“ညီမ ဘဝသည် အမေ့ဘဝ မဟုတ်သ လို အမေ့ဘဝ သည် လည်း ညီမ ဘဝ မဟုတ်ပါဘူး” ဆိုတဲ့ G

Posted on

နိုင်ငံရေးအကြောင်း မပြောချင် လို့ကို ဘာမှမပြောဘဲ နေနေတာ။ ဒါပေမဲ့ ညီမကိုဒီထဲဆွဲထည့်နေတဲ့သူတွေ များလာတော့ အခုဝင်ပြောပါ့မယ်။ ညီမသာ နိုင်ငံရေးကို အစထဲက ဝါသနာပါခဲ့ရင် နိုင်ငံရေး ကိုဘဲ အစထဲကလုပ်မှာ။ ပရဟိတထဲတောင် ဝင်ခဲ့မှာ မဟုတ်ပါဘူး။ နိုင်ငံရေးကို ထူးထူးခြားခြား ဝါသနာမပါပေမဲ့ ပြည်သူ တစ်ယောက်အနေနဲ့ တော့ အခုလို အဖြစ်အပျက်ကြီးကို ဂရုတော့ စိုက်သင့်တယ်လို့ အကုန်လုံးကထင်မှာဘဲ။ မှန်ပါတယ်။ ညီမ လည်း ဂရုစိုက်ပါတယ်။ အမေဖြစ်နေလို့ ဘာမှ ဝင်မပြောတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပရဟိတသမားတစ်ယောက်အနေနဲ့ ဝင်မပါသင့်လို့ ကိုယ့်ခံယူချက်ကို ကိုယ့်စိတ်ထဲဘဲ ထားတာပါ။ နောက်ဆုံး ထုတ်ပြောရင်တောင် ကိုယ်နဲ့လူချင်း သိတဲ့သူတွေကိုဘဲ ထုတ်ပြောမှာပါ။

ညီမ ဘဝသည် အမေ့ဘဝ မဟုတ် သလို အမေ့ဘဝ သည်လည်း ညီမဘဝ မဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတာကိုဘဲ လုပ်ကြတာပါ။ နိုင်ငံရေးထဲ ဝင်မပါချင်ရင်တောင် မတရားမှုကိုတော့ နှုတ်ပိတ်ပြီးမနေသင့်ဘူးလို့ တချို့ကလည်း ပြောမှာပေါ့။ ဒါကတော့ ညီမ မလေ့လာထားတဲ့ ဘာသာရပ်မလို့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဆရာဝင် မလုပ် ချင်တာပါ။ နိုင်ငံရေးမပြောနဲ့ ဘယ်နေရာမှာမဆို မတရားမှုကတော့ ရှိတာပါဘဲ။ ညီမ ကိုယ့်ဘာသာ ကိုယ်နေပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာတောင် နိုင်ငံရေးထဲ ဆွဲထည့်ပြီးတော့ ဆဲနေကြတာလည်း အရမ်းတော့ မတရားဘူး။ ဒါကလည်း ညီမ ဘာမှမတတ်နိုင်တဲ့ ကိစ္စပါ။ အဲ့လိုဘဲ မတရားမှုတွေ အများစုက ကိုယ်ဘာမှ မတတ်နိုင်တာတွေ များပါတယ်။

တစ်မိသားစုလုံးကို မုန်းတယ်ဆိုလည်းရတယ်။ အမေကို မုန်းပြီး ညီမကိုမမုန်းလည်း ရတယ်။ အမေကို မမုန်းလည်း ညီမကိုမုန်းလို့ ရတယ်။ ပရဟိတသမား တစ်ယောက်နေနဲ့တော့ လူကိုလူလို့ မြင်ရမဲ့ တာဝန်ရှိပါတယ်။ ညီမတို့က အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ လူမျိုးဘာသာမရွေး၊ ဝါနီစိမ်းပြာ မရွေး ကူညီဖို့အစဉ်သင့်ပါဘဲ။ မတရားတာတွေ ကြုံရရင် ပေါက်ကွဲတက်တာ လူ့သဘာဝပါ။ အဲ့တော့ ညီမရဲ့ post တွေအောက်မှာ ဝင်ဆဲကြပြီး ပေါက်ကွဲလို့ရပါတယ်။ ပြင်းတဲ့အခါ comment တွေ ဖတ်ပေးပါမယ်နော်။ ဒီနေ့အဖို့တော့ ဒီလောက်ပါဘဲ။ ဒီလောက် ရှည်ရှည်ဖတ်ပေးလို့အားလုံးကို ကျေးဇူးတင်ပါတယ်။

crd

zawgyi

ႏိုင္ငံေရးအေၾကာင္း မေျပာခ်င္ လို႔ကို ဘာမွမေျပာဘဲ ေနေနတာ။ ဒါေပမဲ့ ညီမကိုဒီထဲဆြဲထည့္ေနတဲ့သူေတြ မ်ားလာေတာ့ အခုဝင္ေျပာပါ့မယ္။ ညီမသာ ႏိုင္ငံေရးကို အစထဲက ဝါသနာပါခဲ့ရင္ ႏိုင္ငံေရး ကိုဘဲ အစထဲကလုပ္မွာ။ ပရဟိတထဲေတာင္ ဝင္ခဲ့မွာမဟုတ္ပါဘူး။ ႏိုင္ငံေရးကို ထူးထူးျခားျခား ဝါသနာမပါေပမဲ့ ျပည္သူ တစ္ေယာက္အေနနဲ႔ ေတာ့ အခုလို အျဖစ္အပ်က္ႀကီးကို ဂ႐ုေတာ့ စိုက္သင့္တယ္လို႔ အကုန္လုံးကထင္မွာဘဲ။ မွန္ပါတယ္။ ညီမ လည္းဂ႐ုစိုက္ပါတယ္။ အေမျဖစ္ေနလို႔ ဘာမွဝင္မေျပာတာလည္း မဟုတ္ဘူး။ ဒါေပမဲ့ ပရဟိတသမားတစ္ေယာက္အေနနဲ႔ ဝင္မပါသင့္လို႔ ကိုယ့္ခံယူခ်က္ကို ကိုယ့္စိတ္ထဲဘဲ ထားတာပါ။ ေနာက္ဆုံး ထုတ္ေျပာရင္ေတာင္ ကိုယ္နဲ႔လူခ်င္း သိတဲ့သူေတြကိုဘဲ ထုတ္ေျပာမွာပါ။

ညီမ ဘဝသည္ အေမ့ဘဝ မဟုတ္သလို အေမ့ဘဝ သည္လည္း ညီမဘဝ မဟုတ္ပါဘူး။ ကိုယ္ဝါသနာပါတာကိုဘဲ လုပ္ၾကတာပါ။ ႏိုင္ငံေရးထဲ ဝင္မပါခ်င္ရင္ေတာင္ မတရားမႈကိုေတာ့ ႏႈတ္ပိတ္ၿပီးမေနသင့္ဘူးလို႔ တခ်ိဳ႕ကလည္း ေျပာမွာေပါ့။ ဒါကေတာ့ ညီမ မေလ့လာထားတဲ့ ဘာသာရပ္မလို႔ ကိုယ္မကြၽမ္းက်င္တဲ့ နယ္ပယ္မွာ ဆရာဝင္ မလုပ္ ခ်င္တာပါ။ ႏိုင္ငံေရးမေျပာနဲ႔ ဘယ္ေနရာမွာမဆို မတရားမႈကေတာ့ ရွိတာပါဘဲ။ ညီမ ကိုယ့္ဘာသာ ကိုယ္ေနၿပီး ကိုယ့္အလုပ္ ကိုယ္လုပ္ေနတာေတာင္ ႏိုင္ငံေရးထဲ ဆြဲထည့္ၿပီးေတာ့ ဆဲေနၾကတာလည္း အရမ္းေတာ့ မတရားဘူး။ ဒါကလည္း ညီမ ဘာမွမတတ္ႏိုင္တဲ့ ကိစၥပါ။ အဲ့လိုဘဲ မတရားမႈေတြအမ်ားစုက ကိုယ္ဘာမွ မတတ္ႏိုင္တာေတြမ်ားပါတယ္။

တစ္မိသားစုလုံးကို မုန္းတယ္ဆိုလည္းရတယ္။ အေမကို မုန္းၿပီး ညီမကိုမမုန္းလည္း ရတယ္။ အေမကို မမုန္းလည္း ညီမကိုမုန္းလို႔ ရတယ္။ ပရဟိတသမား တစ္ေယာက္ေနနဲ႔ေတာ့ လူကိုလူလို႔ ျမင္ရမဲ့ တာဝန္ရွိပါတယ္။ ညီမတို႔က အသက္အ႐ြယ္မေ႐ြး၊ က်ားမ မေ႐ြး၊ လူမ်ိဳးဘာသာမေ႐ြး၊ ဝါနီစိမ္းျပာ မေ႐ြး ကူညီဖို႔အစဥ္သင့္ပါဘဲ။ မတရားတာေတြ ႀကဳံရရင္ ေပါက္ကြဲတက္တာ လူ႔သဘာဝပါ။ အဲ့ေတာ့ ညီမရဲ႕ post ေတြေအာက္မွာ ဝင္ဆဲၾကၿပီး ေပါက္ကြဲလို႔ရပါတယ္။ ျပင္းတဲ့အခါ comment ေတြ ဖတ္ေပးပါမယ္ေနာ္။ ဒီေန႔အဖို႔ေတာ့ ဒီေလာက္ပါဘဲ။ ဒီေလာက္ ရွည္ရွည္ဖတ္ေပးလို႔အားလုံးကို ေက်းဇူးတင္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *