`သမီး၊ ဘ၀မှာ တစ်ခါပဲ သေတာပါ။ တွေးကြောက်မနေနဲ့´ တဲ့။
ခွေးတွေလိုက်ဖမ်းနေလို့ ပြေးခဲ့ရတဲ့ သမီး ကို ဖခင်ဖြစ်သူက အားပေးတဲ့ စကား။
မိဘများစွာဟာ ကိုယ့်သားသမီး ကို အထိခိုက် မခံနိုင်ကြဘူး။
သို့ပေမယ့် အကြောက်တရားအောက်က လွတ်မြောက်ဖို့၊ စွန့်လွှတ်ရရင်တောင် စွန့်ရဲ ရင်းရဲ တဲ့ အာဂသတ္တိတွေနဲ့။
ပြန်ရောက်/မရောက်ကို အသေအချာ မသိပေမယ့် သားသမီး ရဲ့ လက်ပေါ် သွေးအုပ်စု ရေးပေးလိုက်တဲ့ မိဘတွေ။
လမ်းထွက်ဖို့ ပြင်နေတဲ့ သားသမီးကို ကူညီ ပြင်ဆင်ပေး နေ တဲ့ မိဘတွေ အများကြီး ထွက်လာခဲ့တယ်။
ဒါက သတ္တိဆိုပေမယ့် ဒီသတ္တိက ပညာနဲ့ အရှုံးမပေးချင်တဲ့ စိတ်နဲ့ မွေးရတဲ့ သတ္တိပါပဲ။
အကြောက်တရားနဲ့/ ကြောက်စိတ်နဲ့ လူဖြစ်ရတာကိုသာ ကြောက်သင့်ကြောင်း သိတဲ့စိတ်ဓာတ်။
ဒီအကြောက်တရားကို တော်လှန်ရမှန်း သိတဲ့ စိတ်ဓာတ်။
မတရားမှုကို တွန်းလှန်ချင်တဲ့ စိတ်။ ရာထူးပြုတ် အလုပ်ပြုတ် မှာထက် ပိုပြီးစွန့်ရဲတဲ့ စိတ်ဓာတ်တွေ။
ကျွန်တော်တို့ မျိုးဆက်ဟာ ကြောက်ခဲ့ကြတယ်။ အကြောက်တရားနဲ့ ကြီးပြင်းလာခဲ့ရတယ်။
ကိုယ့်ရဲ့နောက်မျိုးဆက်မှာတော့ ဒီလိုအကြောက်တရားနဲ့ ကြီးပြင်းရမယ့် မျိုးဆက်အဖြစ် အရောက်မခံနိုင်ဘူး။
ဒီလို မိဘမျိုးနဲ့ ဆုံချင်တယ်။ ကိုယ့်သားသမီးဟာလည်း ကိုယ့် ကို ဒီလိုမိဘမျိုးသာ ဖြစ်စေချင်မှာပဲ။
အဖေ/အမေတို့ အဲဒီတုန်းက ကြောက် လို့ စကားတစ်ခွန်းတောင် မဟဘဲ ငြိမ်နေခဲ့ရတယ် ဆိုတဲ့အဖြစ်မျိုး ပြန်ပြောပြရင်တောင် သိပ်ရှက်ဖို့ကောင်းတယ်။
ကိုယ့်မျိုးဆက်ကို ဒီလို ရဲရဲတင်းတင်း အားပေးဝံ့တဲ့ မိဘမျိုးတွေ ဖြစ်ချင်တယ်။
ဘ၀မှာ တစ်ခါပဲသေရတယ်။ ကြောက်တတ်ရင်တော့ နှစ်ခါသေရပါတယ်။
`သမီး၊ ဘဝမှာ တစ်ခါပဲသေတာပါ။ တွေးကြောက်မနေနဲ့´ တဲ့။
ခွေးတွေလိုက်ဖမ်းနေလို့ ပြေးခဲ့ရတဲ့ သမီးကို ဖခင်ဖြစ်သူက အားပေးတဲ့စကား။
မိဘများစွာဟာ ကိုယ့်သားသမီးကို အထိခိုက် မခံနိုင်ကြဘူး။
သို့ပေမယ့် အကြောက်တရား အောက်က လွတ်မြောက်ဖို့၊ စွန့်လွှတ်ရရင်တောင် စွန့်ရဲ ရင်းရဲတဲ့ အာဂသတ္တိတွေနဲ့။
ပြန်ရောက်/မရောက်ကို အသေအချာမသိပေမယ့် သားသမီးရဲ့ လက်ပေါ် သွေးအုပ်စု ရေးပေးလိုက်တဲ့ မိဘတွေ။
လမ်းထွက်ဖို့ ပြင်နေတဲ့ သားသမီးကို ကူညီပြင်ဆင်ပေးနေတဲ့ မိဘတွေ အများကြီး ထွက်လာခဲ့တယ်။
ဒါက သတ္တိဆိုပေမယ့် ဒီသတ္တိက ပညာနဲ့ အရှုံးမပေး ချင်တဲ့ စိတ်နဲ့ မွေးရတဲ့ သတ္တိပါပဲ။
အကြောက်တရားနဲ့/ ကြောက်စိတ်နဲ့ လူဖြစ်ရတာကိုသာ ကြောက်သင့်ကြောင်း သိတဲ့စိတ်ဓာတ်။
ဒီအကြောက်တရားကို တော်လှန်ရမှန်း သိတဲ့ စိတ်ဓာတ်။
မတရားမှုကို တွန်းလှန်ချင်တဲ့ စိတ်။ ရာထူးပြုတ် အလုပ်ပြုတ်မှာထက် ပိုပြီးစွန့်ရဲတဲ့ စိတ်ဓာတ်တွေ။
ကျွန်တော်တို့ မျိုးဆက်ဟာ ကြောက်ခဲ့ကြတယ်။ အကြောက်တရား နဲ့ ကြီးပြင်းလာခဲ့ရတယ်။
ကိုယ့်ရဲ့နောက်မျိုးဆက်မှာတော့ ဒီလို အကြောက်တရားနဲ့ ကြီးပြင်းရမယ့် မျိုးဆက်အဖြစ် အရောက်မခံနိုင်ဘူး။
ဒီလို မိဘမျိုးနဲ့ ဆုံချင်တယ်။ ကိုယ့်သားသမီး ဟာလည်း ကိုယ့်ကို ဒီလိုမိဘမျိုးသာ ဖြစ်စေချင်မှာပဲ။
အဖေ/အမေတို့ အဲဒီတုန်းက ကြောက်လို့ စကားတစ်ခွန်းတောင် မဟဘဲ ငြိမ်နေခဲ့ရတယ် ဆိုတဲ့အဖြစ်မျိုး ပြန်ပြောပြရင်တောင် သိပ်ရှက်ဖို့ကောင်းတယ်။
ကိုယ့်မျိုးဆက်ကို ဒီလို ရဲရဲတင်းတင်း အားပေးဝံ့တဲ့ မိဘ မျိုးတွေ ဖြစ် ချင်တယ်။
ဘဝမှာ တစ်ခါပဲသေရတယ်။ ကြောက်တတ်ရင်တော့ နှစ်ခါသေရပါတယ်။
celeupdatenews