မင်းသမီးချောလေးအိချောပိုကတော့ အောင်မြင်လျက်ရှိ နေတဲ့ သရုပ်ဆောင်တွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတာဖြစ်ပါတယ်။ လုံးကြီးပေါက်လှ ကိုယ်လုံးအလှလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ ဖက်ရှင်လေးတွေ၊ အလန်းစား ဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိကာ ပရိသတ်တွေအချစ်ပိုရတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။.
ကြွေလောက်စရာကောင်းလွန်း တဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပရိသတ်တွေ ရှေ့ချပြလေ့ရှိပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ သူမကတော့ ဖိတ်ကြားခံရတဲ့ပွဲတွေကိုလည်းတက်ရောက်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ကြော်ငြာတွေကို ရိုက်ကူးနေရတဲ့ သူမကတော့ယခုမှာ ဆွဲဆောင်မှု ရှိတဲ့ အမိုက်စား ဖက်ရှင်လေးဝတ်ဆင်ပြီး မင်းသားချောလေးပိုင်တံခွန်နဲ့အတူ ရိုက်ကူးရေးပြုလုပ်နေခဲ့ကာ ရိုက်ကွင်းထက်မှာ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။
ပိုင်တံခွန် နဲ့ အိချောပိုတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံနေပြီး အသည်းပုံလေးတူတူပြုလုပ်ကာ ရိုက်ကွင်းထက်မှာ ပြုံးပျော်ရွှင်နေကြပါတယ်။ အိချောပိုကတော့ ” DENKO Energy Company ကြော်ငြာရိုက်ကွင်း “ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောအိချောပိုနဲ့ မင်းသားချောလေးပိုင်တံခွန်တို့ရဲ့ ရိုက်ကွင်းထက်မှာပြုံးပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit: Ei Chaw Po ‘s Facebook Acc Myday