တစ်ယောက် တစ်နေရာစီ ရောက်နေ ကြတဲ့ နှင်းဆီ အဖွဲ့သားများ ဘေးအန္တရာယ် ကင်းဝေးကြစေရန် ဆုတောင်း မေတ္တာပို့သပေးနေတဲ့ မောင်မျိုးမင်း

Posted on

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ နှင်းဆီ အဖွဲ့ကိုတော့ နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ မေကဗျာ နဲ့ မိုးယုစံ၊ ဖူးစုံနှင့် မိုးပြည့်ပြည့်မောင်တို့ဖြင့် ဖွဲ့စည်းထားကြတာပါ။ သူတို့အဖွဲ့လေးဟာ ဆယ်စုနှစ်ကျော် တိုင်အောင် အားလုံးရယ်မောပျော်ရွှင်နိုင်အောင် အငြိမ့် ဖျော်ဖြေပွဲတွေ တစ်နှစ်တစ်ခါကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နှင်းဆီရင်ခွင်လူမှုကူညီရေးအသင်းကိုလည်း တည်ထောင် ထားကြပြီးလိုအပ်တဲ့နေရာများကို လိုက်လံလှူဒါန်းပေးခဲ့ကြတာပါ။

နှင်းဆီမိသားစုလေးဟာ တစ်ဦးအပေါ်တစ်ဦး မောင်နှမ အရင်းသဖွယ် ဖေးမ ကူညီစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။ အလုပ်မအားကြသူများဖြစ်ပေမယ့်လည်း တစ်လတစ်ခါပုံမှန်ဆုံနေကြဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့် တစ်ယောက်တစ်နေရာစီ ဝေးကွာနေတာကြောင့် အရင်လိုမဆုံဖြစ်ကြတော့တာပါ။ မကြာသေးခင်နာရီပိုင်းလောက်က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မဆုံဖြစ်တာကြာပြီဖြစ်သော နှင်းဆီအဖွဲ့သား အန္တရာယ်ကင်း၊ ဘေးကင်းဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားတာပါ။

” ခါတိုင်းဆိုအလုပ်ကိုယ်စီနဲ့မအားကြတာတောင် တစ်လ ကို တစ်ခါတော့ ဆုံဖြစ်ကြတဲ့ နှင်းဆီမိသားစုလေးဟာအခုတော့

တစ်ယောက်တစ်နေရာစီမှာ မဆုံဖြစ်တာ​နဲ့ အဆင်တွေ ရောပြေကြရဲ့လား စိတ်ပူရင်း အဝေးကနေ သတိရလွမ်းဆွတ် မေတ္တာပို့ဆုတောင်းပေးနေပါတယ် သားတို့သမီးတို့ အန္တရာယ်ကင်းကြပါစေ ​​ရောဂါဘေးကင်းဝေးကြပါစေ ပျော်ရွှင်စွာ အားလုံးပြန်ဆုံကြမယ့်နေ့ အမြန်ဆုံးရောက်ပါစေ။ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ နှင်းဆီမိသားစုများအားလုံး အမြန်ဆုံးပြန်လည်ဆုံဆည်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Maungmyomin Yintwinphit’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *