တစ်နေ့က သပိတ်သိမ်း ပြီး အပြန် လမ်းမှာ ချာတိတ် တစ်ယောက်က အစ်ကိုဘယ်ပြန် မှာလဲဆိုပြီး မေးလာတဲ့အခါ

Posted on

တစ်နေ့က သပိတ်သိမ်းပြီးအပြန် လမ်းမှာချာတိတ်တစ်ယောက်က အစ်ကိုဘယ်ပြန်မှာလဲဆိုပြီးမေးတယ်။သူ့ ကို ကြည့် လိုက်တာနဲ့ GZ ထဲကမှန်းသိတယ်။ဒါကြောင့် ကိုယ်ပြန်မယ့်နေရာကိုမပြောဘဲ မင်းဘယ်သွားမှာလဲမေးမိတော့ ကျတော်က [email protected]#$ ကိုပြန်မှာ လမ်းကြုံရင်အနီးဆုံးနေရာထိလိုက်ပါရစေဆိုပြီးပြောတော့..

ကျတော်ပြန်မယ့်နေရာနဲ့သူပြန်မယ့် နေရာက တောင်နဲ့မြောက်လိုတစ်ခြားစီ။ ဒါပေမယ့်လည်း ရတယ် ငါလိုက်ပို့ပေးမယ်ဆိုပြီး သူပြန်မယ့်နေရာကို လိုက်ပို့ခဲ့တယ်။ဒီလိုနဲ့လမ်းမှာစကားစပ်မိပြီး ဒီနေ့အဖို့ သူ့လှုပ်ရှားမှုနဲ့ကိုယ့်လှုပ်ရှားမှုကိုတစ်ယောက်တစ်လှည့်ပြောဖြစ်ခဲ့တယ်။ဒီအချိန်မှာပဲ ကျတော်က မင်းမနက်..

ဒီကိုလာတော့ ဘာနဲ့လာတုန်းဆိုပြီးမေးမိတယ်။ကျတော် မနက်ကဒီကို ဆိုင်ကယ်ကယ်ရီနဲ့လာတာ အစ်ကို။မနက်ကအိမ်ကထွက်လာတော့ ပိုက်ဆံ၁ထောင်ပဲပါတယ်။ဒီကိုလာဖို့ ဆိုင်ကယ်ကယ်ရီငှားတော့ တစ်ထောင်ဆိုတာနဲ့ပါလာတဲ့ပိုက်ဆံကုန်သွားရော။ဒါကြောင့်ခုပြန်တော့ အစ်ကို့ကိုမြင်ပြီး လမ်းကြုံ လိုက်လို့..

ရမလားမေးမိတာ။အစ်ကိုသိတဲ့အတိုင်းပဲ တက်စီငှားဖို့လည်းမရှိ လိုင်းကားစီးရအောင်လည်း အဆင်မပြေ၊ လမ်းလျှောက်ပြန်ရအောင်လည်း ကျတော့်ပုံစံကတွေ့တာနဲ့စစ်ဆေးမေးမြန်းမရှိဖမ်းခံရမယ့်ပုံဖြစ်နေတော့ အစ်ကို့ကိုအကူညီတောင်းကြည့်တာ။ဒါနဲ့ မင်း ထမင်းရောစားပြီးပြီလား…ပြီးပြီ အစ်ကို သပိတ်မှာလာလှူတဲ့..

သူတွေကျွေးလို့စား လိုက်တယ်။ဒါနဲ့ မင်းအခုလိုလမ်းပေါ်ထွက်ထွက်နေတာ မကြောက်ဘူးလား ရှေ့မှာလည်း ဒီလောက် တဖြုတ်ဖြုတ်ကြွေနေတာကို။အာ အစ်ကိုကလည်းနောက်ပြီ မကြောက်ဘဲနေမလား ကြောက်တာပေါ့။ ဒါပေမယ့် ဒီလောက်မတရားတာကို နေ့တိုင်းမြင်တွေ့နေရတာ ဘယ်လိုလုပ်အိမ်ထဲနေနိုင်မှာလည်း..

