တစ်ကမ္ဘာလုံး က အနုပညာရှင် များနဲ့အပြိုင် အချောဆုံးအဆင့် သတ်မှတ်ချက်(၁၀၀) ထဲတွင် အသီးသီးပါဝင်လာခဲ့ကြတဲ့ ပိုင်တံခွန်နဲ့ခင်ဝင့်ဝါ

Posted on

သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အလှမယ် ရွေးပွဲ များ တွင် ဆုတံဆိပ်များရရှိခဲ့ပြီး အနုပညာလောကသို့ ဝင်ရောက်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက်လို ဖြူစင်တဲ့ ဟန်ပန်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြတာလည်း ဖြစ်ပါတယ်။ ခင်ဝင့်ဝါ ကိုတော့ အားလုံးက ချစ်စနိုးနဲ့ ခေးလို့လည်း ခေါ်ဆိုနေကြတာပဲ ဖြစ်ပါတယ်။

ခေးဟာ ရရှိတဲ့အနုပညာကြေးတွေနဲ့လည်း အလှူအတန်းတွေ အမြဲ လုပ်လေ့ ရှိတာလည်း ဖြစ်ပါတယ်။ ဒီလိုစိတ်ထားကောင်းတာကြောင့်လည်း မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုကိုမတောင်းဘဲနဲ့ ပြည့်ဝထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ခေးတစ်ယောက် အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းလေးတစ်ခု ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကတော့ တစ်ကမ္ဘာလုံးကအနုပညာရှင်များ နဲ့ အပြိုင်အချောဆုံးအဆင့်သတ်မှတ်ချက်(၁၀၀)ထဲ တွင်အသီးသီးပါဝင်လာခဲ့ကြတဲ့ သူမနဲ့ ပိုင်တံခွန်တို့အကြောင်းလေးပဲ ဖြစ်ပါတယ်။ ခေးဟာ TC candler မှရွေးချယ်လိုက်တဲ့ 2020 အတွက် တစ်ကမ္ဘာလုံးရဲ့အချောဆုံး၊အလှဆုံး အယောက် ၁၀၀ စာရင်း ဖြစ်တဲ့ ” The 100 Most Handsome & Beautiful Faces 2020 ” ထဲပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝမ်းသာပျော်ရွှင်နိုင်စေရန် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါိတယ်နော်။

Source and Photo Crd- Khin Wint Wah’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *