း ရခိုင္ျပည္နယ္မွာရွိတဲ့ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳစစ္ေဘးေရွာင္စခန္းတြင္ မီးေဘးသင့္ခံခဲ့ရတဲ့ ျပည္သူေတြ အတြက္ လိုအပ္တဲ့အကူအညီေတြ ေထာက္ပံ့လႉဒါန္းခဲ့ေၾကာင္းကို သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အခုလို ေရးသားထားတာပဲ ျဖစ္ပါတယ္။

” 19-3-2021 ရခိုင္ျပည္နယ္၊ ေျမာက္ဦး က မီးေဘးသင့္ ခံခဲ့ရသည့္ တိမ္ညိဳ တိုက္ပြဲ ေရွာင္ စခန္း အိမ္ေျခ ၆၆၃ အိမ္ အတြက္ ကူညီေထာက္ပံ့ေပးပို႔ရန္ ဒီေန႔ ဒုတိယေန႔ အ​ျဖစ္ ထပ္မံ ထုတ္ပိုး ျပင္ဆင္ပါတယ္။ မီးေဘးသင့္ ရခိုင္ တိုက္ပြဲေရွာင္ ျပည္သူမ်ားအတြက္ ေစတနာရွင္ အလႉရွင္မ်ားအေနျဖင့္ ဝိုင္းဝန္း ကူညီေထာက္ပံ့ေပးၾကရန္ တိုက္တြန္းႏႈိးေဆာ္အပ္ပါတယ္။ ” ဆိုၿပီးလႉဒါန္းဖို႔ျပင္ဆင္ေနတဲ့ ပုံရိပ္ေတြကိုလည္း ေဝမွ်ေပးတာေၾကာင့္ ပရိသတ္ေတြလည္း သိရွိေစရန္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *