တန်ဖိုး ရှိတဲ့ ပြည် သူ တဦး တယောက် ကိုမှ အပါ မခံနိုင်ဘူး လို့ ဖွေးဖွေး ပြော

Posted on

စစ်အာဏာရှင် လက်နက်ကိုင် လူတစု ကြောင့် ပြည်သူများ အသက်+အိုးအိမ် စည်းစိမ် များ ဆုံးရှုံးနေကြရတဲ့ အတွက် တန်ဖိုးရှိတဲ့ ပြည်သူ တဦးတယောက်ကိုမှ အပါမခံနိုင်တော့ဘူးလို့ ဖွေးဖွေးက ဆိုပါတယ်။ “Gen Z ညီမလေး၊ မောင်လေး တို့ ရဲရဲတောက် သတ္တိတွေရှိတာ ကမ္ဘာကရော မဖွေးတို့ Gen Y တွေရော၊ Gen X တွေ အားလုံးကော မျက် ဝါးထင်ထင် တွေ့ခဲ့ရပြီးပါပြီ။ အားလုံးရဲ့ ပေးဆပ်မှု တွေကြောင့် နိုင်တော့မှာ အသေအချာပါ” “စစ်အာဏာရှင်ဘက်က ဖြိုခွင်း ပါတယ် အကြောင်းပြပြီး သေ+စေ+တဲ့ လက်+_နက်တွေသုံး ပြည်သူတွေကို အ+_ကြမ်း+_ဖက် နေတာ တောင် ဘာလက် +နက်မှ မပါဘဲ ရင်ကော့ဆန္ဒပြခဲ့ကြ၊ အချင်းချင်း ကာကွယ် ကူညီခဲ့ကြတာ တွေ့ရတော့ ရင်ထဲနင့်နေအောင် လေးစားရ ပါတယ်”လို့ ဖွေးဖွေး က ပြောပါတယ်။

စစ်အာဏာရှင်တွေက လက်+_နက် အသုံးပြုပြီး ပြည်သူများ အား အ+ကြမ်း+ဖက်နေခြင်းကို ဘာလက်+နက်မှမပါဘဲ ပြည်သူအချင်းချင်း ကာကွယ် ကူညီနေတာကို မြင်ရတာ ရင်ထဲနင့်နေအောင် လေးစားရတယ်လို့ ဆိုပါတယ်။ “တိုင်းပြည်အတွက် ဒီလောက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်နဲ့ ဒီလို သတ္တိခဲလေးတွေ Gen X, Y, Z ဘယ်သူ့ကိုမှ ထပ်မဆုံးရှုံးပါရစေနဲ့ တော့။ နောက်နေ့ ဆန္ဒပြပါ။ ပြေးစရာရှိ အပီ ပြန်ပြေး။ ကမ္ဘာကို သိနေပြီးသားပေမယ့် ထပ်သိအောင်သာ ဆိုရှယ်မီဒီယာက ထပ်ပြဖို့ Footage ရရင် ရပါပြီ။ တနေကုန် အပြင်မှာ မနေပါနဲ့။ သုသု ပြောသလို သူတို့ကိုပဲ နေလှန်း ထားလိုက်ပါ”လို့ ဖွေးဖွေးက ဆိုပါတယ်။ ရေး တော်ပုံအောင်တော့မှာ ဖြစ်တာကြောင့် ပိုပြီးပါးပါးနပ်နပ်နဲ့ သတ္တိရှိရှိ ရင်ဆိုင်ကြဖို့လည်း ပြောထားပါတယ်။

“နှလုံးသားကော၊ ရှက်ကြောရော ဆင်ခြင် တုံတရားပါ မွေးကတည်းက ပါမလာတဲ့ အဲ့ စစ်ကျွန်တွေ နဲ့ တတ်နိုင်ရင် ထိပ်တိုက် အနီးကပ် မ တွေ့ ကြပါနဲ့တော့။ မတန်လို့။ တန်ဖိုးရှိတဲ့ ဖွေးတို့ ပြည်သူ တယောက်မှ ထပ်အပါမခံနိုင်တော့လို့။ နိုင်ကို နိုင်တော့မှာမို့ အရေးတော်ပုံ အော င် တော့မှာမို့ ပိုပါးနပ်ပေးကြပါ။ ပါးပါးနပ်နပ် သတ္တိရှိရှိ ဆက်ရင်ဆိုင်မယ်။ ဒါတွေ အားလုံးပြီးတော့မှ ဟိုဘက်ကို အတူတူ အားရပါးရ ဟား ချင် သေးလို့”လို့ ဖွေးဖွေးက ပြောပါတယ်။ ဖွေးဖွေး ကိုယ်တိုင်က ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Generation Y တဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူများနဲ့ တသားတည်း ပါဝင် လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။

Source:Irrwady

zawgyi

စစ္အာဏာရွင္ လက္နက္ကိုင္ လူတစု ေၾကာင့္ ျပည္သူမ်ား အသက္+အိုးအိမ္ စည္းစိမ္ မ်ား ဆုံးရႈံးေနၾကရတဲ့ အတြက္ တန္ဖိုးရွိတဲ့ ျပည္သူ တဦးတေယာက္ကိုမွ အပါမခံႏိုင္ေတာ့ဘူးလို႔ ေဖြးေဖြးက ဆိုပါတယ္။ “Gen Z ညီမေလး၊ ေမာင္ေလး တို႔ ရဲရဲေတာက္ သတၱိေတြရွိတာ ကမာၻကေရာ မေဖြးတို႔ Gen Y ေတြေရာ၊ Gen X ေတြ အားလုံးေကာ မ်က္ ဝါးထင္ထင္ ေတြ႕ခဲ့ရၿပီးပါၿပီ။ အားလုံးရဲ႕ ေပးဆပ္မႈ ေတြေၾကာင့္ ႏိုင္ေတာ့မွာ အေသအခ်ာပါ” “စစ္အာဏာရွင္ဘက္က ၿဖိဳခြင္း ပါတယ္ အေၾကာင္းျပၿပီး ေသ+ေစ+တဲ့ လက္+_နက္ေတြသုံး ျပည္သူေတြကို အ+_ၾကမ္း+_ဖက္ ေနတာ ေတာင္ ဘာလက္ +နက္မွ မပါဘဲ ရင္ေကာ့ဆႏၵျပခဲ့ၾက၊ အခ်င္းခ်င္း ကာကြယ္ ကူညီခဲ့ၾကတာ ေတြ႕ရေတာ့ ရင္ထဲနင့္ေနေအာင္ ေလးစားရ ပါတယ္”လို႔ ေဖြးေဖြး က ေျပာပါတယ္။

စစ္အာဏာရွင္ေတြက လက္+_နက္ အသုံးျပဳၿပီး ျပည္သူမ်ား အား အ+ၾကမ္း+ဖက္ေနျခင္းကို ဘာလက္+နက္မွမပါဘဲ ျပည္သူအခ်င္းခ်င္း ကာကြယ္ ကူညီေနတာကို ျမင္ရတာ ရင္ထဲနင့္ေနေအာင္ ေလးစားရတယ္လို႔ ဆိုပါတယ္။ “တိုင္းျပည္အတြက္ ဒီေလာက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ စိတ္ဓာတ္နဲ႔ ဒီလို သတၱိခဲေလးေတြ Gen X, Y, Z ဘယ္သူ႔ကိုမွ ထပ္မဆုံးရႈံးပါရေစနဲ႔ ေတာ့။ ေနာက္ေန႔ ဆႏၵျပပါ။ ေျပးစရာရွိ အပီ ျပန္ေျပး။ ကမာၻကို သိေနၿပီးသားေပမယ့္ ထပ္သိေအာင္သာ ဆိုရွယ္မီဒီယာက ထပ္ျပဖို႔ Footage ရရင္ ရပါၿပီ။ တေနကုန္ အျပင္မွာ မေနပါနဲ႔။ သုသု ေျပာသလို သူတို႔ကိုပဲ ေနလွန္း ထားလိုက္ပါ”လို႔ ေဖြးေဖြးက ဆိုပါတယ္။ ေရး ေတာ္ပုံေအာင္ေတာ့မွာ ျဖစ္တာေၾကာင့္ ပိုၿပီးပါးပါးနပ္နပ္နဲ႔ သတၱိရွိရွိ ရင္ဆိုင္ၾကဖို႔လည္း ေျပာထားပါတယ္။

“ႏွလုံးသားေကာ၊ ရွက္ေၾကာေရာ ဆင္ျခင္ တုံတရားပါ ေမြးကတည္းက ပါမလာတဲ့ အဲ့ စစ္ကြၽန္ေတြ နဲ႔ တတ္ႏိုင္ရင္ ထိပ္တိုက္ အနီးကပ္ မ ေတြ႕ ၾကပါနဲ႔ေတာ့။ မတန္လို႔။ တန္ဖိုးရွိတဲ့ ေဖြးတို႔ ျပည္သူ တေယာက္မွ ထပ္အပါမခံႏိုင္ေတာ့လို႔။ ႏိုင္ကို ႏိုင္ေတာ့မွာမို႔ အေရးေတာ္ပုံ ေအာ င္ ေတာ့မွာမို႔ ပိုပါးနပ္ေပးၾကပါ။ ပါးပါးနပ္နပ္ သတၱိရွိရွိ ဆက္ရင္ဆိုင္မယ္။ ဒါေတြ အားလုံးၿပီးေတာ့မွ ဟိုဘက္ကို အတူတူ အားရပါးရ ဟား ခ်င္ ေသးလို႔”လို႔ ေဖြးေဖြးက ေျပာပါတယ္။ ေဖြးေဖြး ကိုယ္တိုင္က ၁၉၈၈ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ Generation Y တဦးျဖစ္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ျပည္သူမ်ားနဲ႔ တသားတည္း ပါဝင္ လႈပ္ရွားေနသူလည္း ျဖစ္ပါတယ္။

Source:Irrwady

Leave a Reply

Your email address will not be published. Required fields are marked *