တကယ့် ကို ဆုရ သတင်း ထောက် ပီပီ ရဲရဲ ဝံ့ဝံ့ ကို တင်ပြ သွား တာ (ရုပ်/သံဖိုင်)

Posted on

CNN က Clarrisa Ward က သူ့ ကို CNN က Exclusive interview လှမ်းမေးတာ တကယ့်ကို ဆုရ သတင်းထောက်ပိုင်ရှင်ပီပီ ရဲရဲဝံ့ဝံ့ကို တင်ပြသွားတာ။ ဘာလို့ မြန်မာပြည်မှာ ရောက်နေတာလဲ။ ဘာ အရေးကြီးကိစ္စရှိလို့လဲလို့ CNN သတင်း တင်ဆက်သူက Clarrisa ကို စမေးပါတယ်။

Clarrisa – လွန်ခဲ့တဲ့ ၂ လက ဒီမိုကရေစီ အရ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှား ပစ်ပြီး ရှက်ဖို့ကောင်းလောက်အောင် မဲရှူံးခဲ့ရတဲ့ စစ်တပ်က အာဏာသိမ်းလိုက်တယ်၊ ဒါကို မကျေနပ်လို့ ဆန္ဒပြမှုတွေ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းပြီး ပိုမိုဒေါသ ထွက်လာတဲ့အခါ ပိုဖြိုခွင်းလို့ လူတွေရာနဲ့ချီ အသတ်ခံရပြီး အသတ်ခံရတဲ့ ထဲမှာ ကလေးငယ်တွေ ဒါဇင် နဲ့ချီပြီး ပါဝင်ခဲ့တယ်တဲ့၊ ဒါကို မြေပြင်မှာ ကိုယ်တိုင် သွားကြည့်ပြီး သတင်းယူချင်တယ်တဲ့။ စစ်တပ်က အာဏာသိမ်းပြီးတည်းက ဘယ် နိုင်ငံ တကာ သတင်းထောက်ကိုမှ နိုင်ငံထဲကို ပေးမဝင်ခဲ့ဘူးတဲ့၊ သူကတော့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ပြီး မြေပြင် မှာသတင်း ယူ ချင်တယ်၊ အကြမ်းဖက်မှုကို ဆန့်ကျင်ချင်တယ်တဲ့။

သတင်းကို လွတ်လပ်စွာ ယူခွင့်ရရဲ့လား?

Clarrisa – ဟိုတယ် မှာလည်း နေခွင့်မရဘူး။ စစ်တပ်က ထားတဲ့ နေရာမှာပဲနေရတယ်။ သွားလေရာမှာ စစ်သားတွေ အပြည့်ပါတဲ့ စစ်ကား ၆စီး ဝန်းရံထားတဲ့ အစောင့်အရှောက်တွေနဲ့သွားရတယ်။ သူ့တို့ သတင်း အဖွဲ့ကို အလွတ်မပေးဘဲ အမြဲစောင့်ကြည့်ခံထားရပြီး သူတို့ လှုပ် သ မျှ လိုက်ကြည့်နေတယ်။ သူနဲ့ စကား ပြောတယ်၊ သတင်း ယူတယ် ဆိုတာကအစ လိုက်ကြည့်နေတယ်တဲ့။

CNN သတင်းတင်ဆက်သူက Clarrisa ကို မင်းနဲ့ အမေး အဖြေ လုပ်ပြီး အဖမ်း ခံရတဲ့ ပြည်သူတွေ အကြောင်းကို ပြောပါဦး။

Clarrisa – သူတို့ သတင်းအဖွဲ့ဟာ ပြည်သူတွေနဲ့ တွေ့ ခွင့်မရဘူး။ လှုပ်ရှားတက်ကြွ ဆန္ဒပြသူ activist တွေ နဲ့ တွေ့ခွင့်မရဘူး။ သူတို့ တ နေ့ ဈေးထဲမှာ တွေ့ခွင့်ရတာနဲ့ ပြည်သူတွေက ရောက်လာပြီး Three fingers salute လက်သုံးချောင်ထောင် အလေးပြုခြင်း တွေပြကြတ ယ်၊ သူတို့ စကားပြောခွင့်ရတာနဲ့ လာပြီး သူတို့ ထိတ်လန့် တုန်လှုပ်နေတယ်၊ ဘယ်လို ငြိမ်းချမ်းမှုမရှိဘူး ဆိုတာတွေကို လာပြော ကြတယ်တဲ့၊ သူတို့ အဲ့ဒီလို လာပြောပြီး သူတို့ဈေးထဲက ပြန်မထွက်သေးခင်မှာပဲ CNN နဲ့ စကားပြောခဲ့တဲ့သူ ၃ ယောက်ကို ဖမ်းသွားပြီ ဖြစ်ကြောင်း တုန် နေတဲ့ အမျိုးသမီးတယောက်က အပြေးလိုက်လာပြီး သူ့ကို လာပြောတယ်တဲ့။

အခုလို လွတ်လပ်စွာ ပြည်သူတွေက ထုတ်ဖော်သတင်းပေးခွင့်မရတာကို သူအတော် စိတ်ပျက် မချင့်မရဲ ဖြစ်နေကြောင်း သူ့အသံထဲမှာ ကြားနေမြင်နေရတယ်။ သတင်းဖြေပေးတဲ့သူတွေ အဖမ်းခံရတဲ့ကိစ္စကို ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ အင်တာဗျူးမှာအဲ့ဒီသူတွေက ဘာပြစ်မှု ကျူးလွန်လို့ ဖမ်းရတာလဲလို့ မေးတော့

ဗိုလ်ချုပ်ဇော်မင်းထွန်း – သတင်းဖြေတဲ့သူတွေက ဘာရာဇဝတ်မှုမှ မကျူးလွန်ပါဘူး။ သူတို့ က ဈေးထဲမှာ ဆူပူအုံကြွမှုတွေ ဆန္ဒပြမှုတွေ ဖြစ်အောင် လှုံ့ဆော်မှာစိုးလို့ ဖမ်းတာပါတဲ့၊ သူတို့ကို ပြန်လွှတ်ပေးမှာပါတဲ့။

Clarrisa – သတင်းဖြေပေးတဲ့သူ ၁၁ ယောက် အဖမ်းခံရတဲ့ထဲက ၈ ယောက်ပြန်လွှတ်ပေး လိုက်ပြီ ကြားလို့ စိတ်သက်သာရာရပေမဲ့ ပြည် သူတွေက ကင်မရာရှေ့မှာတောင် သူတို့ကြောက်ရွံ့ထိတ်လန့်နေရကြောင်း၊ ကောင်းမွန်တဲ့ အနာဂတ်ကို လိုလားကြောင်း၊ ဒီမိုကရေစီ ရရှိ လိုကြောင်းကို အဖမ် းမခံရဘဲ ပြောခွင့်မရှိကြောင်း၊ အဲ့ဒီလောက်တောင် စစ်တပ်က ပြည်သူကို ခြိမ်းခြောက်နေကြောင်း သူ့မှာ မခံမရပ်နိုင် ပြောပြသွားပါတယ်။

CNN သတင်းထောက်တွေက ဒါဆို စစ်တပ်က CNN ကိုဘာလို့ မြန်မာပြည်ကို လာပြီး သတင်းယူခွင့်ပေးတာလဲ၊ တကယ်လို့များ မင်းနဲ့ အင် တာဗျူးတဲ့သူတိုင်း ကို ဖမ်းနေမယ် Clarrisa – စစ်တပ်က ကမ္ဘာကို ပုံပြင်ဇာတ်လမ်းထွင်ပြောပြချင်တာက ဆန္ဒပြသူတွေက ဘယ်လို ကြမ်းတမ်းအကြမ်းဖက်ကြောင်း၊ အန္တရာယ်ရှိကြောင်း၊ စီးပွားရေးမတည်ငြိမ်မှုဖြစ်စေကြောင်း ဇာတ်လမ်းတွေ ပြောပြချင်တာတဲ့၊ ပြီးတော့ ဆန္ဒပြသူတွေက ခေါ်ဆောင် ခြိမ်းခြောက်ပြီး သူတို့ကို ဘယ်လို နှိမ်ချပြောဆိုကြောင်း ဇာတ်လမ်းပြောပြသူတချို့ကိုလည်း သူတို့နဲ့တွေ့ဆုံစေ ခဲ့တယ်တဲ့။

Clarrisa – နိုဝင်ဘာလတုန်းက တရားဝင် ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ခဲ့ပြီးသားပဲ၊ အဲ့ဒီမှာ ဘက်မလိုက်သော အဖွဲ့အစည်းတွေ ကလည်း စောင့်ကြည်သူတွေရှိခဲ့ကြတယ်၊ သူတို့ဆီက မဲကိစ္စနဲ့ ပတ်သက်ပြီး မဲလိမ်ညာမှုကို သံသယရှိတယ် ဆိုတဲ့ အသံ ဘာသံမှ မကြားခဲ့ရဘူး၊ အဲ့ဒါ ကို မှ စစ်တပ်က အတင်း မဲလိမ်ညာမှုရှိပါတယ် ဆိုပြီး အာဏာသိမ်းခဲ့တယ်၊ ဒါကြောင့် စစ်တပ်က အခု ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ် ပြော တော့ ဘယ်သူမှ မယုံကြတော့ဘူး၊ ရာစုနှစ်တဝက်ကြာ စစ်အစိုးရအောက်မှာဖိနှိပ်ခံထားရပြီးမှရလာတဲ့ လမ်းတဝက်ထိ ရောက်နေပြီဖြစ်တဲ့ ဆယ်စုနှစ်သာ ကြာသေးတဲ့လွတ်လပ်မှုဒီမိုကရေစီ လမ်းကြောင်းကို ပြည်သူတွေက ဘယ်သူမှ မစွန့်လွှတ်ချင် ကြဘူးတဲ့၊ လက်မလျှော့ချင် ကြ ဘူးတဲ့ အခုအချိန်မှာ စစ်တပ်ရဲ့ အာဏာပါဝါနေရာကရော ဘယ်နေရာမှာရှိလဲ၊ ရွေးကောက်ပွဲ ပြန်လုပ်မယ်ဆို သူတို့ ဘယ်လို အခြေ အနေ ရှိနိုင်လဲ လို့မေးတော့ တကယ့်မြေပြင် အခြေအနေမှာ စစ်တပ်ကို ပြည်သူတွေထဲက ထောက်ခံသူမရှိဘူး၊ စစ်လက်နက်နဲ့ စစ်ရေးအရသူတို့က ပြည်သူတွေထက် အရေးသာနေတယ်။

သူတိုမှာ ဆန်းသစ်တဲ့ လက်နက်တွေနဲ့ စစ်အင်အားတွေရှိတယ်၊ စစ်တပ်မှာရှိတာနဲ့ ပြည်သူတွေ မှာ ရှိတာက စစ်အင်အားအရရော၊ ငွေ ကြေး အရရော ဘယ်လိုမှ ပမာဏနှိုင်းယှဉ်လို့ကို မရနိုင်ဘူး၊ သူတို့က အင်အားသုံးပြီး ဆန္ဒပြ ပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်းနေတယ်၊ ဆ န္ဒပြ သူတွေက ပိုပြီး ဒေါသကြီး ရန်လိုလာတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့၊ ပိုပြီး အကြမ်းဖက် ရမ်းကား လာတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်နှိမ်နင်းနေရင် သွေးချောင်းစီး လူသတ်ပွဲကြီးတွေ ဆက်ဖြစ်နေမှာကို ကုလသမဂ္ဂအပါအဝင် အားလုံးက စိုးရိမ်နေကြရတယ်၊ ဒီလိုသာ ဆက်ဖြစ် နေရင် ဒီနိုင်ငံဟာ ဘယ်သူ ကမှ မြင်တွေ့ချင်စရာမကောင်းတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေခံရတဲ့ တကယ့် လူထု ဆူပူ အုံကြွမှုကြီးဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။CNN သတင်းတင်ဆက်သူက CNN နဲ့ ကမ္ဘာက Clarrisa ကို မြန်မာပြည်မှာ ရှိခွင့်ရ တာ အတွက် ကံကောင်းပါ တယ်တဲ့။ နိုင်ငံတကာ ရဲ့ ပြတင်းပေါက်လေးအနေ နဲ့ မြန်မာပြည်မှာ ဘာတွေ တကယ်ဖြစ်ပျက်နေလဲ ဆိုတာ တွေ့မြင်ခွ င့်ရတယ်တဲ့။

ဘာသာပြန် ခရက်ဒစ် – ဒေါက်တာတင့်ဆွေ

zawgyi

CNN က Clarrisa Ward က သူ႔ ကို CNN က Exclusive interview လွမ္းေမးတာ တကယ့္ကို ဆုရ သတင္းေထာက္ပိုင္ရွင္ပီပီ ရဲရဲဝံ့ဝံ့ကို တင္ျပသြားတာ။ ဘာလို႔ ျမန္မာျပည္မွာ ေရာက္ေနတာလဲ။ ဘာ အေရးႀကီးကိစၥရွိလို႔လဲလို႔ CNN သတင္း တင္ဆက္သူက Clarrisa ကို စေမးပါတယ္။

Clarrisa – လြန္ခဲ့တဲ့ ၂ လက ဒီမိုကေရစီ အရ ေ႐ြးေကာက္ တင္ေျမႇာက္ထားတဲ့ အစိုးရကို ဖယ္ရွား ပစ္ၿပီး ရွက္ဖို႔ေကာင္းေလာက္ေအာင္ မဲရႉံးခဲ့ရတဲ့ စစ္တပ္က အာဏာသိမ္းလိုက္တယ္၊ ဒါကို မေက်နပ္လို႔ ဆႏၵျပမႈေတြ ျမန္မာတႏိုင္ငံလုံးမွာ ျဖစ္ပြားခဲ့တယ္။ ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းၿပီး ပိုမိုေဒါသ ထြက္လာတဲ့အခါ ပိုၿဖိဳခြင္းလို႔ လူေတြရာနဲ႔ခ်ီ အသတ္ခံရၿပီး အသတ္ခံရတဲ့ ထဲမွာ ကေလးငယ္ေတြ ဒါဇင္ နဲ႔ခ်ီၿပီး ပါဝင္ခဲ့တယ္တဲ့၊ ဒါကို ေျမျပင္မွာ ကိုယ္တိုင္ သြားၾကည့္ၿပီး သတင္းယူခ်င္တယ္တဲ့။ စစ္တပ္က အာဏာသိမ္းၿပီးတည္းက ဘယ္ ႏိုင္ငံ တကာ သတင္းေထာက္ကိုမွ ႏိုင္ငံထဲကို ေပးမဝင္ခဲ့ဘူးတဲ့၊ သူကေတာ့ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ေတြကို ရင္ဆိုင္ၿပီး ေျမျပင္ မွာသတင္း ယူ ခ်င္တယ္၊ အၾကမ္းဖက္မႈကို ဆန႔္က်င္ခ်င္တယ္တဲ့။

သတင္းကို လြတ္လပ္စြာ ယူခြင့္ရရဲ႕လား?

Clarrisa – ဟိုတယ္ မွာလည္း ေနခြင့္မရဘူး။ စစ္တပ္က ထားတဲ့ ေနရာမွာပဲေနရတယ္။ သြားေလရာမွာ စစ္သားေတြ အျပည့္ပါတဲ့ စစ္ကား ၆စီး ဝန္းရံထားတဲ့ အေစာင့္အေရွာက္ေတြနဲ႔သြားရတယ္။ သူ႔တို႔ သတင္း အဖြဲ႕ကို အလြတ္မေပးဘဲ အၿမဲေစာင့္ၾကည့္ခံထားရၿပီး သူတို႔ လႈပ္ သ မွ် လိုက္ၾကည့္ေနတယ္။ သူနဲ႔ စကား ေျပာတယ္၊ သတင္း ယူတယ္ ဆိုတာကအစ လိုက္ၾကည့္ေနတယ္တဲ့။

CNN သတင္းတင္ဆက္သူက Clarrisa ကို မင္းနဲ႔ အေမး အေျဖ လုပ္ၿပီး အဖမ္း ခံရတဲ့ ျပည္သူေတြ အေၾကာင္းကို ေျပာပါဦး။

Clarrisa – သူတို႔ သတင္းအဖြဲ႕ဟာ ျပည္သူေတြနဲ႔ ေတြ႕ ခြင့္မရဘူး။ လႈပ္ရွားတက္ႂကြ ဆႏၵျပသူ activist ေတြ နဲ႔ ေတြ႕ခြင့္မရဘူး။ သူတို႔ တ ေန႔ ေဈးထဲမွာ ေတြ႕ခြင့္ရတာနဲ႔ ျပည္သူေတြက ေရာက္လာၿပီး Three fingers salute လက္သုံးေခ်ာင္ေထာင္ အေလးျပဳျခင္း ေတြျပၾကတ ယ္၊ သူတို႔ စကားေျပာခြင့္ရတာနဲ႔ လာၿပီး သူတို႔ ထိတ္လန႔္ တုန္လႈပ္ေနတယ္၊ ဘယ္လို ၿငိမ္းခ်မ္းမႈမရွိဘူး ဆိုတာေတြကို လာေျပာ ၾကတယ္တဲ့၊ သူတို႔ အဲ့ဒီလို လာေျပာၿပီး သူတို႔ေဈးထဲက ျပန္မထြက္ေသးခင္မွာပဲ CNN နဲ႔ စကားေျပာခဲ့တဲ့သူ ၃ ေယာက္ကို ဖမ္းသြားၿပီ ျဖစ္ေၾကာင္း တုန္ ေနတဲ့ အမ်ိဳးသမီးတေယာက္က အေျပးလိုက္လာၿပီး သူ႔ကို လာေျပာတယ္တဲ့။

အခုလို လြတ္လပ္စြာ ျပည္သူေတြက ထုတ္ေဖာ္သတင္းေပးခြင့္မရတာကို သူအေတာ္ စိတ္ပ်က္ မခ်င့္မရဲ ျဖစ္ေနေၾကာင္း သူ႔အသံထဲမွာ ၾကားေနျမင္ေနရတယ္။ သတင္းေျဖေပးတဲ့သူေတြ အဖမ္းခံရတဲ့ကိစၥကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ အင္တာဗ်ဴးမွာအဲ့ဒီသူေတြက ဘာျပစ္မႈ က်ဴးလြန္လို႔ ဖမ္းရတာလဲလို႔ ေမးေတာ့

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း – သတင္းေျဖတဲ့သူေတြက ဘာရာဇဝတ္မႈမွ မက်ဴးလြန္ပါဘူး။ သူတို႔ က ေဈးထဲမွာ ဆူပူအုံႂကြမႈေတြ ဆႏၵျပမႈေတြ ျဖစ္ေအာင္ လႈံ႕ေဆာ္မွာစိုးလို႔ ဖမ္းတာပါတဲ့၊ သူတို႔ကို ျပန္လႊတ္ေပးမွာပါတဲ့။

Clarrisa – သတင္းေျဖေပးတဲ့သူ ၁၁ ေယာက္ အဖမ္းခံရတဲ့ထဲက ၈ ေယာက္ျပန္လႊတ္ေပး လိုက္ၿပီ ၾကားလို႔ စိတ္သက္သာရာရေပမဲ့ ျပည္ သူေတြက ကင္မရာေရွ႕မွာေတာင္ သူတို႔ေၾကာက္႐ြံ႕ထိတ္လန႔္ေနရေၾကာင္း၊ ေကာင္းမြန္တဲ့ အနာဂတ္ကို လိုလားေၾကာင္း၊ ဒီမိုကေရစီ ရရွိ လိုေၾကာင္းကို အဖမ္ းမခံရဘဲ ေျပာခြင့္မရွိေၾကာင္း၊ အဲ့ဒီေလာက္ေတာင္ စစ္တပ္က ျပည္သူကို ၿခိမ္းေျခာက္ေနေၾကာင္း သူ႔မွာ မခံမရပ္ႏိုင္ ေျပာျပသြားပါတယ္။

CNN သတင္းေထာက္ေတြက ဒါဆို စစ္တပ္က CNN ကိုဘာလို႔ ျမန္မာျပည္ကို လာၿပီး သတင္းယူခြင့္ေပးတာလဲ၊ တကယ္လို႔မ်ား မင္းနဲ႔ အင္ တာဗ်ဴးတဲ့သူတိုင္း ကို ဖမ္းေနမယ္ Clarrisa – စစ္တပ္က ကမာၻကို ပုံျပင္ဇာတ္လမ္းထြင္ေျပာျပခ်င္တာက ဆႏၵျပသူေတြက ဘယ္လို ၾကမ္းတမ္းအၾကမ္းဖက္ေၾကာင္း၊ အႏၲရာယ္ရွိေၾကာင္း၊ စီးပြားေရးမတည္ၿငိမ္မႈျဖစ္ေစေၾကာင္း ဇာတ္လမ္းေတြ ေျပာျပခ်င္တာတဲ့၊ ၿပီးေတာ့ ဆႏၵျပသူေတြက ေခၚေဆာင္ ၿခိမ္းေျခာက္ၿပီး သူတို႔ကို ဘယ္လို ႏွိမ္ခ်ေျပာဆိုေၾကာင္း ဇာတ္လမ္းေျပာျပသူတခ်ိဳ႕ကိုလည္း သူတို႔နဲ႔ေတြ႕ဆုံေစ ခဲ့တယ္တဲ့။

Clarrisa – ႏိုဝင္ဘာလတုန္းက တရားဝင္ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲ လုပ္ခဲ့ၿပီးသားပဲ၊ အဲ့ဒီမွာ ဘက္မလိုက္ေသာ အဖြဲ႕အစည္းေတြ ကလည္း ေစာင့္ၾကည္သူေတြရွိခဲ့ၾကတယ္၊ သူတို႔ဆီက မဲကိစၥနဲ႔ ပတ္သက္ၿပီး မဲလိမ္ညာမႈကို သံသယရွိတယ္ ဆိုတဲ့ အသံ ဘာသံမွ မၾကားခဲ့ရဘူး၊ အဲ့ဒါ ကို မွ စစ္တပ္က အတင္း မဲလိမ္ညာမႈရွိပါတယ္ ဆိုၿပီး အာဏာသိမ္းခဲ့တယ္၊ ဒါေၾကာင့္ စစ္တပ္က အခု ေ႐ြးေကာက္ပြဲ ျပန္လုပ္ေပးမယ္ ေျပာ ေတာ့ ဘယ္သူမွ မယုံၾကေတာ့ဘူး၊ ရာစုႏွစ္တဝက္ၾကာ စစ္အစိုးရေအာက္မွာဖိႏွိပ္ခံထားရၿပီးမွရလာတဲ့ လမ္းတဝက္ထိ ေရာက္ေနၿပီျဖစ္တဲ့ ဆယ္စုႏွစ္သာ ၾကာေသးတဲ့လြတ္လပ္မႈဒီမိုကေရစီ လမ္းေၾကာင္းကို ျပည္သူေတြက ဘယ္သူမွ မစြန႔္လႊတ္ခ်င္ ၾကဘူးတဲ့၊ လက္မေလွ်ာ့ခ်င္ ၾက ဘူးတဲ့ အခုအခ်ိန္မွာ စစ္တပ္ရဲ႕ အာဏာပါဝါေနရာကေရာ ဘယ္ေနရာမွာရွိလဲ၊ ေ႐ြးေကာက္ပြဲ ျပန္လုပ္မယ္ဆို သူတို႔ ဘယ္လို အေျခ အေန ရွိႏိုင္လဲ လို႔ေမးေတာ့ တကယ့္ေျမျပင္ အေျခအေနမွာ စစ္တပ္ကို ျပည္သူေတြထဲက ေထာက္ခံသူမရွိဘူး၊ စစ္လက္နက္နဲ႔ စစ္ေရးအရသူတို႔က ျပည္သူေတြထက္ အေရးသာေနတယ္။

သူတိုမွာ ဆန္းသစ္တဲ့ လက္နက္ေတြနဲ႔ စစ္အင္အားေတြရွိတယ္၊ စစ္တပ္မွာရွိတာနဲ႔ ျပည္သူေတြ မွာ ရွိတာက စစ္အင္အားအရေရာ၊ ေငြ ေၾကး အရေရာ ဘယ္လိုမွ ပမာဏႏႈိင္းယွဥ္လို႔ကို မရႏိုင္ဘူး၊ သူတို႔က အင္အားသုံးၿပီး ဆႏၵျပ ျပည္သူလူထုကို အၾကမ္းဖက္ ႏွိမ္နင္းေနတယ္၊ ဆ ႏၵျပ သူေတြက ပိုၿပီး ေဒါသႀကီး ရန္လိုလာတယ္ ဆိုတဲ့ အေၾကာင္း ျပခ်က္နဲ႔၊ ပိုၿပီး အၾကမ္းဖက္ ရမ္းကား လာတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဆက္ႏွိမ္နင္းေနရင္ ေသြးေခ်ာင္းစီး လူသတ္ပြဲႀကီးေတြ ဆက္ျဖစ္ေနမွာကို ကုလသမဂၢအပါအဝင္ အားလုံးက စိုးရိမ္ေနၾကရတယ္၊ ဒီလိုသာ ဆက္ျဖစ္ ေနရင္ ဒီႏိုင္ငံဟာ ဘယ္သူ ကမွ ျမင္ေတြ႕ခ်င္စရာမေကာင္းတဲ့ ရက္စက္ ၾကမ္းၾကဳတ္တဲ့ ဖိႏွိပ္ၿဖိဳခြင္းမႈေတြခံရတဲ့ တကယ့္ လူထု ဆူပူ အုံႂကြမႈႀကီးျဖစ္လာႏိုင္တဲ့ အလားအလာရွိတယ္။CNN သတင္းတင္ဆက္သူက CNN နဲ႔ ကမာၻက Clarrisa ကို ျမန္မာျပည္မွာ ရွိခြင့္ရ တာ အတြက္ ကံေကာင္းပါ တယ္တဲ့။ ႏိုင္ငံတကာ ရဲ႕ ျပတင္းေပါက္ေလးအေန နဲ႔ ျမန္မာျပည္မွာ ဘာေတြ တကယ္ျဖစ္ပ်က္ေနလဲ ဆိုတာ ေတြ႕ျမင္ခြ င့္ရတယ္တဲ့။

ဘာသာျပန္ ခရက္ဒစ္ – ေဒါက္တာတင့္ေဆြ

Leave a Reply

Your email address will not be published. Required fields are marked *