တာဝန် ကျေ တဲ့ သူ များ မှ တော် လှန်ရေး အောင် နိုင် မယ် လို့ ဆောင်းဦးလှိုင် ပြောပြီ

Posted on

” တကယ်တော့ “

ဘဝမှာ ကိုယ်ကြိုးစား မှကိုယ်ရတာပါ။ ကိုယ်တိုင် ရုန်းကန် လှုပ်ရှားရတာပါ။

လွတ်လပ်ချင်တယ်၊ လွတ်မြောက်ချင်တယ်၊ တိုးတက် ချင်တယ် ဆိုရင် စိတ်တူကိုယ်တူရှိကြတဲ့ လူတွေ ပြိုင်တူ ကြိုးစားလှုပ်ရှားကြဖို့ လိုအပ်ပါတယ်။

မိစ္ဆာတွေမပါ၊ ၃ အုပ်စု ရှိပါတယ်။ လုပ်စရာရှိတာ လုပ်နေကြတဲ့လူတွေစောင့်ကြည့်နေတဲ့လူတွေနဲ့ ဘာမှမလုပ်ကြတဲ့လူတွေဖြစ်ပါတယ်။

တာဝန်ကျေသူများ ၊ တာဝန်မကျေသူများ နဲ့ တာဝန် မသိသူများ ဖြစ်ပါတယ်။

တာဝန်ကျေကျေ နဲ့ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ လုပ်တဲ့လူတွေများလေ အောင်မြင်ဖို့အခွင့်အလမ်းပိုများလေဖြစ်ပေမယ့်

ဒီအထဲမှာ အရည်အချင်း/သစ္စာတရား/ ကျင့်ဝတ် စည်းကမ်းနဲ့အတွေးအခေါ်မြင့်မားသူတွေ ပါဝင်မှ တိုးတက်ထွန်းကားတဲ့
အခြေအနေကို ရောက်မှာပါ။

အရေးကြီးဆုံးပြင်စရာ တစ်ခုရှိပါတယ်။ ကိုယ့်စိတ်ကိုယ်အရင်ပြင်ကြဖို့ပါ။ ဘာမှမပေးဆပ်ရင် ဘာမှမလိုချင်ပါနဲ့။

တန်ဖိုးရှိတဲ့ အရာမှန်သမျှ အလကားတော့ မရနိုင်ဘူး မို့ပါ။

Credit Myat

Leave a Reply

Your email address will not be published. Required fields are marked *