ဆိုးရွားလာ တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရင်ထဲက အပူမီးတွေ အမြန်ဆုံး ငြိမ်းဖို့ ဘုရားကိုသွားပြီး ဆုတောင်း နေခဲ့တဲ့ ပိုးကြာဖြူခင်

Posted on

သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ဖေဖော်ဝါရီလ အစ ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေမှာ တစ်တပ်တစ်အား အနေနဲ့ ပါဝင်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သွေးအေးမသွားပဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ ပိုးကြာဖြူခင်က ယခုအချိန်ထိ လည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင် အားဖြည့်နေတာကို တွေ့ရပါတယ်။

ပိုးကြာဖြူခင်က သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့ အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့ နေရာတွေမှာလည်း တတ်စွမ်းသလောက် အလှူပြုနေခဲ့တာပါ။ ဒါ့အပြင် အားပေးသူ Follower များတဲ့ သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေ နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ ရှိတာဖြစ်ပါတယ်။

အရင်ကထက် ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေးကြောင့် ပိုးကြာဖြူခင်က ဘုရား ကို သွားရောက်ပြီး မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့အတွက် ဆုတောင်းပေးနေခဲ့ပါတယ်။ ပိုးကြာဖြူခင်က ဘုရားမှာ ဆီမီးများကို ပူဇော်ကာ ဝတ်ပြုဆုတောင်းနေတဲ့ ပုံတွေအပြင် ” ငိုစရာ မျက်ရည်တွေလဲ မကျန်တော့ဘူး ဒီလောက်နဲ့ပဲ ကျေနပ် ကြပါတော့ ” ဆိုတဲ့ စာသားကိုလည်း ရေးသား တောင်းဆိုခဲ့ပါသေးတယ်။ တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံအတွက် စွမ်းစွမ်းတမံ ကူညီအားဖြည့်ပေးနေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံတွေကို ကူးယူပြီး ပရိသတ်တွေထံ ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Poe Kyar Phyu Khin’s FB Pag

zawgyi

သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ကေတာ့ ေဖေဖာ္ဝါရီလ အစ ကတည္းက ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရး အေျခအေနေတြမွာ တစ္တပ္တစ္အား အေနနဲ႔ ပါဝင္ေနတဲ့ ျပည္သူထဲက ျပည္သူတစ္ေယာက္ပါ။ ရက္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီျဖစ္တဲ့ ႏိုင္ငံေရး အေျပာင္းအလဲမွာ ေသြးေအးမသြားပဲ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနတဲ့ ပိုးၾကာျဖဴခင္က ယခုအခ်ိန္ထိ လည္း တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္ အားျဖည့္ေနတာကို ေတြ႕ရပါတယ္။

ပိုးၾကာျဖဴခင္က သူမကိုယ္တိုင္လည္း လမ္းေပၚထြက္ၿပီး ျပည္သူေတြနဲ႔ အတူ လူထုလႈပ္ရွားမႈႀကီးမွာ ပါဝင္ခဲ့သလို လိုအပ္တဲ့ ေနရာေတြမွာလည္း တတ္စြမ္းသေလာက္ အလႉျပဳေနခဲ့တာပါ။ ဒါ့အျပင္ အားေပးသူ Follower မ်ားတဲ့ သူမရဲ႕ Facebook Account ထက္မွာလည္း လက္ရွိအေျခအေန နဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာေတြကို အမ်ားျပည္သူသိရေအာင္ တင္ေပးေလ့ ရွိတာျဖစ္ပါတယ္။

အရင္ကထက္ ပိုမိုဆိုး႐ြားလာတဲ့ ႏိုင္ငံေရးေၾကာင့္ ပိုးၾကာျဖဴခင္က ဘုရား ကို သြားေရာက္ၿပီး ျမန္မာႏိုင္ငံႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းဖို႔အတြက္ ဆုေတာင္းေပးေနခဲ့ပါတယ္။ ပိုးၾကာျဖဴခင္က ဘုရားမွာ ဆီမီးမ်ားကို ပူေဇာ္ကာ ဝတ္ျပဳဆုေတာင္းေနတဲ့ ပုံေတြအျပင္ ” ငိုစရာ မ်က္ရည္ေတြလဲ မက်န္ေတာ့ဘူး ဒီေလာက္နဲ႔ပဲ ေက်နပ္ ၾကပါေတာ့ ” ဆိုတဲ့ စာသားကိုလည္း ေရးသား ေတာင္းဆိုခဲ့ပါေသးတယ္။ တတ္ႏိုင္တဲ့ဘက္ကေန ႏိုင္ငံအတြက္ စြမ္းစြမ္းတမံ ကူညီအားျဖည့္ေပးေနတဲ့ ပိုးၾကာျဖဴခင္ရဲ႕ ပုံေတြကို ကူးယူၿပီး ပရိသတ္ေတြထံ ေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit – Poe Kyar Phyu Khin’s FB Pag

Leave a Reply

Your email address will not be published.