ပရိသတ်ကြီးရေ.. လက်ရှိ အခြေအနေတွေမှာ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်ရင်း မတ်လ(၂၄)ရက်နေ့က Silent Strike ပြုလုပ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့စည်းလုံးမှုတွေကတော့ တကယ်ကို ကြည်နူးစရာ ကောင်းလွန်း ပါတယ်..။ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ကြသလို Silent Strike မှာလည်း စည်းလုံးကြတဲ့ ပြည်သူတွေရဲ့တော်လှန်ရေးပုံရိပ်တွေကတော့ ပြည်ပနိုင်ငံတွေကပါ ချီးကျူးနေကြရပြီး ကမ္ဘာကိုပါ သိမြင်စေခဲ့တာလည်း တွေ့ရပါတယ်..။
ပြည်သူတွေအားလုံးပါဝင် ပြုလုပ်ခဲ့ကြတဲ့ Silent Strike မှာ ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေ များစွာကလည်း ပါဝင်ခဲ့ကြပြီး သူတို့လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာတွေကနေ အသိပေးဝေမျှခဲ့ကြပါတယ်..။ နာမည်ကျော်ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေးတို့အပြင် အခြားသော သရုပ်ဆောင်အနုပညာရှင်တွေနဲ့ ဂီတအနုပညာရှင်တွေပါ နယ်ပယ်အသီးသီးကနေ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်..။
“ဒီနေ့ကတော့ Silent Strike ပါပဲ ကျမတို့ တစ်အိမ် လုံး လမ်းပေါ်လုံးဝ မထွက်ပါဘူး 😇..” ဆိုပြီး မတ်လ(၂၄)ရက်နေ့က မိသားစုလိုက် ပြည်သူတွေနဲ့ရပ်တည်နေခဲ့တဲ့ အကြောင်းလေးကို ပိုးကြာဖြူခင် ကလည်း ပရိသတ်တွေကိုအသိပေး ပြောပြထားတာ တွေ့ရပါတယ်..။ ပုံစံအမျိုးမျိုးနဲ့ ပါဝင်ပြီး ပြည်သူတွေနဲ့အတူပါဝင်ရပ်တည်နေကြတဲ့ အနုပညာရှင်တွေ ကိုလည်း အားလုံးက လေးစားချစ်ခင်စွာနဲ့ အားပေး စကားလေးတွေလည်း အသီးသီး ပြောထားကြသလို Silent Strike လုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း တင်ဆက်ပေး လိုက်ပါတယ်..။
Photo Credit – Pyae Phoo Khaing’s Fb Acc