တစ်ပတ်စာ (၇) ရက် သား သမီး ဟော စာ တမ်း (10.12.2020 မှ 16.12.2020 အ ထိ)

Posted on

ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်သွား နိုင်ပါ လိမ့်မယ်။ ဒါကြောင့်ပဲစိတ်ချမ်းသာ ပျော်ရွှင် ရတတ်ပါတယ်။အပန်းဖြေခြင်း၊ပျော်ပွဲစားထွက်ခြင်းများလဲတွေ့ရကြုံရတတ်ပါတယ်။ အကြီးအကဲများ၏ကူညီ ထောက်ပံ့မှု များကြောင့်လုပ်ငန်းများ တိုးတက်မည်။ အိမ်ထောင်ရေးအဆင်ပြေ မည်။ မိသားစုစိတ်ချမ်းသာပျော်ရွှင် မှုများခံစားရလိမ့်မည်။ လူအများနဲ့ ပျော်ပျော်ပါးပါး လုပ်ကိုင်ရတဲ့အလုပ်တွေပိုအောင်မြင်တယ်။ ဝန်ထမ်းတွေ အတွက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေး အယူမျှနေ ပါ လိမ့်မယ်။ အချစ်ရေးမှာလဲချစ်ရသူဆီက အဖြေရ တတ်ပါတယ်။ အချစ်ရေးအတွက် အဘက်ဘက်ကစိတ်ချမ်း သာရပါလိမ့်မယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးမရှိ သလောက်ပါပဲ။ ကျန်းမာရေး အတွက် ဆေးသောက်တာ၊ သမားတော်နဲ့ပြသတာကုသတာမျိုးတွေလုပ်ဆောင် တတ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက် ပြီးတော့လဲ ကံကောင်း နေတတ်ပါတယ်။ ရစရာရှိတဲ့ငွေကြေးတွေကို အပြည့် အဝပြန်လည်ရရှိတတ်ပါတယ်။ ထီဝါသနာပါသူများ ထီ ကံစမ်းလို့ကောင်းတဲ့နေ့ရက်တွေပါပဲ။၆၊၄၊၈ ဂဏန်းပါသော ထီလက်မှတ်ကိုရွေးချယ်ထိုးပါ။ မိသားစုအရေးကိစ္စများ အညံ့အဆိုးမရှိသလောက်ရှားပါတယ်။ အိမ်တွင်းရေး သာယာ အဆင် ပြေမဲ့ကာလပါပဲ၊ ပညာရေးကတော့ အခက်အခဲ တွေကိုကောင်းစွာကျော်လွားနိုင်ပါလိမ့်မယ်။ အကျိုးပေးဂဏန်း 6/5/8 အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။ ယတြာ သံပုရာရည်ဘုရားကပ်လှူပြီးတော့လိုရာ ဆုတောင်းလိုက်ပါ။

တနလၤာ

မတော်တဆထိခိုက် ဒဏ်ရာရတတ်သည်။ ငွေကြေး၊ အဖိုးတန်ပစ္စည်းများခိုးခံရ တတ်သည်။ မိခင်၏ ကျန်းမာရေးညံ့နေလိမ့်မည်။ စိတ်ပါဝင်စားစွာနဲ့ မိမိလုပ်ကိုင်ရတဲ့ အလုပ်တွေအပေါ်စိတ်နှစ်ထားလိုက်ပါ။ ကံကြမ္မာအနည်း ငယ် အားနည်းနေတာဖြစ်တဲ့အတွက် မဟုတ်တာကို ဘာမှမလုပ်လိုက်ပါနဲ့။ မကောင်းတာလုပ်ရင်၊ ဥပဒေနဲ့မလွတ် ကင်းတာ လုပ်ရင် ဒုက္ခအလွန်ပဲရောက်လွယ်တာကိုတွေ့ရပါတယ်။ ပညာရေးမှာတော့ စာမေးပွဲဖြေရမဲ့သူများ၊ အင်တာဗျူး ဖြေရမဲ့သူများ အရမ်းကြီးစိုးရိမ်စိတ်မထားဖို့ပြောချင်ပါတယ်။ စိုးရိမ်လွန်ပြီး ကျက်ထားတဲ့စာတွေ မေ့သွားတာမျိုး ကအလွန်ပဲဖြစ်လွယ်ပါတယ်။

ကျန်းမာရေးကတော့ သိပ်အဆိုးတော့မတွေ့ရပါဘူး။ ဒါပေမဲ့အစား မှားပြီး ဗိုက်အောက်ဗိုက်နာတော့ ဖြစ်တတ်ပါတယ်။ အစာကြေလွယ်တဲ့အစားအသောက်တွေကိုပဲဦးစားပေးစား သုံးပါ။ ငွေနဲ့ပတ်သက်ပြီး အလိမ်ခံရတတ်ပါတယ်။ လောဘမကြီးပါနဲ့။ စာချုပ်စာတန်းမပါဘဲလက်လွတ်စပယ် ငွေပေး လိုက်တာမျိုးတွေမလုပ်ပါနဲ့။ လုပ်ငန်းကြီးများ ရောင်းမှားဝယ်မှားအလွန်ပဲဖြစ်ရတတ်ပါတယ်။ ကုန်တွေ မလှောင်ပါနဲ့။ အဆုံးအရှုံးများနိုင်ပါတယ်။ အချစ်ရေးကတော့ အခက်အခဲများနိုင်တယ်။ ချစ်သူကိုစိတ်ကောက် စိတ်ဆိုးအောင် မလုပ်မိပါစေနဲ့။ စိတ်ကုန်သွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာ မိမိရဲ့အခက်အခဲတွေကိုအိမ်ထောင် ဘက်က ကောင်းစွာနားလည်ပြီး တတ်နိုင်သ၍ဖြေရှင်းပေးပါလိမ့်မယ်။ အကျိုးပေးဂဏန်း 7/0/6 အထူးဟော ကံအနည်းငယ်အားနည်းနေမည်။ ယတြာ အိမ်ကဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်လိုက်ပါ။

အဂၤါ

ဒီကာလအတွင်း အတိုက်အခံရန်နှင့်ယှဉ်၍လုပ်ကိုင်ရတတ်သည်။ အစုစပ် လုပ်ငန်းများမလုပ်ကိုင်သင့်သေး ပါ။ သားသမီး များ ၏ပညာရေးအလေးပေးဆောင်ရွက်ရန်လိုအပ်ပါသည်။ လူနေမှုအဆင့်အတန်းတိုးတက်မည်။ ကံကောင်းခြင်းတွေမိမိဆီကိုရောက်လာတတ်ပါတယ်။ အဓိကတော့ မိမိလပေါင်းများစွာ ကြပ်တည်းနေတဲ့အခက် အခဲ ပြဿနာတွေကိုဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ဒါကြောင့်ဝန်ထုတ်ဝန်ပိုးတစ်ခုကိုလွှတ်ချ လိုက်ရသလို စိတ်ပေါ့ပါး လွတ်လပ်နေပါလိမ့်မယ်။ ခရီးတွေသွားရမယ်။ အထူးသဖြင့်ခရီးရှည်တွေ၊ညအိပ်ခရီးတွေ သွားရဖို့အကြောင်းဖန် လာတတ်ပါတယ်။ ဒီကာလမှာတော့ရေရှည်အတွက်ရည်မှန်းချက်စတင်သတ်မှတ်ခြင်းတွေ၊ Targetထားကြိုးစား ခြင်း တွေအထူးပဲလုပ်ဆောင်လို့သင့်ပါတယ်။

ကျန်းမာရေးကတော့အကောင်းဘက်ကိုများပါ တယ်။ မိမိခံစားနေရတဲ့ ရောဂါ ဝေဒနာတွေရှိရင်လဲ ဒီကာလမှာအရှင်းပျောက်ရတတ်ပါတယ်။ ငွေကံကောင်းနေပါ လိမ့်မယ်။ သားသမီး တပည့်သားချင်းတွေလာရောက်ကန်တော့တာမျိုးတွေလဲကြုံနေရတတ်ပါတယ်။ အချစ်ရေးကတော့ ချစ်သူ ရည်းစား အသစ်ဆိုတာမျိုးတွေလဲ တွေ့ရတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲငယ်ရွယ်နုပျိုပြီးမိမိကိုချွဲတတ်သူကိုဦးစားပေးနေ မိတတ်ပါတယ်။ အိမ်ထောင်ရေးအလွန်သာယာပါလိမ့်မယ်။ ပညာရေးကတော့ ဒီကာလမိမိကြိုးစားသည်ထက်ပိုမို ထွန်းပေါက်အောင်မြင်မှုတွေရရှိတတ်ပါတယ်။ အကျိုးပေးဂဏန်း 7/1/6 အထူးဟော ကံသင့်ပါတယ်။ ယတြာ မိမိရတဲ့ပရိတ်ပဌာန်းတွေကိုများများရွတ်ပေးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတွင်း တတ်နိုင်သ၍စီးပွားရေးကိုကောင်းစွာ ချဲ့ထွင်သွားနိုင်ပါလိမ့်မယ်။မိမိလုပ်ကိုင်ကြံစည်သမျှ လမ်းမှန်ပေါ်ရောက်ပြီး အောင်မြင်မှုတွေကိုဖြစ်ထွန်းစေပါလိမ့်မယ်။ ရပ်ဝေးကိုသွား၍စီးပွားရှာခြင်းများ၊ နိုင်ငံရပ်ခြားသို့ ခရီးထွက်ခြင်းများ အထူးကောင်းပါလိမ့်မယ်။ လူမှုရေးပရဟိတလုပ်ငန်းများလုပ်ဆောင်ရတတ်သည်။ ဇိမ်ခံ ပစ္စည်းများဝင်မည်။ လုပ်ငန်းများ အဆင့်မြင့်မား တိုးတတ်မည်။ ကြန့်ကြာနေတဲ့ ရောင်းမကုန်တဲ့ပစ္စည်းတွေရောင်း ထွက် သွားပါ လိမ့်မယ်။ အပြီးမသတ်နိုင်တဲ့အလုပ်များဒီကာလမှာအပြီးသတ်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်ထားတဲ့ ငွေ ကြေးပြန်လည်တောင်းခံခြင်းမျိုးလုပ်ဆောင်နိုင်ပါလိမ့်မယ်။ အိမ်ထောင်သည်အမျိုးသားများ မိန်းမ ကိစ္စ၊စုတ်ကိစ္စ တွေမဖြစ်အောင်ထိန်းသိမ်းလိုက်ပါ။ ရှုပ်မိရင်ရှင်းရခက်ပါလိမ့်မယ်။

အချစ်ရေးမှာတော့ မိမိ ကိုယ် တိုင်က ကလေးငယ်လို လက်သာရာ ကို အရေးပေးနေမိတာမျိုးတွေ့ရပါတယ်။ ကျန်းမာရေးအတွက် ထူးထူးခြားခြား ညံ့နေ တာမျိုးတော့မရှိဘူး။ ဆီးချိုး၊သွေးချိုသမားများ ပိုမိုသတိထားပါ။ လေးဖက်နာရောဂါ သည်များ ပိုမိုသတိ ထားလိုက် ပါ။လူမျိုးခြား၊ဘာသာခြားတွေဆီကနေ အကူအညီဆိုတာမျိုးတွေရလွယ်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင် ကလဲကြိုးစားချင်စိတ်ရှိသလို ကံကြမ္မာကလဲ အခွင့်အရေးပေးပါလိမ့်မယ်။ အကျိုးပေးဂဏန်း 9/7/0 အထူးဟော အလုပ်စီးပွားတိုးတတ်မည်။ ယတြာ နာနတ်သီးကိုးစိပ်ဘုရားကပ်လှူဆုတောင်းပါ။

