တစ်နိုင်ငံ လုံး ပြုလုပ် နေတဲ့ ကြက်ဥ ကမ်ပိန်းမှာ ပြည်သူ တွေ နဲ့ အတူ တက်ကြွစွာပါဝင်ခဲ့တဲ့ ဘုန်းဆက်သွင်

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင် ကောင်းမှုတွေ နဲ့ ဇာတ်ကားတွေ များစွာ ရိုက်ကူးအောင်မြင်နေတဲ့ မင်းသားဘုန်းဆက်သွင်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အားလုံးနဲ့အတူ အားကြိုး မာန်တက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလ အစပိုင်းကတည်းက နေ့တိုင်းလိုလို လမ်းပေါ်ထွက်လူထု လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်နေပြီး ယနေ့အချိန်ထိလည်း ပြည်သူတွေနဲ့ရပ်တည်နေကာ လှူဒါန်းမှုတွေ ကို တတ်နိုင်သလောက်ပြု လုပ်နေတာပါ..။

အားလုံးရဲ့အနာဂတ်နဲ့ ယုံကြည်မှုတွေအ တွက် သွေးမအေးသွားဘဲ တတ်နိုင်တဲ့ ဘက်ကနေ အစွမ်းကုန်ကြိုးစားနေတဲ့ ဘုန်းဆက်သွင်ကတော့ တစ်နိုင်ငံလုံးပြုလုပ်နေတဲ့ ကြက်ဥကမ်ပိန်း မှာလည်း တက်ကြွစွာပါဝင်နေတာလည်း တွေ့ရပါတယ်..။

အားမာန်တွေအပြည့်နဲ့ လမ်းလျှောက် လှုပ်ရှားမှုပြုလုပ်ပြီး ကြက်ဥ ကမ်ပိန်းမှာ ပါဝင်ရင်း အောင်ပွဲတွေအတွက် ကြိုးစားနေတဲ့ ပုံရိပ်တွေကိုလည်း ဘုန်းဆက်သွင်က ပရိသတ်တွေ ကိုလည်း ဝေမျှထားပါသေးတယ်..။

“Day 63, Easter Egg Strike Yangon

တိုက်ပွဲ ရှိရင် အောင် ပွဲ ရှိမယ်

အောင်စိတ်မြဲရင် အောင်ပွဲ ရမယ်

အရေး တော်ပုံ အောင်ရမည်

💪💪💪..” ဆိုပြီး လှုပ်ရှားမှု ပုံရိပ်တွေကို ဘုန်းဆက်သွင်က ဝေမျှထ ားတာပါ..။

အမြဲတမ်းလိုလို လှုပ်ရှားမှုတွေကို တက်ကြွစွာပြုလုပ်နေတဲ့ ဘုန်းဆက်သွင် ကတော့ ကြက်ဥကမ်ပိန်းမှာလည်း အားလုံး နဲ့ အတူပါဝင်နေပြီး သူ့ရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေက သဘောကျကာ အားပေးထားကြတာလည်း ဖြစ်ပါတယ်..။

Photo Credit – PhoneSett Thwin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *