အားလုံးသိကိုသိထားရမည့် အရာများပါ။
လာမည့်အပတ်အတွက်ကျနော် အလွန်စိုးရိမ်ပါတယ်။
ပြင်ဆင်ထားသင့်သည်များ
✅ မိန်းကလေးများ ဆံပင်စည်းဖြစ်အောင် စည်းထားကြပါ။ (တစ်ခုခုဆိုဆံပင်ဆွဲမခံရအောင်ပြင်ဆင်ပါ)
✅ အဝတ်အစားအထူကိုယ်ကျပ်လက်ရှည် ဝတ်ဆင်ပါ။ (တစ်ခုခုဆိုအထိအခိုက်နည်းအောင်၊ လှုပ်ရှားလွယ်အောင်ပြင်ဆင်ပါ)
✅ မျက်နှာကိုရေစွတ်စည်းရန်သဘက် အထူဆောင်ပါ။ (မျက်ရည်ယိုဗုံးအတွက်)
✅ Google map offline ကို ဒေါင်းလုပ်လုပ်ထားပါ။ (ကိုယ်ရောက်နေတဲ့နေရာကိုသေချာသိအောင်လုပ်ပါ။)
✅ ပြည်သူများကတစ်ခုခုဆိုဝန်းရံအကူအညီပေးနိုင်ရန်ပြင်ဆင်ထားပါ။
✅ သေနတ်သံကြားရင်လန့်ပြေးတာထက် ထိုင်ချပါ ဝပ်ချပါ။ လူညီပါ။ လန့်ရင်လူနင်းမိတတ်ပါတယ်။
ရှောင်ရှားရန်များ
❌ လုံထိန်းရဲနားကိုကပ်ခြင်းလုံ းဝမလုပ်ရပါ။
ရှုပ်ထွေးမှုအဓိကရုဏ်းအချိန်မရွေးထ ဖြစ်နိုင်ပါသည်။
အန္တရာယ်ပြုရန်ကပ်လာသည်ဟုအကြောင်းပြကာ ပစ်သတ်နိုင်ပါသည်။
“လုံးဝမလုပ်ရပါ။”
❌ လုံထိန်းရဲများကို ပန်းစည်းကမ်းခြင်းသည်နိုင်ငံတကာက ရဲများကိုကြိုဆိုနေသူဟုသတင်းမှားပေါ်နိုင်ပါတယ်။
“လုံးဝမလုပ်သင့်ပါ။”
အခုပဲထိုင်းမှာ ထိုင်းတွေက မင်းတို့ရဲတွေနဲ့ပြေလည်သွားပြီမလား လို့မေးနေပါပြီ။
ကျနော့်ကိုလည်းတရုတ်ပြည်က မေးနေပါပြီ။
ရဲတွေကိုဝမ်းသာအားရပန်းစည်းနဲ့ကြိုနေကြတာလားတဲ့။
“လုံးဝမလုပ်ရပါ။”
❌ ဒုတိယစည်းကိုကျော်လို့လုံးဝမရပါ။
ပစ်ခတ်နှိမ်နင်းမှုအတွက်တရားဝင်သွားပါလိမ့်မည်။
စည်းကျော်ခြင်းဖြင့် မည်သည့်ကောင်းကျိုးမှမရနိုင်သဖြင့် နိုင်ငံအတွက်တကယ်စေတနာရှိလျှင်စည်းကိုလုံးဝမကျော်ပါနှင့်။
Civil Disobedience Movement လုပ်နေသူများကို အဓိကရုဏ်းကြောင့်အနှောင့်အယှက်မဖြစ်ပါစေနှင့်။
“စည်းလုံးဝမကျော်ရပါ။”
ဒီတစ်ခါအရင်ကနဲ့မတူပဲစည်းတွေချလာတယ်ဆိုကတည်းကသိနားလည်ထားပါ။
လုံထိန်းရဲများကိုရန်စခြင်း၊ စော်ကားခြင်း၊ ရေသန့်ဘူးနှင့်ပစ်ခြင်းများလုံးဝမလုပ်ပါနှင့်။
နိုင်ငံတကာကအကြမ်းဖက်မှုဟုမြင်အောင် လုံးဝမလုပ်ပါနှင့်။ သဲထဲရေသွန်အဖြစ်မခံပါနှင့်။
မသမာသူကဝင်ရောက်နှောင့်ယှက်ကာရေသန့်ဘူးနှင့်ပစ်ပြေးသွားတာမျိုးဖြစ်နိုင်တဲ့အတွက်စည်းကို လုံးဝမကျော်ဖို့ပြောတာပါ။
❌ ကလေးများကိုဆန္ဒပြရာသို့လုံးဝမခေါ်လာကြပါနဲ့။ အရေးအကြောင်းဆိုအန္တရာယ်များလို့ပါ။
❌ ဆန္ဒပြရာလမ်းကြောင်းတွင် ရဲစခန်း၊ စစ်တပ်နှင့်မကြုံရန်ရှောင်ရှားပါ။
ရဲစခန်းရှေ့တွင်မသမာသူကရန်စလို့အဓိကရုဏ်းဖြစ်လျှင် နိုင်ငံတကာက ရဲစခန်းကိုဝင်စီးသည်ဟုမြင်သွားမည်။
“လုံးဝမလုပ်ရပါ။ လမ်းကြောင်းကိုရှောင်ရှားပါ။”
❌ သက်ကြီးရွယ်အိုများမထွက်ပါရန်တောင်းပန်ပါတယ်ခင်ဗျား။ 🙏
❌ အိမ်တွေကလည်းထင့်ကနဲရှိတံခါးပိတ်ထားမယ်မလုပ်ကြပါနဲ့။
မတရားမှုရှိရင်ပိုထွက်ပြီးဝန်းရံပေးကြပါ။
ဆန္ဒပြသူတွေရှုံးရင်ပြည်သူတွေရှုံးမယ်ဆိုတာမမေ့ကြပါနဲ့။
ထပ်မှာပါမယ်။ Rules of engagement ဆိုတာရှိပါတယ်။
စည်းကိုလုံးဝမကျော်ပါနှင့်။
နိုင်ငံတကာကအကြမ်းဖက်မှုဟုမြင်အောင်မလုပ်မိပါစေနှင့်။
သဲထဲရေသွန်မဖြစ်ပါစေနှင့်။
သင်တို့ရှုံးလျှင်ပြည်သူတွေရှုံးပြီဆိုတာလုံးဝမမေ့ပါနဲ့။
ခရက်ဒစ်ပေးစရာမလိုပါ။ အားလုံးသိအောင်များများ share ပေးကြပါ။ Copy ယူပါခွင့်တောင်းစရာမလိုပါ။
Smart စမတ်ဖြစ်ကြပါ။ နိုင်ငံတကာကအမြင်မလွဲပါစေနှင့်။
Why rabbit isn’t afraid of panther❓
Because he is smarter than panther❗