နေ့တိုင်းမထွက်နိုင်တောင် ထွက်နိုင်တဲ့နေ့တော့ထွက်နေရမှာပဲရယ်။ဒါနဲ့ ဒီအရေးတော်ပုံကြီးပြီးရင်ရော ဘာလုပ်ဖို့ရှိလဲ။ ဘာမှ မရှိပါဘူး အစ်ကိုရာ ဒီကောင်တွေကိုအနိုင်တိုက်ပြီးရင်ကျောင်းပဲပြန်တက်မယ်။ ဒီကောင်တွေကိုနိုင်ပြီးမှပဲ ကျောင်းတွေပြန်ဖွင့်တဲ့အခါ စိတ်အေးလက်အေးနဲ့ တက်ရရင်ပဲ တော်ပြီရယ်။..

ဒီကောင်လေးကတော့ ပေါ့ပေါ့ပါးပါးပြောနေပေမယ့် ကျတော့်စိတ်မှာတော့လေးလံပြီးကျန်ခဲ့တယ်။ဒီလော က်အပစ်အခတ်တွေ စိပ်လာလို့ လူတိုင်းမထွက်ရဲတော့တဲ့အချိန်မှာ အသက်နဲ့ရင်းပြီး ဆန္ဒပြဖို့အိမ်ကထွက်လာတာတဲ့ ချာတိတ်က သူ့လက်ထဲမှာပါတော့ ပိုက်ဆံလေး ၁ထောင်နဲ့ ဒီပိုက်ဆံကိုတောင်မစားဘဲ သပိတ်ကိုလာရင်..

နောက်ကျမှာစိုးလို့ ဆိုင်ကယ် ကယ်ရီနဲ့ ထွက်လာတယ်။ မကြောက်လို့ ထွက်လာတာလားဆိုတော့ မဟုတ်ဘူး ကြောက်ကြောက်နဲ့မတရားတာကိုထိုင်ကြည့်မနေနိုင်လို့ထွက်လာရတာ။ဒီလိုထွက်လာရလို့ အရေးတော်ပုံကြီးပြီးရင် ဘာအခွင့်အရေးတွေများရမလားဆိုတဲ့ မျှော်လင့်ချက်တွေရှိမလားဆိုတော့ ကျောင်းပြန်တက်ရရင်..

တော်ပြီတဲ့။အော်…တစ်ချို့တွေက ပေးဆပ်ရုံသပ်သပ်ကလွဲရင် ကျန်တဲ့ဘာအခွင့်အရေးမှ မလိုချင်သလို ယူရကောင်းမှန်း လည်း မသိကြဘူး။တော်သေးတာပေါ့ နေ့လည်စာကို လှူတဲ့လူတွေရှိလို့။နို့မို့ဆို ဒီကောင်လေးရေတိုက်ပြီး ဆန္ဒပြရမှာ။ ဒါကြောင့် အသ က်တွေရင်းပြီး လမ်းပေါ်ထွက်တဲ့ကလေးတွေကိုကြည့်ပြီး..

သနားလည်းသနားတယ် စိတ်လည်းမကောင်းဘူး။သူပြောတာ နားထောင်ပြီး ကျတော်လည်းကိုယ့်ကိုယ်ကို ပြန်တွေးမိတယ်။အခုရက်ပိုင်း ကျတော်လည်းနေ့လည်စာ မစားဖြစ်ဘူး။မစားရတဲ့အကြောင်းက ဒီလိုအပစ်အခတ်တွေစိပ်လာတဲ့အတွက် သပိတ်စခန်းကိုလာလှူတဲ့လူတွေလည်း နည်းလာသလို လှူတဲ့လူတွေ..

ရှိလာရင်လည်း ကိုယ့်လောက်ပိုက်ဆံမပါတဲ့ အငယ်တွေကို ဦးစားပေးပြီးကျွေးလိုက်မိလို့။ကျတော်တို့က ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိသပိတ်စခန်းကလူငယ်တွေထက်စာရင် ဗိုက်ဆာရင်စားဖို့ ပိုက်ဆံကပါသင့်သလောက် ပါသေးတယ်။ ကလေးတွေကမှ အိမ်ကထွက်လာရင် လမ်းမှာစားဖို့မပြောနဲ့ ရေဝယ်သောက်ဖို့တောင်..

လုံလုံလောက်လောက်မပါကြဘူး။ဒါပေမယ့်လည်း သူတို့ကိုကြည့်လိုက်ရင် သူ့လူနဲ့သူ ပေါ့ပေါးပါးပါးနဲ့ ကျွေးတဲ့သူတွေရှိရင်အတူတူစားတယ်၊အတူတူသောက်တယ် ပြန်ချရင်လည်းအတူတူ ပြန်ပြေးတော့လည်း အတူတူ။အသက်နဲ့ရင်းပြီးလောင်းကြေးထပ်ထားတဲ့ပွဲမှာ သူတို့တွေက အကြောက် တရားတွေဘေးချပြီး..

ကိုယ့ထြကြ စဈရေးအတှေ့အကှုံရှိတဲ့ အာဏာရှငလြကပြါးစတှကေေို စ ဈ မှေ ပှငြ လိုဖှဈနတေဲ့ လမြးတှပေေါမြှာလာပှီးရငဆြိုငနြရတော။ အ ေ သ အပွောကတြှလညြေး နေ့တိုငြး မှငလြညြးမှငနြရသေလို ၊ကှားလညြးကှားနရတောပဲ။ ဒီနေ့ဆို ကိုယ့ရြှေ့ဘနကြာထဲက မှနဘြီလူးနဲ့ထကှည့တြဲ့လူဆို ကွ ညြ ဆံ က..

လ ည် ပ င်း ကိုလာ မှ န်လို့ အရေးပေါ်ရောက်သွားပြီ အနေအထား ကတော့ စိုးရိမ်ရတယ် ။ ကိုယ်တွေဆိုလည်း သပိတ်သိမ်းပြီး အိမ်ပြန်ရောက်ရင်တောင် လူကညညဆို စောစောစီးစီး စိတ်ဖြောင့်ဖြောင့်နဲ့မအိပ်နိုင်သလို အသံတစ်ခုခုကြားတာနဲ့ဖျတ်ခနဲနိုးပြီ။ဒါကြောင့် အခုလိုအခြေအနေတွေကြားထဲမှာ လမ်းပေါ်..

ထွက်နေတဲ့ ကလေးတွေနဲ့ ရရင်ရသလို လာလှူကြတဲ့လူတွေကိုတကယ်လည်း ကျေးဇူးတင်တယ်။ လူနည်းတာများတာ လှူတာနည်းတာများတာထက် ကိုယ့်လူတွေကိုတွေ့ရင် ငါတို့တွေအရှုံးမပေးကြသေးဘူးဆိုတဲ့ စိတ်ခွန်အားတွေ ရမိလို့။ဒီလိုနဲ့ ချာတိတ်လေးကို သူနေတဲ့နေရာကိုပို့ပြီး အိမ်ကိုပြန်လာခဲ့တယ်။..

နောက်နေ့ရောက်တော့ သပိတ်မှာ အဲ့ချာတိတ်ကို မတွေ့မိဘူး ။စိတ်ထဲမှာတော့ ဒီကောင်ဒီလာဖို့ ပိုက်ဆံ မရှိတော့ဘူးထင်တယ်လို့ တွေးမိတယ်။ ဒီလိုမှန်းသိရင် မနေ့ကတည်းက ဒီကောင်လေးကိုနောက်တစ်နေ့လာဖို့ လမ်းစရိတ် ၂ထောင် ၃ထောင်လောက်ပေးခဲ့လိုက်ရင်ကောင်းသား လို့လည်း တွေးလိုက်မိတယ်။..

ဒါပေမယ့်လည်း ဒီလောက် အ ေ သ အပျောက်များတဲ့အချိန်မှာ ကိုယ်ပေးတဲ့ လမ်းစရိတ်ရှိလို့ သူထွက်လာခါမှ မတော်လို့ သူ့ကို ကျ ည် ထိခဲ့ရင် ကျတော့်ကိုယ်ကျတော်လည်း ခွင့်လွှတ်မိပါ့မလားလို့တွေးမိတယ်…။ငါတို့မှာရွေးချယ်စရာတွေအများကြီးမရှိတဲ့ကြားထဲကမှ ငါတို့ရွေးချယ်နေရတဲ့ ရွေးချယ်မှုတွေက..

လမ်းပေါ်ထွက်လိုက်တာနဲ့ ေ သ ရ န် ေ သ နှုန်းက ၉၉ရာခိုင်နှုန်းဘက်မှာရှိနေတာ သိနေသော်လည်း ငါတို့က တစ်ချို့တွေနေနိုင်သလို နေမှမနေနိုင်ဘဲ…။ဒီနေ့ဆို သာကေတဘက်မှ အ ထိ အ ခို က်တွေများသလို အ ေ သ အပျောက်တွေလည်းရှိတယ်။ဒါပေမယ့်လည်း ငါတို့တွေ အရှုံးမပေးသေးဘူး…။.

ကိုစ…Ko Sa

Leave a Reply

Your email address will not be published.