တရုတ်ကို အနိုင်ကျင့်သူ တစ်ယောက် လို့ အိမ်နီးချင်း နိုင်ငံများက အထင်မှားနေခြင်း မှာ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ဟု ရှီကျင့်ဖျင် ပြော

Posted on

တရုတ်ကို သူတို့အပေါ်အနိုင်ကျင့်သူတစ်ယောက်လို အိမ်နီး ချင်းနိုင်ငံများ က အထင်မှားနေခြင်းမှာ ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ဟု ရှီကျင့်ဖျင်ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာရှ-ပစိဖိတ်ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေ က တရုတ်ကို သူတို့အပေါ် အနိုင်ကျင့်နေသူတစ်ယောက်လို့ ထင်မြင်ယူဆပြီး စွပ်စွဲပြောဆိုလာတာတွေဟာ ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်က မျှတမှု ရှိဖို့ လိုအပ်လာပြီလို့ တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

အာရှရေးရာနှစ်ပတ်လည် (Boao) ဖိုရမ် အစည်းအဝေးမှာ သမ္မတ ရှီကျင့်ဖျင်က အခုကိစ္စကို အလေး အနက်ထား ဆွေးနွေးသွားခဲ့တာဖြစ်ပြီး အစည်းအဝေးတက်ရောက်လာသူတွေကို ရှီကျင့်ဖျင်က ဒီကနေ့ ကမ္ဘာကြီး လိုအပ်နေတာဟာ တရားမျှတမှုသာဖြစ်ကြောင်း၊ ကြီးစိုးခြယ်လှယ်မှု မဟုတ်ကြောင်းလည်း အသိပေး သွားခဲ့ပါတယ်။

တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်ရောက် စွတ်ဖက်တာဟာ ဘယ်သူ့ဆီကမှ ထောက်ခံမှုမရနိုင်တဲ့လုပ်ရပ်မျိုးသာဖြစ်တယ်လို့လည်း သမ္မတ ရှီကျင့်ဖျင်က အကျယ်တဝင့် ပြောကြားသွားခဲ့ပြီး အခုဖိုရမ်အစည်းအဝေးကို ဒါးဗို့စ်ဆွေးနွေးပွဲအတွက် အာရှဘက်က ဘယ်လို အနေအထားရှိတယ်ဆိုတာ နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်တွေ တက်ရောက်စုရုံး အဖြေရှာဖို့ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ကမ္ဘာ့အရေးကိစ္စတွေကို နိုင်ငံအနည်းငယ်ကသာ ဆုံးဖြတ်နေတာ ကလည်း မဖြစ်သင့်ဘူးလို့ ရှီကျင့်ဖျင်က မှတ်ချက်ပေးသွားခဲ့ပြီး ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံ နှစ်နိုင်ငံအဖြစ် ရပ်တည်လာချိန်မှာ အမေရိကန်ကနေပြီး တစ်ဖက်လှည့်နဲ့ ထိုးနှက်မှုတွေ လုပ်ဆောင်နေပြီ လို့ သု့အနေနဲ့ ရှုမြင်ကြောင်းလည်း သမ္မတ ရှီကျင့်ဖျင်က အသိပေး သွားခဲ့ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Reuters

zawgyi

တ႐ုတ္ကို သူတို႔အေပၚအႏိုင္က်င့္သူတစ္ေယာက္လို အိမ္နီး ခ်င္းႏိုင္ငံမ်ား က အထင္မွားေနျခင္းမွာ ေကာင္းမြန္တဲ့ လကၡဏာမဟုတ္ဟု ရွီက်င့္ဖ်င္ေျပာ

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ အာရွ-ပစိဖိတ္ေဒသတြင္း အိမ္နီးခ်င္း ႏိုင္ငံေတြ က တ႐ုတ္ကို သူတို႔အေပၚ အႏိုင္က်င့္ေနသူတစ္ေယာက္လို႔ ထင္ျမင္ယူဆၿပီး စြပ္စြဲေျပာဆိုလာတာေတြဟာ ေကာင္းမြန္တဲ့လကၡဏာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ၿပီး ကမာၻလုံးဆိုင္ရာ အုပ္ခ်ဳပ္ေရးစနစ္က မွ်တမႈ ရွိဖို႔ လိုအပ္လာၿပီလို႔ တိုက္တြန္းသြားခဲ့ေၾကာင္း သိရွိရပါတယ္။

အာရွေရးရာႏွစ္ပတ္လည္ (Boao) ဖိုရမ္ အစည္းအေဝးမွာ သမၼတ ရွီက်င့္ဖ်င္က အခုကိစၥကို အေလး အနက္ထား ေဆြးေႏြးသြားခဲ့တာျဖစ္ၿပီး အစည္းအေဝးတက္ေရာက္လာသူေတြကို ရွီက်င့္ဖ်င္က ဒီကေန႔ ကမာၻႀကီး လိုအပ္ေနတာဟာ တရားမွ်တမႈသာျဖစ္ေၾကာင္း၊ ႀကီးစိုးျခယ္လွယ္မႈ မဟုတ္ေၾကာင္းလည္း အသိေပး သြားခဲ့ပါတယ္။

တျခားႏိုင္ငံေတြရဲ႕ျပည္တြင္းေရးကို ဝင္ေရာက္ စြတ္ဖက္တာဟာ ဘယ္သူ႔ဆီကမွ ေထာက္ခံမႈမရႏိုင္တဲ့လုပ္ရပ္မ်ိဳးသာျဖစ္တယ္လို႔လည္း သမၼတ ရွီက်င့္ဖ်င္က အက်ယ္တဝင့္ ေျပာၾကားသြားခဲ့ၿပီး အခုဖိုရမ္အစည္းအေဝးကို ဒါးဗို႔စ္ေဆြးေႏြးပြဲအတြက္ အာရွဘက္က ဘယ္လို အေနအထားရွိတယ္ဆိုတာ ႏိုင္ငံေရးနဲ႔ စီးပြားေရး ေခါင္းေဆာင္ေတြ တက္ေရာက္စု႐ုံး အေျဖရွာဖို႔ က်င္းပခဲ့တာပဲျဖစ္ပါတယ္။

ကမာၻ႔အေရးကိစၥေတြကို ႏိုင္ငံအနည္းငယ္ကသာ ဆုံးျဖတ္ေနတာ ကလည္း မျဖစ္သင့္ဘူးလို႔ ရွီက်င့္ဖ်င္က မွတ္ခ်က္ေပးသြားခဲ့ၿပီး ကမာၻ႔အင္အားႀကီး စီးပြားေရးႏိုင္ငံ ႏွစ္ႏိုင္ငံအျဖစ္ ရပ္တည္လာခ်ိန္မွာ အေမရိကန္ကေနၿပီး တစ္ဖက္လွည့္နဲ႔ ထိုးႏွက္မႈေတြ လုပ္ေဆာင္ေနၿပီ လို႔ သု႔အေနနဲ႔ ရႈျမင္ေၾကာင္းလည္း သမၼတ ရွီက်င့္ဖ်င္က အသိေပး သြားခဲ့ပါတယ္။

သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္
ကိုးကား – Reuters

Leave a Reply

Your email address will not be published. Required fields are marked *