တစ်လမ်းဝင် တစ်လမ်း ထွက်ပြီး ပြည်သူတွေ ကို ဒူးထောက်ကာ တောင်းဆို ခဲ့တဲ့ လူငယ်တွေ ရဲ့ လေးစားစရာကောင်းတဲ့ လုပ်ရပ်တစ်ခု

Posted on

လူငယ်တွေကတော့ ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှား မှုပွဲတွေမှာ ယနေ့အချိန် အထိတိုင်အောင် ဇွဲမလျှော့ဘဲ အားကြိုးမာန်တက် ပါဝင်နေဆဲ ဖြစ်ပါတယ် ။ လူငယ်တွေက ဆန္ဒ ဖော်ထုတ်ရင်းနဲ့ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုရရှိအောင် ကြိုးစားခဲ့ကြသလို ပြည်သူတွေ ကိုလည်း ရှေ့ဆုံး ကနေ ကာကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း လူငယ်တွေက တကယ့်ကို လေးစားချင်စရာကောင်းတဲ့ အပြုအမူတစ်ခုကို လုပ်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက မရမ်းကုန်း ရပ်ကွက်အတွင်းမှာ လူငယ်တွေဦးဆောင်ပြီး တစ်လမ် းဝင်တစ်လမ်းထွက်ကာ ပြည်သူတွေကို တောင်းဆိုမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်တွေက “လူထုလှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးဖို့၊ ညတိုင်း သံပုံးတီးပေးဖို့၊ တညီတညွတ်တည်း လှုပ်ရှားပေးဖို့၊ လူငယ်တွေကို နွေးထွေးစွာ ဖေးမပေးဖို့၊ တတ်နိုင်တဲ့နေရာက ကူညီပေးဖို့နဲ့ မှားရင်ဆူပါ ဆဲပါ လမ်းပြပေးပါ”ဆိုပြီး လူကြီးတွေကို ဒူးထောက်ကာ တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။

လမ်းတိုင်းလမ်းတိုင်းမှာ (၁၀) မိနစ်ကြာအောင် ဒူးထောက်ရင်း နဲ့ မျက်ရည် ကျနေကြတဲ့ လူငယ်တွေရဲ့လုပ်ရပ်ကို လူကြီးတွေလည်း မကြည့်ရက်တော့ဘဲ ဖေးမကူညီလာကြတာ ဖြစ်ပါတယ် ။ ငြိမ်ကျသွားတဲ့ လူတိုင်းနီးပါးက လူငယ်တွေနဲ့အတူ ပြန်လည်ပူးပေါင်းပါဝင်လာကြပြီး အစားအသောက်၊ ရေ၊ တစ်သျှူးကအစ လိုလေသေးမရှိ ကျွေးမွေးခဲ့ကြတာ ဖြစ်ပါတယ် ။ အိုင်ဒီယာအသစ်တွေကို အမြဲတမ်းစဥ်းစားတွေးခေါ်ပြီး အကောင်အထည်ဖော်တတ်တဲ့ လူငယ်တွေကတော့ တကယ့်ကို ချီးကျူးစရာကောင်းလှတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Layeik Lay’s FB Acc

zawgyi

လူငယ္ေတြကေတာ့ ေဖေဖာ္ဝါရီလ ကတည္းက စတင္ခဲ့တဲ့ လူထုလႈပ္ရွား မႈပြဲေတြမွာ ယေန႔အခ်ိန္ အထိတိုင္ေအာင္ ဇြဲမေလွ်ာ့ဘဲ အားႀကိဳးမာန္တက္ ပါဝင္ေနဆဲ ျဖစ္ပါတယ္ ။ လူငယ္ေတြက ဆႏၵ ေဖာ္ထုတ္ရင္းနဲ႔ ႏိုင္ငံတကာရဲ႕စိတ္ဝင္စားမႈရရွိေအာင္ ႀကိဳးစားခဲ့ၾကသလို ျပည္သူေတြ ကိုလည္း ေရွ႕ဆုံး ကေန ကာကြယ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။ အခုလည္း လူငယ္ေတြက တကယ့္ကို ေလးစားခ်င္စရာေကာင္းတဲ့ အျပဳအမူတစ္ခုကို လုပ္ျပခဲ့ၾကတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ရက္ပိုင္းက မရမ္းကုန္း ရပ္ကြက္အတြင္းမွာ လူငယ္ေတြဦးေဆာင္ၿပီး တစ္လမ္ းဝင္တစ္လမ္းထြက္ကာ ျပည္သူေတြကို ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ လူငယ္ေတြက “လူထုလႈပ္ရွားမႈမွာ အားလုံးပါဝင္ေပးဖို႔၊ ညတိုင္း သံပုံးတီးေပးဖို႔၊ တညီတၫြတ္တည္း လႈပ္ရွားေပးဖို႔၊ လူငယ္ေတြကို ေႏြးေထြးစြာ ေဖးမေပးဖို႔၊ တတ္ႏိုင္တဲ့ေနရာက ကူညီေပးဖို႔နဲ႔ မွားရင္ဆူပါ ဆဲပါ လမ္းျပေပးပါ”ဆိုၿပီး လူႀကီးေတြကို ဒူးေထာက္ကာ ေတာင္းဆိုခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

လမ္းတိုင္းလမ္းတိုင္းမွာ (၁၀) မိနစ္ၾကာေအာင္ ဒူးေထာက္ရင္း နဲ႔ မ်က္ရည္ က်ေနၾကတဲ့ လူငယ္ေတြရဲ႕လုပ္ရပ္ကို လူႀကီးေတြလည္း မၾကည့္ရက္ေတာ့ဘဲ ေဖးမကူညီလာၾကတာ ျဖစ္ပါတယ္ ။ ၿငိမ္က်သြားတဲ့ လူတိုင္းနီးပါးက လူငယ္ေတြနဲ႔အတူ ျပန္လည္ပူးေပါင္းပါဝင္လာၾကၿပီး အစားအေသာက္၊ ေရ၊ တစ္သွ်ဴးကအစ လိုေလေသးမရွိ ေကြၽးေမြးခဲ့ၾကတာ ျဖစ္ပါတယ္ ။ အိုင္ဒီယာအသစ္ေတြကို အၿမဲတမ္းစဥ္းစားေတြးေခၚၿပီး အေကာင္အထည္ေဖာ္တတ္တဲ့ လူငယ္ေတြကေတာ့ တကယ့္ကို ခ်ီးက်ဴးစရာေကာင္းလွတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Layeik Lay’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *