ညအိပ်ဝတ်စုံလေး နဲ့ အိပ်ရာထက် မှာ အလန်းစားပုံတွေကို ချပြ လိုက်တဲ့ ဖြူဖြူကျော်သိန်း

Posted on

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဂီတလောကရဲ့ငွေကြယ်ပွင့်တစ်ဦးလို့ ဆိုရလောက်အောင်ပင် သူမရဲ့ အောင်မြင်မှုတွေက လွှမ်းမိုးထားနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ သူများတွေနဲ့လုံးဝမတူတဲ့ အသံပါဝါကိုပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းက တကယ့်ကိုထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းကို တေးသံရှင်အချင်းချင်းကပါ လေးစားချစ်ခင်ကြသလို ပရိသတ်တွေကလည်း အခိုင်အမာ အားပေး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။

ဖြူဖြူကျော်သိန်းက တေးသီချင်းကောင်းမြောက်မြားစွာ ထွက်ရှိအောင်မြင်ခဲ့သလို လက်ရှိမှာလည်း နောက်ထပ် သီချင်းတွေကို ထပ်မံဖန်တီးနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ဖြူဖြူကျော်သိန်းက Couple ပုံလေးတွေကို မကြာခဏတင်ပေးနေတာကြောင့် ပရိသတ်တွေကလည်း သူမရဲ့အချစ်ရေးကို အထူးစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူကျော်သိန်းက ညအိပ်ခါနီးအချိန်လေးမှာတောင် ကပိုကရိုပုံစံလေးနဲ့ ဆွဲဆောင်မှု ရှိရှိ လှနေတဲ့ပုံရိပ်တွေကို ချပြလိုက်တာ ဖြစ်ပါတယ် ။

ဖြူဖြူကျော်သိန်းက “ဖုန်းပြောတယ်၊စာဖတ်တယ်၊ ပြီးရင်အိပ်တော့မယ် ဂွက်ညနော် ချစ်ဆုံးတို့ ။ တကယ်ကို အချစ်ရှိမရှိကတော့ အိပ်မက်ထဲကျမှမေးကြည့်တော့မယ် ။” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ညအိပ်ဝတ်စုံလေးနဲ့ ပင်ကိုယ်အလှတရားတွေပေါ်လွင်နေတဲ့ ဖြူဖြူကျော်သိန်းကတော့ အိပ်ရာထက်မှာ လဲလျောင်းရင်း စာဖတ်လိုက်၊ ဖုန်းပြောလိုက်နဲ့ ပျော်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူကျော်သိန်းရဲ့အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source :Phyu Phyu Kyaw Thein’s FB Page

Photo Credit-Dior By Heart

Leave a Reply

Your email address will not be published. Required fields are marked *