ဆန္ဒ ထုတ်ဖော်မယ့် ပြည်သူတွေကို လို အပ်တဲ့ အကာ အကွယ် ပစ္စည်းတွေ အကုန်လာယူကြပါ ဆိုပြီး ရက်ရက်ရော ရော လှူနေတဲ့ အိမ့်ချစ်

Posted on

ပရိသတ်တွေချစ်ခင်အားပေးမှုတွေကိုအခိုင်အမာ ရရှိထားတဲ့အိမ့်ချစ်ကတော့ ပြည်သူ ထဲက ပြည် သူတစ်ယောက်ဖြစ်တာကြောင့်လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ် သက်ပြီးရ ရာ နေရာကနေ တတ်နိုင်သလောက် ပါဝင်ကာ လှုပ်ရှားမှုတွေပြုလုပ်လျက်ရှိပါတယ်။ တော်လှန်ရေး တိုက်ပွဲကြီးကလည်း တစ်ရက်ထက်တစ်ရက် အရှိန်ကောင်းလာကာ ခုဆိုရင်ပြည် သူ တွေက အန္တရာယ်တွေကြားထဲက ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေရတာကြောင့် အသက်ဆုံး ရှုံးခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာကိုကြေကွဲဝမ်နည်းစွာတွေ့မြင့်ရပါတယ်။

အနုပညာရှင်များကလည်းရရာနေရာ က နေတတ်နိုင်သလောက်ကူညီထောက်ပံ့ပေးမှုတွေလုပ်ပေး လျက်ရှိရာ အခုလည်း အိမ့်ချစ်တစ်ယောက် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ဆန္ဒဖော်ထုတ် တဲ့ ပြည်သူတွေအကာအကွယ်အပြည့်အစုံရစေရန်ရည်ရွယ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ရက်ရက် ရောရော လိုသလောက်ယူနိုင်ကြောင်း လှူဒါန်းနေတဲ့ ပုံလေးတွေနဲ့တကွ” လိုတာယူပါ

ဘေး ကင်း ကင်းနဲ့ ပြန်ခဲ့မယ်လို့ ကတိပေး ပါ Safety & Defense ပစ္စည်းများ အတွက်တတ်နိုင် သ လောက်ထည့်ဝင်လှူဒါန်းထားတဲ့အလှူလေးပစ္စည်းတွေဒီနေ့စဝေနေပါပြီ ပါဝင်နိုင်အောင် စီ စဉ်ပေးတဲ့အကိုလည်းကျေးဇူးပါ”ဆိုတဲ့စာလေးကိုဖော်ပြထားရာ လေးစားလွန်းတာကြောင့် ပြန် လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Eint Chit

zawgyi




Yuan – Cele Zone

Photo – Eint Chit

Leave a Reply

Your email address will not be published.