တစ်နေ့ တစ်မျိုး မရိုးနိုင် ပဲ ပရိသတ် ငေးမော သွား လောက်အောင် ချောမော လှပလွန်း နေတဲ့ “နန်းဆုရတီစိုး”

Posted on

တစ်နေ့တစ်ခြား ချောမော လှပလွန်းလာတဲ့ သရုပ်ဆောင် အဆိုတော်မလေး နန်းဆုရတီစိုး နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုရတီစိုးဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာလည်း ကျရာ ဇာတ်ရုပ်ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ရုံ သာမက ဂီတပိုင်းမှာလည်း အောင်မြင်လာတဲ့ အဆိုတော် တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ ထွက်သမျှသီချင်းဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှု ကို ရရှိလာတာပဲဖြစ်ပါတယ်။

အိမ်ထဲမှာနေရင်း နန်းဆုကတော့ ချောမော လှပလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန် ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ “ငွေပန်းချီချယ်ရင် ရှုံးသတဲ့လား” လို့ဆိုကာ သူမရဲ့ချောမောလှပလွန်းတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီး မျှဝေပေးလိုက် ပါတယ်နော်။ ပရိသတ်ကြီးကလည်း သူမရဲ့အလှတရားတွေအောက်မှာ နစ်မြောသွားလောက် မယ်လို့ထင်ပါတယ်။

Soure… Nan Su Yati Soe’ s Facebook

zawgyi

zawgyi





zawgyi

Leave a Reply

Your email address will not be published.