ၾကာသပေတး

မိမိရဲ့အတွေးအခေါ်တွေက မရင့်ကျက်သလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ဘာလုပ်လုပ် မိမိအနေနဲ့ဇွတ် မလုပ် ဘဲ အကြံဉာဏ်ကိုယူစေချင်ပါတယ်။ လူမျိုး ခြားများနှင့်အဆက်အသွယ်ပြုရတတ်သည်။ စကားများများပြော ရလိမ့်မည်။ သွားလာလှုပ်ရှားနိုင် လေအကျိုးရှိလေဖြစ်မည်။ အလုပ်ပြောင်းရွှေ့ဖို့စာ တင်ထားသူများ ၊အပြောင်း အရွှေ့ကျ လာ တတ်ပါတယ်။ နေရာသစ်မှာနေထိုင်လုပ်ကိုင်ရတဲ့ကံမျိုးတွေ့ရပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး တော့လဲ ဖိအား တွေများနေတတ် ပါတယ်။ မိတ်ဆွေ ကောင်းရှားနေတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက မိမိကို ချောက်ကျ တတ်ပါတယ်။ လူကြီးကိုဂုံးချောတာမျိုးလုပ်တတ်ပါတယ်။ လုပ်ငန်းများတိုးတက်မှုနှေးကွေးနေမည်။ ဝင်ငွေထက် အသုံး စရိတ်များကပိုနေမည်။

စိုးရိမ်သောကများနေတတ်မည်။ ငွေကြေးအသုံးအဖြုန်းကြီးနေတတ် ပါတယ်။ လိုအပ်မှ ငွေထုတ်သုံးပါလို့ပြောချင်ပါတယ်။ အလုပ်အတွက်လဲ ကြီးမားတဲ့ငွေကြေးရင်းနှီးမြုပ်နှံမှုတွေ မလုပ်လိုက်ပါနဲ့၊ ဒီကာလအတွင်း ကျန်းမာရေးကတော့အနည်းငယ်တော့ ဂရုစိုက်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ အိမ်တွင်းရေး အပူအပင်တွေကို အချိန်ပြည့်ခေါင်းထဲထည့်မထားပါနဲ့။အချစ်ရေးကံ ပုံမှန်ပါပဲ ။ အညံ့အဆိုးသိပ် မတွေ့ပါဘူး။ အိမ်ထောင်ရေးကတော့ အနည်းငယ်ညံ့ဖျင်းနေတာတွေ့ရပါတယ်။ သားသမီးများအတွက်သောကဖြစ် ရ တတ်သည်။ တန်ခိုးအာဏာမှေးမှိန်နေမည်။ အကျိုးပေးဂဏန်း 1/2/3 အထူးဟော ငွေကိုစီမံခန့် ခွဲတတ်ပါစေ ယတြာ သြဇာ၄ညွှန့်ဘုရားကပ်လှူလိုက်ပါ။

ေသာၾကာ

ရရန်ရှိသောကြွေးမြီ များ တောင်းခံရရှိမည်။ မိတ်ဆွေသူငယ်ချင်းများနှင့်နားလည်မှုလွဲမှားတတ် သည်။ သောကများ၍ ဝမ်းနည်းပူဆွေးရလိမ့်မည်။ မီးဘေး၊ ယာဉ်ကားဘေး အန္တရာယ်များကြုံတွေ့ရတတ်သည်။ အားနာတဲ့ စိတ်ရှိသူတွေကတော့ ဒီကာလမှာသူများကိုအကူအညီပေးရင်းနဲ့အချိန်ကုန်နေရ တတ်ပါတယ်။ အလုပ်မှာလဲ မနိုင်လို့ ကူညီပေးပါအုံးဆိုတာကို အားနာပြီးကူညီပေးမိပါကမိမိရဲ့အနားယူချိန်တွေလျော့သွားတတ် ပါတယ်။ ကျန်းမာရေးက တော့ အညံ့အဆိုးတွေများနေတာတွေ့ရပါတယ်။ အထူးသဖြင့်အမျိုးသားများအရက်အလွန် အကျွံသောက်ခြင်းမျိုး ရှောင်ပါ။ အမျိုးသမီးများလဲ ချဉ်ငန်စပ်အလွန်အကျွံမစားလိုက်ပါနဲ့။

ဒီကာလမှာ တစ်နေရာ ကနေတစ်နေရာကို ပြောင်းရွှေ့ခြင်းများ၊ အသစ်တစ်ခုစတင်ခြင်းများမကောင်းပါဘူး။ ဒီကာလမှာ ချစ်သူရည်းစား အချင်းချင်းအဆင် ပြေပေမဲ့ မိမိရဲ့အချစ်ရေးကို မိဘတွေကို ဖွင့်ပြောတိုင်ပင်လို့မကောင်းသေးတဲ့ကာလပါပဲ။ ငွေကြေးလာချေးတာ မျိုးတွေရှိရင် သတိထားပါ။မပေးလိုက်ပါနဲ့။ အလုပ်ထဲမှာတာဝန်ကြီးကြီးယူထားရသူတွေက တော့ ပိုမိုဂရုစိုက်ပါ။ အောက်လက်ငယ်သားတွေကို အရေးကြီးကိစ္စတွေမခိုင်းပါနဲ့ ။မိမိကသာဦးဆောင်လုပ်ကိုင်ပါ။ အိမ်ထောင်ရေးမှာ တော့ ဒီကာလဟာ အညံ့အဆိုးတော့ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ဆွေမျိုးကိစ္စနဲ့ပတ်သက်ပြီး လင်မယားနှစ်ယောက် စကား အခြေအတင်လေးတွေတော့ဖြစ်တတ်ပါတယ်။ပညာရေးအပေါ်စိတ်ဝင်စားမှုအား လျော့နေမည်။ အကျိုးပေးဂဏန်း 2/3/8 အထူးဟော အနည်းငယ်စိတ်ပင်ပန်းရမည်။ ယတြာ ကလေးတွေကိုမုန့်ဝယ်ကျွေးလိုက်ပါ။

စေန

ဒီကာလအတွင်းမိမိရဲ့လိုအင်ဆန္ဒတွေကိုကောင်းစွာဖြည့်ဆည်းနိုင်ပါတယ်။ မိမိရည်ရွယ်ကြံစည်ထားတာ လေးတွေပြည့်မြောက်ဖို့ ကံကြမ္မာအခွင့်အရေးပေးပါလိမ့်မယ်။ ဒါကြောင့်ကြိုးစားပါ။ စိတ်ကောင်းစေတနာကောင်း မွေးပါ။ မိမိရဲ့ကောင်းသောကံတွေဖြစ်ထွန်းပါလိမ့်မယ်။ မပြီးပြတ်သောလုပ်ငန်းများပြီးပြတ်မည်။ မိမိထူထောင်ထား သောကြိုးပမ်းမှုများအောင်မြင်ဖြစ်ထွန်းမည်။ မိတ်ဆွေကောင်းများနှင့် တွေ့ဆုံရမည်။ အောက်လက်ငယ်ကိုဖြစ်စေ ၊လုပ်ငန်းရှင်များဆို ကြိုးစားတဲ့ ဝန်ထမ်းကိုဖြစ်စေ ချီးမြောက်ပါ။မိမိလုပ်ငန်းအတွက် လိုအပ်သောစက်ပစ္စည်း များကို အသစ်လဲလှယ်တပ်ဆင်ခြင်း၊ စတင်လည်ပတ်ခြင်းများဒီကာလမှာဆောာင်ရွက်လို့အထူးကောင်းပါတယ်။

အသေးစား၊အလတ်စားစီးပွားရေးလုပ် ငန်းရှင်အားပိုမိုအောင်မြင် ထွန်းပေါက်တတ်ပါတယ်။ ခရီးတိုလေးတွေသွား ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ အထူးကောင်းနေပါလိမ့််မယ်။ ကျန်းမာရေးနဲ့ ပတ် သက်ပြီး တော့ စိတ်ချမ်းသာရမဲ့အချိန်ပါပဲ။ လိုချင်တာတွေကိုရအောင်လုပ်ဆောင်နိုင်ပါလိမ့် မယ်။အချစ်ရေးက တော့ ချစ်သူကမိမိကိုစိတ်ချမ်းသာအောင်ထား ပါလိမ့်မယ်။ အိမ်ထောင်ရေးမှာလဲအဆင်ပြေစိတ် ချမ်းသာရ တတ်ပါတယ်။ ပညာရေးကတော့ အထူးကောင်းပါ တယ်။ကြိုးစားပါ။ထင်ထားသည်ထက်ပိုမိုအောင်မြင်ပါတယ်။ အကျိုးပေးဂဏန်း 3/5/8 အထူးဟော ကံမြင့်မားနေပါတယ်။ ယတြာ စံပယ်ပန်းဘုရားကပ်လှူဆုတောင်းပါ။ ၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *