ဇင်ဝိုင်း၊ ခင်လှိုင်၊ ပြေတီဦး၊ နေတိုး တို့ နဲ့ အတူ လက်ခုပ် တီးပြီး သီချင်းတွေ ညီညီညာညာ ဆိုကာ ပြည်သူတွေ ကြား မှာ ပါဝင် ခဲ့တဲ့ လူမင်း ရဲ့ ဗီဒီယို

Posted on

ပရိသတ်ကြီးရေ တစ်ခေတ် တစ်ချိန်က နာမည်ကျော်ကြား လူကြိုက် များခဲ့တဲ့ ဝါရင့် သရုပ်ဆောင်ကြီး လူမင်းကိုတော့ပရိသတ်ကြီး ခုချိန်ထိ အားပေးချစ်ခင်နေအုံးမယ်ထင်ပါတယ်။လူမင်းကို ပရိသတ်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ လည်းခေါ်ကြတာတွေ့ရပါတယ်။လူမင် းဟာ သရုပ်ဆောင်ပိုင်းမှာလည်း မည်သည့်ဇာတ်ရုပ်ကိုမဆို ပီပြင်အောင် သရုပ်ဆောင်တက်ပြီး အနုပညာလောကမှာ ဘက်စုံ အရည်းချင်းရှိတဲ့ သူတစ်ဦး ဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲဖြစ်နေရခြင်းဖြစ်ပါတယ်။

လတ်တလော မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေအပါအဝင် လူမင်း၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ ပြေတီဦး စတဲ့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေတော်တော် များများကလည်း လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ကြသလို အစားသောက် များစွာကို လည်း ရက်ရက် ရောရော လှူဒါန်းခဲ့ကြတာတွေ့ရပါတယ် ။

ဒီနေ့မှာလည်း လူမင်းက အနုပညာမောင်နှမတွေ စုံစုံလင်လင် နဲ့ လက်ခုပ်တီးကာ သီချင်းတွေညီညီညာညာဆိုရင်း ပြည်သူတွေ နဲ့အတူ တစ်သားထဲ လှုပ်ရှားပါဝင်ခဲ့တဲ့ ဗီဒီယိုနဲ့ ပုံရိပ်လေးတွေကို သူရဲ့ဖေ့ဘွတ်အကောင့်မှာ ဝေမျှလာတာဖြစ်ပါတယ်။ ပရိသတ်လည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Source & Photo Credit : Ayarwady Lumin Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *