တရုတ် နဲ့ အမေရိကန် မဟာမိတ် တွေ ဘယ်သူတွေက မြန်မာ့ အရေး အပေါ်မှာ အသာစီး ရသွား နိုင်မလဲ…?

Posted on

US ကပူးပေါင်းလုပ်တတ်တယ်၊

လုပ်တိုင်းမှာလည်း သူကတော့ ဆရာကြီးနေရာကနေလေ့ရှိတယ်ဆိုတာ နေတိုးတို့ ဘာတို့ကြည့်ရင်ရတယ်

သူဟာအဖွဲ့အစည်းတွေဖွဲ့ပြီး စုပေါင်းစားရိတ်နဲ့ ထကြွလာနိုင်သူတွေကိုနှိမ်နေကျဖြစ်ပါတယ်

စုပေါင်းစားရိတ်နဲ့ဆိုတော့ အကုန်အကျ သက်သာစေတယ်ပေါ့

သေသေချာချာလေ့လာကြည့်ရင် အမေရိကန်ဟာ တစ်ကိုယ်တော်လုပ်ခဲတယ်ဆိုတာကိုတွေ့နိုင်ပါတယ်

သေရေးရှင်ရေးဒါမှမဟုတ် အမြတ်သေချာတဲ့ ဂွင်ကောင်းတွေကလွဲလို့ စုပေါင်းလုပ်လေ့ရှိတယ်

တောင်တရုပ်ပင်လယ်မှာ တရုပ်တို့လူစွာလုပ်ပြီး ကြွလာချိန်မှာအမေရိကန်တို့ဟာ ထရမ့် လက်ထက်ကုန်သွယ်ရေးစစ်ပွဲ နဲ့လုံးပမ်းနေချိန်ဖြစ်နေခဲ့ရာကနေ သတိကြီးစွာထားလာပြီး အင်ဒိုပစိဖိတ်မူဝါဒကိုပြန်ကြွေးကြော်လာရပါတယ်

အင်ဒိုပစိဖိတ်ဟာဘယ်လောက်အရေးပါတယ်ဆိုတာကို အသားပေး ထုတ်ဖော်ရင်းနဲ့ ဒေသထဲက အာဆီယန်ကို ပြန်လုံးလာရပါတယ်

အာဆီယန်မှာ တရုပ်ရဲ့လက်တန်အတော်ဝင်မွှေထားပြီးသားဆိုတာကို သိတဲ့အခါ သူဟာ အာဆီယန်မဟုတ်တဲ့ ဒေသတွင်းက အင်အားကြီးနိုင်ငံတွေကို QUAD ဆိုတာနဲ့ သိမ်းသွင်းလာရင်း တရုပ်ကို ရင်ဆိုင်ဖို့လုပ်လာပါတယ်

ဟောင်ကောင်အရေး တိုင်ဝမ်အရေးတွေမှာ ထဲထဲဝင်ဝင်လုပ်ပေးတယ်

ကိုဗစ်ရောဂါကိုနိုင်ငံရေးလက်နက်အဖြစ်တန်ပြန်အသုံးချပြီး တိုင်ဝမ်ကို ပိုဆက်ဆံပြလာတယ်

ဝီဂါတွေကို မီးမောင်းထိုးပြပြီး ဥပဒေတွေ ဟောင်ကောင်ကို အားပေးရင်း ဥပဒေတွေ ထုတ်ပြတယ်

စစ်ရေးလှုပ်ရှားမှုတွေနဲ့လေ့ကျင့်ခန်းတွေ လုပ်ပြလာတယ် ဆိုတာဟာ တရုပ်တို့ကို ကိုယ်ရှိန်သတ်သွားစေပြီး သူတို့ရဲ့BRI ကိုရပ်တန့်စေဖို့စလိုက်တာပါပဲ

ကပ်ရောဂါကိုအကြောင်းပြုပြီး ဘယ်တုန်းကတည်းက ထုတ်ထားခဲ့ပြီးမှန်းမသိတဲ့ ကာကွယ်ဆေးနဲ့ နိုင်ငံတကာကို အမြတ်ထုတ်လွှမ်းမိုးဖို့ ကြံနေတဲ့တရုပ်ကိုလည်း QUAD ရဲ့အင်ဒိုပစိဖိတ် ဆေးလှူဒါန်းရေးမူချလိုက်ပြီး အလဲထိုးပြန်တယ်

စုပေါင်းထိုးနှက်ချက်တွေနဲ့ ပေါ့

အဲ့ဒိမှာမြန်မာပြည်က အရေးအခင်းကထပေါ်လာတာရှိနေပြန်တယ်

တရုပ်ဟာမြန်မာ့အရေးကို ပြည်တွင်းရေးလို့အသံကောင်းဟစ်ပြီး သူက ပွဲခင်းထဲနောက်ကနေ ဖင်နှိုက်နေတာကိုအများကသိနေတယ်

သူ့အကြံက အာဏာရှင်ကိုကြိုးကိုင်ဖို့ ကုလလိုနေရာမှာ ကူညီပြောဆိုပေးမယ်

သူမွေးထားတဲ့မြောက်ပိုင်းအဖွဲ့တွေကို ငြိမ်ခိုင်းထားမယ်

အာဆီယန်တရုပ်ဆက်ဆံရေး ပလက်ဖောင်းကနေတဆင့် သူကညှိပေးမယ်

အာဆီယန်အပေါ်မှာသူ့ရဲ့လွှမ်းမိုးမှုကို မြန်မာ့အရေးကနေတဆင့်အောင်မြေချဲ့ယူမယ်ဆိုတာမျိုးကြံတာမှာ

ကံဆိုးချင်တော့ မြန်မာ့အရေးမှာ အာဆီယန်ရဲ့အက်ကြောင်းကြီးကထွက်ပေါ်လာပါတော့တယ်

အာဆီယန်နိုင်ငံတွေဟာ ဘယ်လိုတွေလည်း ဆိုတာကြီးကပေါ်လာပါတယ်

တရုပ်တို့ရဲ့ ပြဿနာအဲ့ဒီမှာစတယ်

အာဏာရယူလိုက်မိတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသိအမှတ် ပြုခံရဖို့သေရေးရှင်ရေးဖြစ်လာနေပါတယ်

အာဏာရယူပြီးရက်ပေါင်း၄၀ကျော်တဲ့အထိ တရားဝင်အသိအမှတ်ပြုမခံရသေးတဲ့ အပြင် ပြည်တွင်းကလည်း ဆန္ဒပြမှုတွေဟာ လူတွေအများအပြားသေကျေလာတဲ့အထိ ပြင်းထန်နေလေတော့

အနောက်ကမ္ဘာကို ကူညီပြောပေးဆိုပေးဖို့ လော်ဘီအဖွဲ့ကိုငွေပေးပြီးငှားခဲ့လိုက်တယ်

ပြဿနာနောက်တခုက အဲ့ဒီလော်ဘီအဖွဲ့ရဲ့ပိုင်ရှင်ဂျူးလူမျိုးဟာ အမေရိကန်ပြည်ထောင်စုက Discredited ကြေညာခံထားရတဲ့သူဖြစ်နေပြီး

အဲ့ဒိလူရဲ့ အပြောအဆိုမလိမ္မာမှုကနေ ရိုက်တာသတင်းဌာနက အစစွဲထုတ်တာခံရပြီး တရုပ်နဲ့မနီးစပ်ချင်လို့ အမေရိကန်ကိုကပ်ချင်လို့ ပြောပေးရမှာဗျာ့ ဆိုတာကြီးက ပေါ်တင်ဖြစ်လာပါတယ်

နောက်တခါ မြန်မာ့သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူက တရုပ်ညှိပေးမယ်ဆိုတာလက်မခံဘူး

လမ်းပြမြေပုံရှိပြီးသားဆိုပြန်တာရယ် ထိုင်းနယ်နိမိတ်နဲ့ဆက်စပ်နေတဲ့ အဖွဲ့တွေက စုစည်းညီညွတ်ကြမယ်ဆိုတာတွေရယ်ကိုကြားတဲ့အခါ တရုပ်မီးခဲခုပြီး သူ့မွေးစားသားတွေကို ရွှေလီမှာစည်းဝေးမယ်

ဆွန်းကော်ရှန်ဆိုတဲ့ အာရှရေးရာသံတမန်နဲ့တွေ့မယ် ဆိုပြီး ဖြစ်လာတယ် ဒါပေသိ အဲ့ဒါမတိုင်ခင်ကတည်းက UWSA ဝခေါင်းဆောင်တွေကို ကူမင်းမှာထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းက ထွက်ထားပြီးသား ဖြစ်နေပြီး

မြန်မာ့အရေးအခင်းမှာ ဝခေါင်းဆောင်တွေဖက်က အသံလည်းတိတ်နေလေတော့ ပြည်တွင်းကသူ့မွေးစားသားတွေဟာ တရုပ်မြေပေါ်တော့မလာရဲဘူးဆိုပြီး ဖြစ်ကုန်ရာကနေ ခုတော့ Zoom ဇွမ်းမီတင်နဲ့လုပ်ဖို့အလျှော့ပေးထားရတယ်လို့ သိကြားထားရပါတယ်

တရုပ်ကိုမယုံဘူးဆိုတဲ့အသံကို ခုမှစကြားဖူးတာပါပဲ

သူတို့လည်း ဖယ်ဒရယ်ကိုလွတ်လွတ်လပ်လပ်မြည်းစမ်းချင်တယ်ဆိုတာမျိုးပေါ့ မြန်မာပြည်ကို သူ့ရဲ့ထီးရိပ်အောက် satellite country လိုသဘောထားပြီး ကစားလာခဲ့တဲ့ တရုပ်ဟာ အာဆီယန်ကိုလွှမ်းမိုးဖို့ခြေလှမ်း

မြန်မာပြည်ထဲက အရေးအခင်းကို မွေးစားသားတွေ အသုံးချပြီးကစားကွက်ဖော်ဖို့ ခြေလှမ်း

စေ့စပ်ညှိနှိုင်းရေးမှာဆရာကြီးလုပ်ပြီး မြန်မာနိုင်ငံ့အရေးမှ ာခေါင်းကိုင်ဖခင်လုပ်မယ့်ခြေလှမ်းတွေဟာ မရေရာတော့ပဲဖြစ်လာတဲ့ အပြင်

မြန်မာပြည်ထဲကတရုပ်ရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုပါ ခြိမ်းခြောက်ခံလာရနေပြီဖြစ်ပါတယ်

တရုပ်ဟာသူ့ရဲ့ကြွယ်ဝချမ်းသာလာမှုနဲ့အတူ နိုင်ငံတကာမှာ စိုးမိုးလိုတဲ့စိတ်တွေ ကမ္ဘာကိုလွှမ်းမိုးလိုစိတ်တွေ ကြောင့် ဓနအင်အားကိုအသုံးချပြီး တကိုယ်တော်လှုပ်ရှားလေ့ရှိသူပါ

ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် တွေမှာလည်းသူက ကင်ဆာဆဲလ်တွေလို ထိုးဖောက်ဖြန့်ကြက်ထားပြီးသားဆိုတာကို ကမ္ဘာကမသိချင်တောင်နေလို့မရတဲ့အထိဖြစ်လာအောင်ပါ ပဲ

မြန်မာ့အရေးမှာ အာဆီယန်ရဲ့အက်ကြောင်းကြီးကပိုထင်ရှားလာတာ

မြန်မာ့အရေးမှာ တရုပ်ရဲ့ဒေသတွင်းလွှမ်းမိုးလိုမှုခြေလှမ်းတွေဟန်ချက်ပျက်လာတာ

မြန်မာ့အရေးမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့တရုပ်အကြား သံသယတွေကြီးထွားလာတာ

မြန်မာ့အရေးမှာ ဖယ်ဒရယ်ရောင်ခြည်သမ်းလာတာ

မြန်မာ့အရေးမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖည်သွားနိုင်ခြေများလာနေတာ စတဲ့ပုံရိပ်တွေကိုကောင်းကောင်းအသုံးချလို့ရတယ် ဆိုတာကို အများကသိလာကြပါတယ်

တကယ်တော့မြန်မာ့အရေးဟာ စီးပွားရေး အကျိုးအမြတ်ထက် ဘယ်ဟာကပိုမက်လုံးရှိနေတယ်ဆိုတာကို သိနေကြပါပြီ

အဲ့သည်လိုအနေအထားမှာ ပြည်တွင်းက လူငယ်တွေ နဲ့ လူထုကြီးရဲ့ ဖော်ထုတ်ချက်တွေ စွန့်စားမှုတွေနဲ့အတူ ပြည်ပရောက်အင်အားစုတွေ ကလည်း ဖိအားပေးလာတဲ့အခါ

အစည်းအဝေးတိုင်းမှာမြန်မာအကြောင်းပါနေတယ်

ခေါင်းကြီးပိုင်းတွေမှာ မြန်မာအကြောင်းပါနေတယ်

သုံးသပ်ဆွေးနွေးပွဲတွေမှာ မြန်မာ့အကြောင်းပါနေပါတော့တယ်

ဒီတော့အမေရိကန်တို့ဟာ သူ့ရဲ့မဟာမိတ်တွေနဲ့ ဖိအားပေးမယ်လို့ သမ္မတဘိုင်ဒင် ပြောထားတဲ့အတိုင်း QUAD ကနေတဆင့်စကားဦးသန်းတာတွေဖြစ်လာပါတယ်

အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ မြန်မာ့ အရေးကို

တရုတ်အရေး

အာဆီယန်အရေး

အရှေ့တောင်အာရှအရေး

အင်ဒိုပစိဖိတ်အရေး

ဒီမိုကရေစီ အရေးလို့ သတ်မှတ် ထားပြီဆိုတာကို

QUAD အစည်းအဝေးရဲ့ ရလဒ် တွေကနေသိနိုင်ပါတယ်

သူတို့ကတော့ teamwork နဲ့လာပါမယ်လို့ ကတိ ပြုကြပါတယ်

တရုပ်ကတော့ ရွှေလီအော်ပရာနဲ့ ထုံးစံအတိုင်း တကိုယ်တော်ကဖို့ ဇာတ်ညွှန်းစနေပါပြီ

တရုပ်နဲ့ အမေရိကန်မဟာမိတ်တွေ ဘယ်သူတွေကမြန်မာ့အရေးအပေါ်မှာအကဲသာ အရးသာမှု ရသွားနိုင်သလဲ

Single နဲ့ Group fight ပေါ့

crd_pi lon

Leave a Reply

Your email address will not be published. Required fields are marked *