ညတိုင်း သံဗုံးကို အားရပါးရတီးပြီး ပြည်သူတွေနဲ့ တစ်တပ် တစ်အားပါဝင်ကာ တာဝန်ကျေနေတဲ့ အကြောင်း ပြသလိုက်တဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းပြီး ချစ်စရာလည်းကောင်းသလို စကားပြော ပွင့်လင်းကာ စိတ်သဘောထားလေးလည်း ကောင်းမွန်သူလေးမို့ ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ..။ ဘေဘီလေးကတော့ လက်တလောမှာလည်း ပြည်သူတွေ နဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေကာ လှုပ်ရှားမှုတွေမှာ ပါဝင်နေသလို တက်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ် အားဖြည့် ပါဝင်နေတာလည်း တွေ့ရပါတယ်နော်..။

ပုံမတင်ဖြစ်ပေမယ့်လည်း နေ့တိုင်း အပြင်ထွက်တဲ့ အကြောင်းလေး ကိုလည်း ပြောပြထားသလို ပြည်သူတွေအတွက် အိမ်ကနေလည်းဘာသာရေးအရ ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ဆုတောင်းကာ မေတ္တာပို့ပေးပြီး တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူလေး လည်း ဖြစ်ပါတယ်..။ ဘေဘီမောင်ဟာ ညတိုင်း သံဗုံးကိုအားရပါးရတီးကာ ပြည်သူတွေနဲ့အတူ တစ်တပ် တစ်အားပါဝင်ကာ သူမအနေနဲ့ ညတိုင်းလည်း တာဝန်ကျေနေတဲ့အကြောင်း လေးတွေကို ဓာတ်ပုံလေးတွေ နဲ့အတူ ပြသလိုက်ပြန်ပါတယ်နော်..။

“တီးချိန်တန်ရင်တီးရမှာပဲ🙋🏼‍♀️..” ဆိုပြီး တာဝန်ကျေစွာ သံဗုံးတီးခဲ့နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဘေဘီမောင် ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှထားကာ ပြည်သူတွေနဲ့ ရပ်တည်နေကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်နော်..။ ပြည်သူတွေနဲ့အတူရှိနေပြီး တက်နိုင်တဲ့ ဘက်ကနေ ဖေးမကူညီမှုတွေနဲ့အတူ ပါဝင် အားဖြည့်နေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကိုတော့ ပရိသတ်တွေအချစ်ပိုနေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Baby Maung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *