တရုတ်နိုင်ငံက သတင်း ဌာနတွေ နဲ့ လူမှုကွန်ယက်မှာ ဟိုးလေး တကျော်ကျော် ဖြစ်နေပြီး တရုတ်ပရိသတ်တွေ အာရုံစိုက်ခြင် းခံနေရတဲ့ ပိုင်တံခွန်

Posted on

မင်းသားချော ပိုင်တံခွန်ကတော့ ရှည်လျားတဲ့ အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင် တည်ကြည်လွန်းတာမို့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို သာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေ ဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားပြီး ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်အောင်မြင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကသိတဲ့ မြန်မာမင်းသားအဖြစ် နိုင်ငံ့ဂုဏ်ကို ထမ်းဆောင်နိုင်ခဲ့တဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း မြန်မာ ပရိသတ်တွေ ဂုဏ်ယူစရာအကြောင်းအရာတစ်ခုကို သယ်ဆောင်လာပြန်ပါပြီ။

ပိုင်တံခွန်က တရုတ်နိုင်ငံ ရုပ်မြင်သံကြား သတင်းဌာနတွေမှာ အဆက်မပြတ် ဖော်ပြခြင်းခံနေရပြီး တရုတ် လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Weibo မှာ Hot Search ထဲ Hot Search နေရာကနေ ဦးဆောင်နေပြီး ဝင်ရောက်ကြည့်ရှုသူ သိန်းနဲ့ချီပြီး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံလို နေရာမျိုးမှာ တရုတ်ပရိသတ်တွေက အားပေးရင် အင်တိုင်အားတိုက်ကို အားပေးကြတာမို့ မြန်မာပရိသတ်တွေ ကတော့ ပိုင်တံခွန်ကို တရုတ်နိုင်ငံနဲ့ ထိတွေ့နိုင်ဖို့ Fan Site နဲ့ Weibo အကောင့်ဖွင့်ဖို့ လိုလားနေကြတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ အမိုက်စားဓာတ်ပုံတွေကြောင့်သာမကပဲ ရဟန်းဝတ်နဲ့ဓာတ်ပုံနဲ့လည်း နိုင်ငံတကာ ပရိသတ်တွေကို အာရုံစိုက်စေ ခဲ့တာဖြစ်ပြီး Weibo မှာ Hot Search Hot Search (19) ရောက်ရှိနေတဲ့ hashtagက “ခန့်တဲ့မြန်မာဘုန်းကြီး” ဆိုပြီး လူရှာဖွေမှုများပြားနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် တရုတ်နိုင်ငံထိ ထိုးဖောက်အောင်မြင်တာ ကိုယ့်နိုင်ငံက မင်းသားအတွက် ဝမ်းသာဂုဏ်ယူစရာကောင်းသလို ပိုင်တံခွန်လည်း တရုတ်နိုင်ငံတွေထိ အနုပညာအလုပ်တွေ ခြေဆန့်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

crd

Leave a Reply

Your email address will not be published. Required fields are marked *