တကယ့် အလင်းတန်း ကို မရမချင်း နေ့တိုင်းဟာ တော်လှန်ရေးနေ့ ပဲ ဆိုပြီး ခိုင်မာ ပြတ်သားစွာပြောလာတဲ့ မြနှင်းရည်လွင်

Posted on

ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းမှုတွေ ကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး ချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲ ဖြစ်ပါတယ်..။

မြနှင်းရည်လွင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေ နဲ့အတူ ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရတဲ့ မြနှင်းရည်လွင်ကတော့ တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ တော်လှန်ရေးနေ့ပဲဆိုပြီး ခိုင်မာပြတ်သားစွာပြောလာပါတယ်..။

မြနှင်းရည်လွင်ကတော့ လတ်တလောမှာ လုံခြုံရေးအရ ရှောင်တိမ်းနေရပေမယ့် လည်း ဆုံးဖြတ်ချက်တွေ ခိုင်မာစွာနဲ့ တတ်နိုင် သလောက် အားဖြည့်ပါဝင်နေတာဆိုလည်း မမှားပါဘူး..။

“တကယ့်အလင်းတန်းကို မရမချင်း…..

နေ့တိုင်းဟာ ငါတို့ရဲ့တော်လှန်ရေးနေ့တွေချည်းပဲ။

RejectMilitaryCoupInMyanmar..” ဆိုပြီး မြနှင်းရည်လွင်က ရေးသားထားတာ ဖြစ်ပါတယ်..။

​ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေး တိုက်ပွဲကြီးမှာ ကြိုးစားပါဝင်နေတဲ့ မြနှင်းရည်လွင် ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

Photo Credit – Mya Hnin Yee Lwin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *