ဆန္ဒပြတဲ့ အဖွဲ့တွေနဲ့ သီချင်းဆို အားဖြည့် ပေးဖို့သွားရင်း သဘောထားချင်း ကွဲလွဲမှုတွေ ဖြစ် ခဲ့ရတဲ့ အကြောင်းကို ပြန်လည် ရှင်းပြလာခဲ့တဲ့ အေးမြဖြူ

Posted on

Myanmar Idol Season (4) ရဲ့ 1st Runner Up ဆုရှင် တစ်ယောက်ဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် အေးမြဖြူကတော့ လက်ရှိမှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့ အတူတူ ဒီမိုကရေစီလွတ်လပ်မှုကို ရရှိဖို့ လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ဖေဖော်ဝါရီလ (၁၈) ရက်နေ့ မှာတော့ အေးမြဖြူက ဆန္ဒပြအဖွဲ့နဲ့ သီချင်းဆိုအားဖြည့်ဖို့သွားရင်း သဘောထားချင်းလွဲမှားမှုတွေဖြစ်ခဲ့ရတဲ့အကြောင်း ပြန်လည်ရှင်းြ ပလာတာကို တွေ့ရပါတယ်။

အေးမြဖြူက “သမီးရှင်းပြပါ့မယ်။ ပထမဖြစ်တဲ့ပြဿနာက သမီးကို Augustine က ဆန္ဒပြတဲ့ အဖွဲ့မှာ လာအားဖြည့်ဖို့ခေါ်လို့ သွားခဲ့ပါတယ်။ သမီးက ၃ နာရီမှ ရောက်ပြီး media တွေပေါ်မှာ Augustine ကျောင်းသားတွေနဲ့တူတူ ဆန္ဒပြတယ်ဆိုပြီးရေးတော့ အဖွဲ့ဦးဆောင်သူက မပြန်ခိုင်းဘဲ သမီးနဲ့နေခိုင်းတာ ( သမီးလည်း အခုမှပြန်သိရတာ ) အဲ့တာကို ကျောင်းသားတွေက မျက်မုန်း ကျိူးကြပြီး ဝိုင်းပြော ကြပါတယ် သမီးက နှမ်းလာဖြူးပြီး ဦးဆောင်သလို ဖြစ်သွားတယ်ဆိုပြီး မကျေနပ်ကြတာ(မပြန်ခိုင်းတာလည်း သမီးတို့ကိုယ်တိုင်မပြောထားပါဘူး အကိုတွေအစ်မတွေကမပြန်ခိုင်းတာပါ)။ သမီး ဒီနိုင်ငံရေးမှာ ဘယ်လိုပါဝင်ဆောင်ရွက်နေလဲဆိုတာ သိကြမှာပါ သမီး page မှာ ကြည့်နိုင်ပါတယ်။ အဲ့နေ့က လည်း ခေါ်လို့ အခြား နေရာကနေ သွားလိုက်တာ သမီးကလည်း ပေါ်ပင်လာလုပ်တယ်ဆိုပြီး ဝိုင်းပြောကြတာလို့ ပို့စ်တစ်ခုတင်ပြီး ဖြေရှင်းရတာပါ”

“အဲ့ဒီမှာ သမီးpostကို ဝိုင်းshareပြီး သမီးတောင်မသိတဲ့ ကိစ္စတွေကိုဆဲပြီး မဟုတ်တာတွေပါထည့်ပြီးပြောကြပါတယ် messenger ကလည်း ရိုင်းရိုင်း ပြောဆိုတာတွေရှိလို့ သမီးရဲ့အမေက ကလေးမိဘနဲ့စကားပြောမယ်ဆိုတာကို ကလေးမိဘအိမ်ဆီမရောက်ပဲ liveလွှင့်တဲ့ကောင်မလေးအိမ်မှာချိန်းပါတယ်။ အဖေက သူ့သမီးက စေတနာနဲ့ လုပ်ပေးတာကို ရိုင်းစိုင်းစွာ ပြောလို့ တုတ်နဲ့ ရွယ်ပါတယ် ကလေးကိုမေးပြီးပါပြီ ဘာမှထိခိုက်တာ မရှိပါဘူးလို့လည်းပြောပါတယ်( အခု လူတွေထင်သလို ပါးရိုက်နာ းရိုက်လည်းမလုပ်ပါ) Live ထဲမှာက ပြဿနာအစအဆုံးမပါတဲ့အတွက် လူကြီးတွေက သားသမီးဇောနဲ့ စေတနာကဝေဒနာဖြစ်ပါတယ်ဆိုပြီး ဒေါသထွက်နေတာပဲ ပါတာပါ

အဲ့ဒီနောက်မှာ သမီးကို အထင်လွဲပြီး ရိုင်းမိလို့ ဆိုပြီး ဟိုကလည်း တောင်းပန်ပါတယ် သမီးတို့ ဘက်ကလည်း အဲ့ကလေးကို တောင်းပန်ပြီးပါပြီ။ နှစ်ဦးနှစ်ဖက် အခု အဆင်ပြေပြီးခါမှ messenger ကနေ video တွေ ထပ်ဖြန့်နေ လို့ အစအဆုံးကို ရှင်းပြပြီး ရေးတင်ရတာပါ”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်မှာမှာ ပြောလာပါတယ်။ အေးမြဖြူကတော့ သူမရဲ့ မိဘတွေက အသက် မပြည့်သေးတဲ့ (၁၇) နှစ်အရွယ် ကျောင်းသားလေး ကို ကိုယ်ထိလက်ရောက်မှုပြုခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် ပြန်လည်ရှင်းပြလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: AYE MYA PHYU’s fb
Credit – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *