ဆန္ဒပြ ပြည်သူလူထု နဲ့ အတူ ရဲရဲဝံ့ဝံ့ ပါဝင်လှုပ်ရှားရင်း ပြည်သူတွေ အတွက် အစားအသောက်များ လိုက်လံလှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on

အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး မိန်းကလေး ချင်းတောင် ငေးမော အားကျနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင် ထားတဲ့ မင်းသမီးလေး တစ်လက် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

သင်ဇာက လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေ ကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံ ကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုလည်း နှစ်ငါးလုံးနွေဦးတော်လှန်ရေး မှာ ပြည်သူနဲ့အတူ ပါဝင် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူပရိသတ်တွေ အဆာပြေစားသောက်နိုင်ရန် မုန့်နဲ့ အအေးများ ကိုယ်တိုင်လိုက်ဝေငှကာ အလှူဒါ ပြုခဲ့တာလည်းဖြစ်ပါတယ်။ တတ်နိုင်တဲ့ နေရာကနေ မျိုးစုံလိုက်လံ ကူညီပေးနေတဲ့ သင်ဇာရဲ့ စိတ် ဓာတ်လေးကတော့ တကယ် လေးစားစရာပါပဲနော် ။ပရိသတ်ကြီးလည်း သင်ဇာရဲ့ အလှူပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက် ပါတယ်။

Credit– Cele Zone
Photo – Thinzar Wint Kyaw

Leave a Reply

Your email address will not be published. Required fields are marked *