ဇန်နဝါရီလ မှ မေလ အထိ သုံ းစွဲ ပြီး ယူနစ် များ ကို သုံးကြိမ် ခွဲ ကောက်ခံ သွားမည်

Posted on

နိုင်ငံရေး အပြောင်းအလဲ များကြောင့် ကောက်ခံမှု ရပ်ဆိုင် းထားသည့် ဇန်နဝါရီလ မှ မေလ အတွင်း သုံးစွဲထားသည့် လျှပ်စစ်မီတာခများကို သုံးစွဲပြီး ယူနစ်များ ကို အချိုးကျ တွက်ချက်ပြီး သုံးကြိမ်ခွဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီတာများကို မေလ အတွင်းလိုက် ဖက်နေပြီး ဇန်နဝါရီလ မှ လက်ရှိမေ လ အတွင်း သုံးစွဲယူနစ်များကို ဘေလ် သုံးစောင်ခွဲပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း ၊ထိုသို့ပြန် လည် ကောက်ခံရာတွင် ယခင်ကအိမ်သုံးလျှပ်စစ် မီတာခ များကို

ယူနစ် ၁၅၀(ကျပ် ၁၁၀၀၀) ကို ဇန်နဝါရီလ မှ မတ်လ အထိ ကွင်းလွတ် ခွင့်ပြုထားပြီး လျော့ချ တွက်ချက်ထားကြောင်းဧပြီလ မှ စတင်ကာ အဆိုပါကင်းလွတ်ခွင့် မပြုတော့ကြောင်း ပုသိမ်ကြီးမြို့နယ် လျှပ် စစ် မန်နေဂျာက ပြောသည်။

“ ဇန်နဝါရီလ အတွက် ဖတ်တာတဲ့ မီတာခ ဘေလ်တွေကို ဖေဖော်ဝါရီလဆန်းမှာ ၀န်ထမ်းတွေ CDM ပြုလုပ်ခဲ့တာကြောင့်မဝေနိုင်လိုက်ပါဘူး။ဒီတော့ မေလ မီတာတွေ လိုက်ဖက်နေတာက ဖေဖော်ဝါရီ မတ် ၊ဧပြီ အတွက်လိုက်ဖက်တာပါ။ လက်ရှိမှာ ဖတ်ပြီးသားမီတာခများကို လိုက်ဝေနေပါပြီ။

ဒီလိုက်ဝေနေတဲ့ မီတာဘေလ် တွေသည် ဇန်နဝါရီလ အတွက် သုံးစွဲထားသော် မီတာခ များကို မေ လ ၂၅ ရက် နောက်ဆုံးထားပေးဆောင်ရမှာဖြစ်ပါတယ်။မီတာဘေလ်မှာ မတ်လ ၂၅ လို့ရေးထားပေမယ့် နောက် ၂လ ဆုတ်ပြီးမေ လ ၂၅ ထိ ခွင့်ပြုထားပါတယ်။ ဒီလိုပဲ ဖေဖော်ဝါရီ လ အတွက် ဆိုရင် ဇွန်လ ၂၅ ရက်မှာ ဆက် လက် ဆောင်သွားရမှာပါ။

ဒီလို မီတာခ ဆောင်ရာမှာ အရင်က အိမ်သုံးမီတာ များကို ယူနစ် ၁၅၀ =ကျပ် ၁၁၀၀၀ ကင်းလွတ်ခွင့်ကို တစ်ခါတာ လျော့ပေးထားပါတယ်။ဇန်နဝါရီ ၊ဖေဖော်ဝါရီ၊မတ် သုံးလ ကင်းလွတ်ခွင့်ပေးထားပါတယ်။ ဧပြီလ ကစပြီး ယူနစ် ၁၅၀ ကင်းလွတ်ခွင့် မပါရှိတော့ပါဘူး။

မတ်လ နဲ့ ဧပြီလအတွက်ကိုတော့ ဇူလိုင်လ မှာ ပေါင်းဆောင်ရပေမယ့် မတ်လ အတွက် ယူနစ် ၁၅၀ လျော့ပေးထားပါတယ်” ဟု ၄င်းကပြောသည်။လျှစ်စစ်မီတာခများကို ပြန်လည်ကောက်ခံရာတွင် ဇန်နဝါရီလ အတွက် ပေးဆောင်ရမည့် မီတာခများကို ၂ လ နောက်ကျ ကာ မေ ၂၅ ရက်နေ့ နောက်ဆုံးထားကာ

သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်ရုံးများတွင် ပေးဆောင်ရ မည် ဖြစ်ပြီး ဖေဖော်ဝါရီ ၊မတ်၊ဧပြီ လ များ အတွက် ပေးဆောင်ရမည့် နောက်ဆုံးထားရက်များအတိုင်း သက်ဆိုင်ရာ လျှပ်စစ်ရုံးများတွင်လည်းကောင်း ၊ ယခင်ဘဏ်စနစ်ဖြင့် ပေးဆောင်နိုင်ရန် ဘဏ်များနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။

Source -ရွှေမန်း-

zawgyi

ႏိုင္ငံေရး အေျပာင္းအလဲ မ်ားေၾကာင့္ ေကာက္ခံမႈ ရပ္ဆိုင္ းထားသည့္ ဇန္နဝါရီလ မွ ေမလ အတြင္း သုံးစြဲထားသည့္ လွ်ပ္စစ္မီတာခမ်ားကို သုံးစြဲၿပီး ယူနစ္မ်ား ကို အခ်ိဳးက် တြက္ခ်က္ၿပီး သုံးႀကိမ္ခြဲ ေကာက္ခံ သြားမည္ ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီတာမ်ားကို ေမလ အတြင္းလိုက္ ဖက္ေနၿပီး ဇန္နဝါရီလ မွ လက္ရွိေမ လ အတြင္း သုံးစြဲယူနစ္မ်ားကို ေဘလ္ သုံးေစာင္ခြဲၿပီး ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ၊ထိုသို႔ျပန္ လည္ ေကာက္ခံရာတြင္ ယခင္ကအိမ္သုံးလွ်ပ္စစ္ မီတာခ မ်ားကို

ယူနစ္ ၁၅၀(က်ပ္ ၁၁၀၀၀) ကို ဇန္နဝါရီလ မွ မတ္လ အထိ ကြင္းလြတ္ ခြင့္ျပဳထားၿပီး ေလ်ာ့ခ် တြက္ခ်က္ထားေၾကာင္းဧၿပီလ မွ စတင္ကာ အဆိုပါကင္းလြတ္ခြင့္ မျပဳေတာ့ေၾကာင္း ပုသိမ္ႀကီးၿမိဳ႕နယ္ လွ်ပ္ စစ္ မန္ေနဂ်ာက ေျပာသည္။

“ ဇန္နဝါရီလ အတြက္ ဖတ္တာတဲ့ မီတာခ ေဘလ္ေတြကို ေဖေဖာ္ဝါရီလဆန္းမွာ ၀န္ထမ္းေတြ CDM ျပဳလုပ္ခဲ့တာေၾကာင့္မေဝႏိုင္လိုက္ပါဘူး။ဒီေတာ့ ေမလ မီတာေတြ လိုက္ဖက္ေနတာက ေဖေဖာ္ဝါရီ မတ္ ၊ဧၿပီ အတြက္လိုက္ဖက္တာပါ။ လက္ရွိမွာ ဖတ္ၿပီးသားမီတာခမ်ားကို လိုက္ေဝေနပါၿပီ။

ဒီလိုက္ေဝေနတဲ့ မီတာေဘလ္ ေတြသည္ ဇန္နဝါရီလ အတြက္ သုံးစြဲထားေသာ္ မီတာခ မ်ားကို ေမ လ ၂၅ ရက္ ေနာက္ဆုံးထားေပးေဆာင္ရမွာျဖစ္ပါတယ္။မီတာေဘလ္မွာ မတ္လ ၂၅ လို႔ေရးထားေပမယ့္ ေနာက္ ၂လ ဆုတ္ၿပီးေမ လ ၂၅ ထိ ခြင့္ျပဳထားပါတယ္။ ဒီလိုပဲ ေဖေဖာ္ဝါရီ လ အတြက္ ဆိုရင္ ဇြန္လ ၂၅ ရက္မွာ ဆက္ လက္ ေဆာင္သြားရမွာပါ။

ဒီလို မီတာခ ေဆာင္ရာမွာ အရင္က အိမ္သုံးမီတာ မ်ားကို ယူနစ္ ၁၅၀ =က်ပ္ ၁၁၀၀၀ ကင္းလြတ္ခြင့္ကို တစ္ခါတာ ေလ်ာ့ေပးထားပါတယ္။ဇန္နဝါရီ ၊ေဖေဖာ္ဝါရီ၊မတ္ သုံးလ ကင္းလြတ္ခြင့္ေပးထားပါတယ္။ ဧၿပီလ ကစၿပီး ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ မပါရွိေတာ့ပါဘူး။

မတ္လ နဲ႔ ဧၿပီလအတြက္ကိုေတာ့ ဇူလိုင္လ မွာ ေပါင္းေဆာင္ရေပမယ့္ မတ္လ အတြက္ ယူနစ္ ၁၅၀ ေလ်ာ့ေပးထားပါတယ္” ဟု ၄င္းကေျပာသည္။လွ်စ္စစ္မီတာခမ်ားကို ျပန္လည္ေကာက္ခံရာတြင္ ဇန္နဝါရီလ အတြက္ ေပးေဆာင္ရမည့္ မီတာခမ်ားကို ၂ လ ေနာက္က် ကာ ေမ ၂၅ ရက္ေန႔ ေနာက္ဆုံးထားကာ

သက္ဆိုင္ရာ ၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးမ်ားတြင္ ေပးေဆာင္ရ မည္ ျဖစ္ၿပီး ေဖေဖာ္ဝါရီ ၊မတ္၊ဧၿပီ လ မ်ား အတြက္ ေပးေဆာင္ရမည့္ ေနာက္ဆုံးထားရက္မ်ားအတိုင္း သက္ဆိုင္ရာ လွ်ပ္စစ္႐ုံးမ်ားတြင္လည္းေကာင္း ၊ ယခင္ဘဏ္စနစ္ျဖင့္ ေပးေဆာင္ႏိုင္ရန္ ဘဏ္မ်ားႏွင့္ ဆက္လက္ခ်ိတ္ဆက္ေဆာင္႐ြက္သြား မည္ျဖစ္ ေၾကာင္းသိရသည္။

Source -ေ႐ႊမန္း-

Leave a Reply

Your email address will not be published. Required fields are marked *