ဆွဲဆောင်မှု ရှိတဲ့ အလှတရားတွေ ပေါ်လွင်နေလောက်အောင် အမိုက်စား Tik Tok ဆော့ပြလိုက်တဲ့ G

Posted on

တက်သစ်စအဆိုတော်မလေး G ကတော့ အခုဆိုရင် ဂီတ လမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီဖြစ်သလို အနုပညာအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။ G က ရွှေနန်းတော်ရတနာဆိုင်ရဲ့သမီးချောလေးဖြစ်ပြီး အရမ်းကို ချမ်းသာကြွယ်ဝတဲ့ မျိုးရိုးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း G က မာန်မာနတွေလုံးဝမရှိဘဲ ပကာသနကင်းပြီး အားလုံးနဲ့လိုက်လျောညီထွေစွာ ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေက သူမကို ပိုချစ်နေရတာ ဖြစ်ပါတယ် ။

စိတ်ထားဖြူစင်ပြီး သဒ္ဓါတရားထက်သန်တဲ့ G က အခုလိုကာလ မှာတောင် လူနာတင်ကားကိုကိုယ်တိုင်မောင်းပြီး ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ လိုအပ်နေတဲ့နေရာတွေကို ကူညီပေးနေတဲ့ G က Live Sale တွေရောင်းချရင်းရလာတဲ့ အနုပညာကြေးတွေနဲ့ အလှူ လုပ်လေ့ရှိတာ ဖြစ်ပါတယ် ။ ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့ G က အမြဲတမ်းလိုလို ဘာမှမ
လိမ်းခြယ်ဘဲနေတတ်ပေမယ့် ပြင်ပြင်ဆင်ဆင်နေလိုက်တဲ့အခါမှာ အားလုံးငေးရလောက်အောင် ကို လှနိုင်လွန်းတာ ဖြစ်ပါတယ် ။

အခုလည်း G က အမိုက်စား ဖက်ရှင်တွေကို တစ်ထည်ပြီးတစ်ထည် ဝတ်ဆင်ပြီး အထာကျကျ Tik Tok ကစားပြထားတာ ဖြစ်ပါတယ် ။ မြင်နေကျပုံစံနဲ့ လုံးဝမတူအောင်ပြောင်းလဲပြလိုက်ပြီး အရမ်းလှနေတဲ့ G က အပြစ်အနာအဆာကင်းတဲ့ အသားအရေလေးနဲ့အတူ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေ ပေါ်လွင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး G ရဲ့Tik Tok ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-“G Vocals” Tik Tok Acc

zawgyi

Leave a Reply

Your email address will not be published. Required fields are marked *