ဆန္ဒ ဖော်ထုတ်နေ တဲ့ ပြည်သူတွေ ကို အားအင် မပြတ်သွားအောင် အအေးဗူးတွေ လာလှူတာ ပါလို့ ဆိုလာတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလိုင်

Posted on

ပရိသတ်ကြီးရေ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ လူကြီးရော လူငယ်တွေကြားမှာလည်း လူချစ်လူခင်ပေါများပြီး ပရိသတ်တွေက သူ့ရဲ့ဓါတ်ပုံတွေနဲ့ ဘယ်လို ဘဲ စနောက်ပါစေ စိတ်မဆိုးစေတာကြောင့် ပရိသတ်တွေ က ချစ်နေရ သူလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းက သူ့ ရဲ့ Show ပွဲတိုင်းမှာလည်း တက်သစ်စ လူငယ်တွေကို လက်တွဲပြီးစင်တင်ပေးတတ်သူဖြစ်ပြီး ခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာကိုယူထားနိုင်သူ ဖြစ်ပါတယ်

။မကြာသေးမှီရက်ပိုင်းအတွင်းကမှ ပြည်သူတင်မြှောက် ထားတဲ့ အစိုးရကို စစ်အာဏာရှင်များက မတရားဖမ်းဆီးပြီး အာဏာ သိမ်းလိုက်တာကြောင့် ခုလက်ရှိမြန်မာနိုင်ငံက ပြည်သူအားလုံးက တက်ညီလက်ညီနဲ့ အာဏာရှင်ကိုဖြုတ်ချဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ ပည်သူများနဲ့အတူ အခြားအနုပညာရှင်များက စောစီးစွာ ဝန်းရံ လာခဲ့ပေမဲ့ စိုင်းစိုင်းတစ်ယောက်ကတော့ မဝန်းရံပေးဘဲ တိတ်ဆိတ် လွန်းတာကြောင့် စိုင်းစိုင်းကို ချစ်တဲ့ပရိသတ်များကလည်း အားမရအားမရ ဖြစ်ခဲ့ကြရပြီး ဖောလိုးဝါးကျဆင်းသွားတယ်လို့လည်း

လူများကြားမှာ ဝေဖန်ခံခဲ့ရပါတယ်။ အာဏာသိမ်းပြီး ၁၁ ရက်နေ့မှာ တော့ စိုင်းစိုင်းတစ်ယောက် ဗဟိုဘဏ်ရှေ့မှာ အာဏာရှင် ဆန့်ကျင်ရေးပြည်သူတွေရှေ့မှာ အချိုရည်ဗူးတွေ ဝေငှပေးလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ကျပေမဲ့လည်း ဝန်းရံလာတာကိုပဲ ကျေးဇူးတင်ပါတယ်ဆိုပြီး စိုင်းစိုင်းရဲ့ပုံတွေအောက်မှာ ပရိသတ်တွေက ရေးသား ထားခဲ့ကြတာ ဖြစ်ပါတယ်…ပရိသတ်ကြီးလည်း ပရိသတ်တွေ အေးချမ်းစေဖို့အတွက် အချိုရည်တွေဝေငှပေးလာတဲ့ စိုင်းစိုင်းအတွက် စကားလက်ဆောင်လေးတစ်ခွန်းလောက် ရေးပေးသွားကြပါအုံးနော်….

Source : Sai Sai Kham Leng

Leave a Reply

Your email address will not be published. Required fields are marked *