ဆန္ဒ ထုတ်ဖော်တဲ့ အသံကြားတာ နဲ့ ကလေးတွေကိုအားဖြည့်ပေးဖို့ အမြဲရောက် လာပြီး တာဝန်ကျေ ခဲ့ပေမယ့်လည်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း တစ်ဦး

Posted on

လူထုလှုပ်ရှားမှု လုပ်နေတဲ့ ကာလအတွင်းမှာ အသက်ပေးသွား ခဲ့ရတဲ့ သူရဲကောင်းတွေ အတွက် ပြည်သူတွေကလည်း ဆုတောင်းပွဲတွေ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ ကျဆုံးသူ (၅၀၀) ကျော်တောင်ရှိလာခဲ့ပြီဖြစ်ပေမယ့်လည်း ဆန္ဒထုတ်ဖော်ပွဲတွေကတော့ မြန်မာနိုင်ငံ အနှံ့အပြား မှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ် ။ အခုချိန်မှာ လူငယ်တွေက ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ပါဝင်လှုပ်ရှားနေကြသလို လူကြီးတွေကလည်း ကူညီအားဖြည့် ပေးနေကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ဧပြီလ (၈) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ ထဲက တစ်ယောက်ဖြစ်တဲ့ ဦးတင်မိုးရဲ့အကြောင်းကလည်း တကယ့်ကို စိတ်မကောင်းဖြစ်စရာ ကောင်းလှပါတယ်။ ဦးတင်မိုးဆိုသူကတော့ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်မှာ ကျည် ထိမှန်ပြီး အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှု ပြုလုပ်မယ့်အသံကို အမြဲနားစွင့်ပြီး လူငယ်တွေကို ကူညီအားဖြည့်ပေးဖို့ ရောက်ရောက်လာတတ်တဲ့ ဦးတင်မိုးက နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်သွားခဲ့တာ ဖြစ်ပါတယ် ။

ပြည်သူတစ်ယောက်ကလည်း ဦးတင်မိုးရဲ့အကြောင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ သူ့ရဲ့စာထဲမှာတော့ ဦးတင်မိုးက ဆန္ဒထုတ်ဖော်တဲ့အသံကြားတာနဲ့ ရောက်လာပြီး ကလေးတွေအတွက် ရေသန့်ဘူးတွေ၊ ပေါင်မုန့်တွေလိုက်ဝေပေးခဲ့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။ တာဝန်ကျေ တာထက်ပိုခဲ့တဲ့ ဦးတင်မိုးကို လူငယ်တွေကလည်း လေးစားဦးညွှတ်နေကြတာ ဖြစ်ပါတယ် ။ သူရဲကောင်းကြီး ဦးတင်မိုးတစ်ယောက် ကောင်းရာမွန် ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *