ညီညီအောင်ထက်နိုင် က သူ့ကိုဘာ လို့ အမျှဝေနေကြတာ လဲလို့ အိပ်မက် ထဲ မှာ လာမေးကြောင်း ပြောပြလာတဲ့ အမွှာအကို

Posted on

ဒီမိုကရေစီတိုက်ပွဲ အတွက် အနစ်နာ ခံပြီး ကြိုးစားပေးသွားကြတဲ့ သူရဲကောင်းတွေ ကတော့ ပြည်သူတွေရဲ့ရင်ထဲမှာထာဝရရှင်သန်နေမှာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလကတည်းက အသက်ပေးသွားခဲ့ရသူတွေကိုလည်း ယနေ့ အချိန်ထိတိုင်အောင် အောက်မေ့ သတိရနေကြဆဲဖြစ်ပါတယ်။

မနေ့က ဇွန်လ (၂၈) ရက်နေ့ ကတော့ သူရဲကောင်းလေး ညီညီအောင်ထက်နိုင် ကျဆုံးသွားခဲ့တဲ့ (၄) လပြည့်နေ့လေးပဲဖြစ်ပါတယ်။ညီညီရဲ့ အမွှာအစ်ကိုကလည်း သူ့ရဲ့ညီလေးအတွက် ကောင်းမှူကုသိုလ်တွေကို အမြဲ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဇွန်လ (၂၈)ရက်နေ့ ညီညီ့ရဲ့(၄)လပြည့် မှာလည်း သူအရမ်း ချစ်တတ် တဲ့ ခွေးလေး၊ကြောင်လေးတွေအတွက် အလှူလုပ်ပေးခဲ့တာဖြစ်ပါတယ

ကျန်ရစ်သူမိသားစုဝင်တွေ ကတော့ ညီညီ့ကို အမြဲသတိရနေကြပြီး အမှတ်တရတွေ ကိုလည်း ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အစ်ကိုဖြစ်သူက ညီညီ့ကို အိပ်မက်မက်တဲ့ အကြောင်းကို ဖွင့်ဟလာတာဖြစ်ပါတယ်။

ညီညီရဲ့ အစ်ကိုကတော့ အိပ်မက်တွေက တကယ်မဟုတ်နိုင်ဘူး ဆိုတာသိနေပေမယ့်လည်းနာကျင်နေရတာဖြစ်ပါတယ်။

အိပ်မက်ထဲမှာ သူ့ရဲ့ညီလေးက သူ့ဆီကို ဘာလို့ လာလို့မရတာ လဲလို့ မေးတာကြောင့် ဘယ်လိုစိတ်နဲ့ဖြေရမလဲဆိုပြီးခံစားနေရတာဖြစ်ပါတယ်

ပြီးတော့လည်း “ငါ့ကို ဘာလို့ အမျှ တွေဝေနေကြတာလဲ”ဆိုပြီး ထပ်မေးလိုက်တဲ့စကားကြောင့် အစ်ကိုဖြစ်သူခမျာ စိတ်ထဲမွန်းကြပ်သွားခဲ့တာဖြစ်ပါတယ်။

အိပ်မက်ထဲမှာတော့ သူ့ရဲ့ညီလေးကို သူပြောချင်တဲ့ စကားလေးတွေ ပြောဖြစ်အောင်ပြောခဲ့လိုက်ပါတယ် ဆိုပြီး သတိရလို့ စိတ်စွဲကာ အိပ်မက်မက်တဲ့အကြောင်းကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *