ဆန္ဒတွေ ကို ထုတ်ဖော် နေကြတဲ့ ပြည်သူတွေ အတွက် MASK နဲ့ လက်သန့်ဆေးရည်များ လှူဒါန်း ခဲ့တဲ့ နန်းမွေစံ

Posted on

မော်ဒယ် နန်းမွေစံကတော့ ဖေဖော်ဝါရီလအစကတည်းက လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတာကြောင့် ပရိသတ်များက ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကိုလည်း နိုင်ငံတကာမှ သူမ ရဲ့ ပရိသတ်တွေ သိရှိ နိုင်စေရန် Instagram လူမှုကွန်ယက်မှတစ်ဆင့်လည်း ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း လက်ရှိ အခြေအနေတွေအား ဗီဒီယိုဖိုင်တွေတင်ကာ Speak Out လုပ်ပေး နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာပဲ ဖြစ်ပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း နန်းမွေစံရဲ့ Instagram အကောင့်တွင် ကြည်နူးဖွယ်ရာ အလှူတစ်ခုပြုလုပ်နေ တာကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ လမ်းပေါ်ထွက်ကာရင်တွင်းဆန္ဒတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် maskနဲ့လက်သန့်ဆေးရည်များ လှူဒါန်း ခဲ့တဲ့ နန်းမွေစံရဲ့ ပုံရိပ်တွေပါ။ နန်းမွေစံတစ်ယောက် ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်တာကြောင့် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ သူမကတော့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတစ်ခုဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြည်သူတွေအား mask ကြိုးလေးတွေ ကိုယ်တိုင် ချည်ပေးနေတာကိုလည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ နန်းမွေစံလည်း ဒီ့ထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင် သူမရဲ့ပုံရိပ်တွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nang Mwe San’s IG Account

Leave a Reply

Your email address will not be published. Required fields are marked *