တပ် မတော် အာဏာ သိမ်း ပြီး နောက် (2) ပတ်တာ ကာလ အတွင်း အဖြစ် အပျက်များ …

Posted on

ဖေဖော်ဝါရီလ 1 ရက်နေ့ ။ ။ နံနက် အစောပိုင်းမှစ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော် အရေးပေါ်ကာလ 1 နှစ်အထိ ကြေညာခဲ့ပြီး နိုင်ငံတော် အာဏာကို လွှဲပြောင်းယူခဲ့ကြောင်း ကြေညာချက် ထုတ်ခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့ အပါအဝင် NLD ပါတီ မှ အကြီးတန်း ခေါင်းဆောင် များကို ပါ ထိန်းသိမ်းထားရှိပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Myanmar’s military checkpoint is seen on the way to the congress compound in Naypyitaw, Myanmar, February 1, 2021. REUTERS/Stringer
၎င်းနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခြင် းမခံရခင် အချိန်တုန် းက ရေးသားခဲ့သ ည်ဟု ဆိုသော စစ်အာဏာသိမ်းမှုကို တုံ့ပြန်ဆန္ဒပြရန် တိုက်တွန်းနိုးဆော်သည့် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်မပါသော စာတစောင်ကို NLD ပါတီဘက်က ထုတ်ဖော်ပြသခဲ့သည်။

စစ်အာဏာသိမ်းလိုက်သည့် ပထမနေ့၌ပင် NLD ပါတီ မှ ဝန်ကြီးများနှင့် ဒုဝန်ကြီးများ စုစုပေါင်း 24 ဦးတို့ဟာ ရာထူးမှ ဖယ်ရှားခံရပြီး အသစ် 11 ဦးကို အစားထိုးခန့်အပ်မှုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ 2 ရက်နေ့ ။ ။ ရွေးကောက်ပွဲမဲရလာဒ် မသမာမှု ရှိသည်ဟု အကြောင်း ပြု၍ အာဏာ လွှဲပြောင်းယူခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏ အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ဝင်များအား ပထမဆုံးအကြိမ်တွေ့ဆုံ၍ အစည်းအဝေးကျင်းပခဲ့သည်။

ရန်ကုန်မြို့တော်နှင့် အနီးတဝိုက်တွင် တပ်မတော်မှ အာဏာသိမ်းမှုကို လက်သင့် မခံကြောင်းကို ကားဟွန်းမျာ းတီး၍ သော်လည်းကောင်း၊ သံပုံးတီး၍ သော်လည်းကောင်း ဆန္ဒထုတ်ဖော်ပြသမှုများ စတင်ခဲ့သည်။

မြန်မာစစ်တပ်က ပိုင်သည့် TV ရုပ်သံလိုင်း၏ Page ကို Facebook က ဖယ်ရှားခဲ့သည်။

ဖေဖော်ဝါရီလ 3 ရက်နေ့ ။ ။ ဆေးရုံများနှင့် ကျန်းမာရေး ဌာနများ စုစုပေါင်း 70 တို့မှ ကျန်းမာရေး ဝန်ထမ်းများက အလုပ်ဆက်မလုပ်သည့် လှုံ့ဆော်မှုများ လုပ်ခဲ့ကြပြီး ဖဲကြိုးနီများတပ်ဆင်ကာ ဆန္ဒပြခဲ့ကြသည်။

နိုင်ငံတဝန်း၌ ရှိသော NLD ပါတီရုံး တော်တော် များများတို့၌ စာရွက်စာတမ်းများ၊ လက်ပ်တော့များ၊ ကွန်ပျူတာများ တို့ကို ဝင်ရောက်ရှာဖွေခံရမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီလ 15 ရက်နေ့ အထိ ထိန်းသိမ်းထားပြီး ၎င်းကာလအတွင်းမှာ ရဲတပ်ဖွဲ့များက အချက်အလက်များရှာဖွေခဲ့ကြသည်။

ရဲများ၏ ရှာဖွေတွေ့ရှိချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သွင်းကုန်ဉပဒေအရ တရားဝင်အသုံးပြုခွင့်မရှိထားသေးသော စကားပြောစက် ရေဒီယို 6 လုံးကို သုံးကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး သွင်းကုန်ဉပဒေဖြင့် တရားစွဲဆိုခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုလည်း Coronavirus ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ချမှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဉပဒေဖြင့် တရားစွဲဆိုခဲ့သည်။

စစ်အစိုးရသစ်က Facebook, Messenger, WhatsApp အသုံးပြုမှု ကိုလည်း တားမြစ်ကြောင်း အမိန့်ထုတ်ခဲ့သည်။

ဖေဖော်ဝါရီလ 4 ရက်နေ့ ။ ။ မန္တလေးမြို့၌ ပထမဦးဆုံးအကြိမ် လမ်းမပေါ်ထွက်၌ လူထုဆန္ဒပြမှုများ စတင် ခဲ့သည်။

လူအုပ်လှိုင်းကြီးများ ချီတက်ဆန္ဒပြခဲ့ကြပြီး အနည်းဆုံးလူ 3 ဦး ရဲ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

တပ်မတော်မှ ထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များ အားလုံးကို လွှတ်ပေးရန် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (UN) မှ တောင်းဆိုခဲ့ပြီး ဆန္ဒပြမှုများဖြစ်ပေါ်စေမှုကိုလည်း ဝေဖန်ရှုပ်ချမှုများ ရှိလာခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပထမဦးဆုံးအကြိမ် မြန်မာ့အရေးအပေါ် တုံ့ပြန်မှု ရှိလာခဲ့ပြီး တပ်မတော်မှ ဖမ်းထားသည့်ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန် နှင့် တပ်မတော်က လက်ရှိရယူထားသည့် နိုင်ငံတော်အာဏာကို စွန့်လွှတ်ရမည်ဟုသတိပေးပြောကြားခဲ့သည်။

NLD ပါတီမှ အကြီးအကဲဖြစ်သူ ဦးဝင်းထိန် (အသက် 79 နှစ်) သည်လည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖေဖော်ဝါရီလ 5 ရက်နေ့ ။ ။ ကျောင်းဆရာ၊ ဆရာမများ နှင့် အခြားသော အစိုးရ ဝန်ထမ်းများတို့သည်လည်း ရွေးကောက်ခံအစိုးရ ပြန်တက်လာသည့်နေ့ မရောက်ခင်ကာလမှာ အလုပ်မလုပ်၊ ရုံးမတက်ခြင်းဖြင့် ဆန္ဒပြမှုများ (Civil Disobedience Movement – CDM) ပြုလုပ်လာခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက သမ္မတဦးဝင်းမြင့်နှင့် ဒေါ်‎အောင်ဆန်းစုကြည်တို့ကို တွေ့ခွင့်မရခဲ့သေးပေ။

ချက်ချင်းပြန်လွှတ်ပေးဖို့တော့ တောင်းဆိုမှုများ လုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံမှ အချိုရည်လုပ်ငန်း ကုမ္ပဏီ Kirin Holdings က မြန်မာစစ်တပ်နှင့် ဆက်နွှယ်မှုရှိသော Myanmar Economic Holdings Public Company (MEHL) နှင့် တွဲဖက်လုပ်ငန်းများလုပ်ဆောင်ခြင်းကို ရပ်စဲခဲ့သည်။

ဖေဖော်ဝါရီလ 6 ရက်နေ့ ။ ။ ဆန္ဒပြသူတွေဟာ Twitter နှင့် Instagram တို့၌လည်း သတင်း အချက်အလက်များကို ဖြန့်ဝေမှုများရှိလာခြင်းကြောင့် ၎င်း App များအသုံးပြုခြင်းကိုလည်း တားမြစ်ကြောင်း အမိန့်ထုတ်ခဲ့ပြန်သည်။

တဆက်တည်းမှာပင် ပြည်တွင်းအင်တာနက် အသုံးပြုမှုကို ပိတ်ထားဖို့ပါ အမိန့်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ နှင့် အခြားသော မြို့များတွင် သောင်းချီသော လူများ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။

ဖေဖော်ဝါရီလ 7 ရက်နေ့ ။ ။ လမ်းပေါ်ထွက်ဆန္ဒပြသူဦးရေ ပိုမိုတိုး များ လာခဲ့ပြီး 2007 ခုနှစ်တုန်းက ဖြစ်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် လူထုအုံကြွမှုအများဆုံး ဆန္ဒပြမှုကြီးဖြစ်ခဲ့သည်။

အင်တာနက်လိုင်းများ ပြန်ပွင့်သွားသော်လည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်း များ အသုံးပြုခွင့်ကတော့ တားမြစ်ထားဆဲဖြစ်သည်။

ဖေဖော်ဝါရီလ 9 ရက်နေ့ ။ ။ နေပြည်တော်၌ ဆန္ဒပြသူများကို ရေဖျန်းကားများ၊ ရာဘာကျည်များ အသုံးပြု၍ ဖြိုခွင်းခဲ့သည်။

အမျိုးသမီးငယ်တဦး ခေါင်းကို ကျည်ဆံထိမှန်ခဲ့ပြီး ဆရာဝန်များက အသက်ရှင်ဖို့ရန် ရာခိုင်နုန်းအလွန်နည်းကြောင်း သုံးသပ်ခဲ့ကြသည်။

ဖေဖော်ဝါရီလ 11 ရက်နေ့ ။ ။ အမေရိကန်က မြန်မာ ထိပ်သီးပိုင်း စစ်ဗိုလ်ချုပ်များနှင့် ဆက်နွှယ်သူများတို့ကို sanction လုပ်ကြောင်း စာရင်းထုတ်ခဲ့ပြီး မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ပြစ်ဒဏ်များ ချမှတ်ရန် သတိပေးမှုများ ရှိလာခဲ့သည်။

ဖေဖော်ဝါရီလ 12 ရက်နေ့ ။ ။ ဒီမိုကရေစီလိုလားသူ လူပေါင်း သိန်းချီပြီး ဆန္ဒပြမှုတွင် ပါဝင်လာခဲ့ကြသည်။

ရဲများက ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ပြီး လူအုပ်ကို ဖြိုခွင်းမှုများလုပ်ခဲ့ရာ 3 ဦး ဒဏ်ရာ ရရှိခဲ့သည်။

Facebook က မြန်မာစစ်တပ်၏ သတင်းမှားဖြန့်ဝေမှုများ ရှိလာ သည်ဟု ဆိုပြီး မြန်မာစစ်တပ်၏ သတင်းအချက်အလက်ဖြန့်ဝေမှုများကို ဖြတ်ချပစ်တော့မည်ဟု ဆိုခဲ့သည်။

ဖေဖော်ဝါရီလ 13 ရက်နေ့ ။ ။ အာဏာပိုင် များဟာ ညမထွက်ရ လုံခြုံရေးဉပဒေထုတ်လိုက်ပြီးနောက် ဆန္ဒပြမှုတွင် ထိပ်ဆုံးကပါသူများ၊ ဆန္ဒပြမှုကြီးများဖြစ်အောင် နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်သူများကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးမှုများ လုပ်လာခဲ့သည်။

ဖေဖော်ဝါရီလ 14 ရက်နေ့ ။ ။ CDM လုပ်မှုများ ဟာ အရှိန်အဟုန်မြင့်တက်လာခဲ့ပြီး လေကြောင်းလိုင်းများ၊ မီးရထားလိုင်းများ ဖြင့် ခရီးသွားလာမှုများ ရပ်တန့်သွားခဲ့သည်။ ရဲများက ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းမှုများလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ 15 ရက်နေ့ ။ ။ သံချပ်ကာ စစ်ကားများ မြို့ကြီးများ အတွင်း တပ်ဖြန့်မှုများ ရှိလာခဲ့သည်။

ပြင်ဆင်ဖြည့်စွက်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်အား ရမန်ချုပ်ရက် ပြည့်သွား သော်လည်း နောက်ထပ် 2 ရက်တိုးပြီး ဖေဖော်ဝါရီလ 17 ရက်နေ့မှ ရုံးထုတ်စစ်ဆေးမှုလုပ်ရန် ကြေညာချက်ထုတ်ခဲ့သည်။

ရိုက်တာ သတင်းဆောင်းပါးကို ဘာသာပြ န်ဆိုထားခြင်းဖြစ်ပါသည်။

CRD_NangKhamThiriOo

zawgyi

ေဖေဖာ္ဝါရီလ 1 ရက္ေန႔ ။ ။ နံနက္ အေစာပိုင္းမွစ၍ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ႏိုင္ငံေတာ္ အေရးေပၚကာလ 1 ႏွစ္အထိ ေၾကညာခဲ့ၿပီး ႏိုင္ငံေတာ္ အာဏာကို လႊဲေျပာင္းယူခဲ့ေၾကာင္း ေၾကညာခ်က္ ထုတ္ခဲ့သည္။

လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ တို႔ အပါအဝင္ NLD ပါတီ မွ အႀကီးတန္း ေခါင္းေဆာင္ မ်ားကို ပါ ထိန္းသိမ္းထားရွိၿပီး ျဖစ္ေၾကာင္း ေၾကညာခဲ့ပါသည္။

Myanmar’s military checkpoint is seen on the way to the congress compound in Naypyitaw, Myanmar, February 1, 2021. REUTERS/Stringer
၎ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ ဖမ္းဆီးျခင္ းမခံရခင္ အခ်ိန္တုန္ းက ေရးသားခဲ့သ ည္ဟု ဆိုေသာ စစ္အာဏာသိမ္းမႈကို တုံ႔ျပန္ဆႏၵျပရန္ တိုက္တြန္းႏိုးေဆာ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ လက္မွတ္မပါေသာ စာတေစာင္ကို NLD ပါတီဘက္က ထုတ္ေဖာ္ျပသခဲ့သည္။

စစ္အာဏာသိမ္းလိုက္သည့္ ပထမေန႔၌ပင္ NLD ပါတီ မွ ဝန္ႀကီးမ်ားႏွင့္ ဒုဝန္ႀကီးမ်ား စုစုေပါင္း 24 ဦးတို႔ဟာ ရာထူးမွ ဖယ္ရွားခံရၿပီး အသစ္ 11 ဦးကို အစားထိုးခန႔္အပ္မႈလုပ္ခဲ့သည္။

ေဖေဖာ္ဝါရီလ 2 ရက္ေန႔ ။ ။ ေ႐ြးေကာက္ပြဲမဲရလာဒ္ မသမာမႈ ရွိသည္ဟု အေၾကာင္း ျပဳ၍ အာဏာ လႊဲေျပာင္းယူခဲ့ၿပီးေနာက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သူ၏ အသစ္ဖြဲ႕စည္းထားေသာ အစိုးရအဖြဲ႕ဝင္မ်ားအား ပထမဆုံးအႀကိမ္ေတြ႕ဆုံ၍ အစည္းအေဝးက်င္းပခဲ့သည္။

ရန္ကုန္ၿမိဳ႕ေတာ္ႏွင့္ အနီးတဝိုက္တြင္ တပ္မေတာ္မွ အာဏာသိမ္းမႈကို လက္သင့္ မခံေၾကာင္းကို ကားဟြန္းမ်ာ းတီး၍ ေသာ္လည္းေကာင္း၊ သံပုံးတီး၍ ေသာ္လည္းေကာင္း ဆႏၵထုတ္ေဖာ္ျပသမႈမ်ား စတင္ခဲ့သည္။

ျမန္မာစစ္တပ္က ပိုင္သည့္ TV ႐ုပ္သံလိုင္း၏ Page ကို Facebook က ဖယ္ရွားခဲ့သည္။

ေဖေဖာ္ဝါရီလ 3 ရက္ေန႔ ။ ။ ေဆး႐ုံမ်ားႏွင့္ က်န္းမာေရး ဌာနမ်ား စုစုေပါင္း 70 တို႔မွ က်န္းမာေရး ဝန္ထမ္းမ်ားက အလုပ္ဆက္မလုပ္သည့္ လႈံ႕ေဆာ္မႈမ်ား လုပ္ခဲ့ၾကၿပီး ဖဲႀကိဳးနီမ်ားတပ္ဆင္ကာ ဆႏၵျပခဲ့ၾကသည္။

ႏိုင္ငံတဝန္း၌ ရွိေသာ NLD ပါတီ႐ုံး ေတာ္ေတာ္ မ်ားမ်ားတို႔၌ စာ႐ြက္စာတမ္းမ်ား၊ လက္ပ္ေတာ့မ်ား၊ ကြန္ပ်ဴတာမ်ား တို႔ကို ဝင္ေရာက္ရွာေဖြခံရမႈမ်ားရွိခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္အား ေဖေဖာ္ဝါရီလ 15 ရက္ေန႔ အထိ ထိန္းသိမ္းထားၿပီး ၎ကာလအတြင္းမွာ ရဲတပ္ဖြဲ႕မ်ားက အခ်က္အလက္မ်ားရွာေဖြခဲ့ၾကသည္။

ရဲမ်ား၏ ရွာေဖြေတြ႕ရွိခ်က္အရ ေဒၚေအာင္ဆန္းစုၾကည္ဟာ သြင္းကုန္ဉပေဒအရ တရားဝင္အသုံးျပဳခြင့္မရွိထားေသးေသာ စကားေျပာစက္ ေရဒီယို 6 လုံးကို သုံးေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီး သြင္းကုန္ဉပေဒျဖင့္ တရားစြဲဆိုခဲ့သည္။

ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ကိုလည္း Coronavirus ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ဖို႔ခ်မွတ္ထားသည့္ စည္းကမ္းမ်ားကို ခ်ိဳးေဖာက္သည္ဟု စြပ္စြဲၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဉပေဒျဖင့္ တရားစြဲဆိုခဲ့သည္။

စစ္အစိုးရသစ္က Facebook, Messenger, WhatsApp အသုံးျပဳမႈ ကိုလည္း တားျမစ္ေၾကာင္း အမိန႔္ထုတ္ခဲ့သည္။

ေဖေဖာ္ဝါရီလ 4 ရက္ေန႔ ။ ။ မႏၲေလးၿမိဳ႕၌ ပထမဦးဆုံးအႀကိမ္ လမ္းမေပၚထြက္၌ လူထုဆႏၵျပမႈမ်ား စတင္ ခဲ့သည္။

လူအုပ္လႈိင္းႀကီးမ်ား ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး အနည္းဆုံးလူ 3 ဦး ရဲ ဖမ္းဆီးျခင္း ခံခဲ့ရသည္။

တပ္မေတာ္မွ ထိန္းသိမ္းထားေသာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေခါင္းေဆာင္မ်ား အားလုံးကို လႊတ္ေပးရန္ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ (UN) မွ ေတာင္းဆိုခဲ့ၿပီး ဆႏၵျပမႈမ်ားျဖစ္ေပၚေစမႈကိုလည္း ေဝဖန္ရႈပ္ခ်မႈမ်ား ရွိလာခဲ့သည္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ပထမဦးဆုံးအႀကိမ္ ျမန္မာ့အေရးအေပၚ တုံ႔ျပန္မႈ ရွိလာခဲ့ၿပီး တပ္မေတာ္မွ ဖမ္းထားသည့္ေခါင္းေဆာင္မ်ားကို ခ်က္ခ်င္းလႊတ္ေပးရန္ ႏွင့္ တပ္မေတာ္က လက္ရွိရယူထားသည့္ ႏိုင္ငံေတာ္အာဏာကို စြန႔္လႊတ္ရမည္ဟုသတိေပးေျပာၾကားခဲ့သည္။

NLD ပါတီမွ အႀကီးအကဲျဖစ္သူ ဦးဝင္းထိန္ (အသက္ 79 ႏွစ္) သည္လည္း ဖမ္းဆီးျခင္းခံခဲ့ရသည္။

ေဖေဖာ္ဝါရီလ 5 ရက္ေန႔ ။ ။ ေက်ာင္းဆရာ၊ ဆရာမမ်ား ႏွင့္ အျခားေသာ အစိုးရ ဝန္ထမ္းမ်ားတို႔သည္လည္း ေ႐ြးေကာက္ခံအစိုးရ ျပန္တက္လာသည့္ေန႔ မေရာက္ခင္ကာလမွာ အလုပ္မလုပ္၊ ႐ုံးမတက္ျခင္းျဖင့္ ဆႏၵျပမႈမ်ား (Civil Disobedience Movement – CDM) ျပဳလုပ္လာခဲ့ၾကသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနက သမၼတဦးဝင္းျမင့္ႏွင့္ ေဒၚ‎ေအာင္ဆန္းစုၾကည္တို႔ကို ေတြ႕ခြင့္မရခဲ့ေသးေပ။

ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ေတာ့ ေတာင္းဆိုမႈမ်ား လုပ္ခဲ့ပါသည္။ ဂ်ပန္ႏိုင္ငံမွ အခ်ိဳရည္လုပ္ငန္း ကုမၸဏီ Kirin Holdings က ျမန္မာစစ္တပ္ႏွင့္ ဆက္ႏႊယ္မႈရွိေသာ Myanmar Economic Holdings Public Company (MEHL) ႏွင့္ တြဲဖက္လုပ္ငန္းမ်ားလုပ္ေဆာင္ျခင္းကို ရပ္စဲခဲ့သည္။

ေဖေဖာ္ဝါရီလ 6 ရက္ေန႔ ။ ။ ဆႏၵျပသူေတြဟာ Twitter ႏွင့္ Instagram တို႔၌လည္း သတင္း အခ်က္အလက္မ်ားကို ျဖန႔္ေဝမႈမ်ားရွိလာျခင္းေၾကာင့္ ၎ App မ်ားအသုံးျပဳျခင္းကိုလည္း တားျမစ္ေၾကာင္း အမိန႔္ထုတ္ခဲ့ျပန္သည္။

တဆက္တည္းမွာပင္ ျပည္တြင္းအင္တာနက္ အသုံးျပဳမႈကို ပိတ္ထားဖို႔ပါ အမိန႔္ထုတ္ျပန္ခဲ့သည္။

ရန္ကုန္ၿမိဳ႕ ႏွင့္ အျခားေသာ ၿမိဳ႕မ်ားတြင္ ေသာင္းခ်ီေသာ လူမ်ား လမ္းေပၚထြက္၍ ဆႏၵျပခဲ့ၾကသည္။

ေဖေဖာ္ဝါရီလ 7 ရက္ေန႔ ။ ။ လမ္းေပၚထြက္ဆႏၵျပသူဦးေရ ပိုမိုတိုး မ်ား လာခဲ့ၿပီး 2007 ခုႏွစ္တုန္းက ျဖစ္ခဲ့သည့္ ေ႐ႊဝါေရာင္ ေတာ္လွန္ေရး ေနာက္ပိုင္းတြင္ လူထုအုံႂကြမႈအမ်ားဆုံး ဆႏၵျပမႈႀကီးျဖစ္ခဲ့သည္။

အင္တာနက္လိုင္းမ်ား ျပန္ပြင့္သြားေသာ္လည္း ဆိုရွယ္မီဒီယာ ပလက္ေဖာင္း မ်ား အသုံးျပဳခြင့္ကေတာ့ တားျမစ္ထားဆဲျဖစ္သည္။

ေဖေဖာ္ဝါရီလ 9 ရက္ေန႔ ။ ။ ေနျပည္ေတာ္၌ ဆႏၵျပသူမ်ားကို ေရဖ်န္းကားမ်ား၊ ရာဘာက်ည္မ်ား အသုံးျပဳ၍ ၿဖိဳခြင္းခဲ့သည္။

အမ်ိဳးသမီးငယ္တဦး ေခါင္းကို က်ည္ဆံထိမွန္ခဲ့ၿပီး ဆရာဝန္မ်ားက အသက္ရွင္ဖို႔ရန္ ရာခိုင္ႏုန္းအလြန္နည္းေၾကာင္း သုံးသပ္ခဲ့ၾကသည္။

ေဖေဖာ္ဝါရီလ 11 ရက္ေန႔ ။ ။ အေမရိကန္က ျမန္မာ ထိပ္သီးပိုင္း စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ဆက္ႏႊယ္သူမ်ားတို႔ကို sanction လုပ္ေၾကာင္း စာရင္းထုတ္ခဲ့ၿပီး ျမန္မာႏိုင္ငံကို စီးပြားေရးပိတ္ဆို႔မႈ ျပစ္ဒဏ္မ်ား ခ်မွတ္ရန္ သတိေပးမႈမ်ား ရွိလာခဲ့သည္။

ေဖေဖာ္ဝါရီလ 12 ရက္ေန႔ ။ ။ ဒီမိုကေရစီလိုလားသူ လူေပါင္း သိန္းခ်ီၿပီး ဆႏၵျပမႈတြင္ ပါဝင္လာခဲ့ၾကသည္။

ရဲမ်ားက ရာဘာက်ည္ဆံမ်ားျဖင့္ ပစ္ခတ္ၿပီး လူအုပ္ကို ၿဖိဳခြင္းမႈမ်ားလုပ္ခဲ့ရာ 3 ဦး ဒဏ္ရာ ရရွိခဲ့သည္။

Facebook က ျမန္မာစစ္တပ္၏ သတင္းမွားျဖန႔္ေဝမႈမ်ား ရွိလာ သည္ဟု ဆိုၿပီး ျမန္မာစစ္တပ္၏ သတင္းအခ်က္အလက္ျဖန႔္ေဝမႈမ်ားကို ျဖတ္ခ်ပစ္ေတာ့မည္ဟု ဆိုခဲ့သည္။

ေဖေဖာ္ဝါရီလ 13 ရက္ေန႔ ။ ။ အာဏာပိုင္ မ်ားဟာ ညမထြက္ရ လုံၿခဳံေရးဉပေဒထုတ္လိုက္ၿပီးေနာက္ ဆႏၵျပမႈတြင္ ထိပ္ဆုံးကပါသူမ်ား၊ ဆႏၵျပမႈႀကီးမ်ားျဖစ္ေအာင္ ေနာက္ကြယ္ကေန ေသြးထိုးလႈံ႕ေဆာ္သူမ်ားကို ဖမ္းဝရမ္းမပါဘဲ ဖမ္းဆီးမႈမ်ား လုပ္လာခဲ့သည္။

ေဖေဖာ္ဝါရီလ 14 ရက္ေန႔ ။ ။ CDM လုပ္မႈမ်ား ဟာ အရွိန္အဟုန္ျမင့္တက္လာခဲ့ၿပီး ေလေၾကာင္းလိုင္းမ်ား၊ မီးရထားလိုင္းမ်ား ျဖင့္ ခရီးသြားလာမႈမ်ား ရပ္တန႔္သြားခဲ့သည္။ ရဲမ်ားက ဆႏၵျပသူမ်ားကို ပစ္ခတ္ၿဖိဳခြင္းမႈမ်ားလုပ္ခဲ့သည္။

ေဖေဖာ္ဝါရီလ 15 ရက္ေန႔ ။ ။ သံခ်ပ္ကာ စစ္ကားမ်ား ၿမိဳ႕ႀကီးမ်ား အတြင္း တပ္ျဖန႔္မႈမ်ား ရွိလာခဲ့သည္။

ျပင္ဆင္ျဖည့္စြက္ခ်က္။ ။ ေဒၚေအာင္ဆန္းစုၾကည္အား ရမန္ခ်ဳပ္ရက္ ျပည့္သြား ေသာ္လည္း ေနာက္ထပ္ 2 ရက္တိုးၿပီး ေဖေဖာ္ဝါရီလ 17 ရက္ေန႔မွ ႐ုံးထုတ္စစ္ေဆးမႈလုပ္ရန္ ေၾကညာခ်က္ထုတ္ခဲ့သည္။

႐ိုက္တာ သတင္းေဆာင္းပါးကို ဘာသာျပ န္ဆိုထားျခင္းျဖစ္ပါသည္။

CRD_NangKhamThiriOo

Leave a Reply

Your email address will not be published. Required fields are marked *