ပရိသတ်ကြီးရေ အနုပညာလောက ထဲကို ယုံကြည်မှု ရှိရှိ အကောင်းဆုံး လျှောက်လှမ်းနိုင်ဖို့ အတွက် လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ပြီး စတင်ဝင်ရောက်ခဲ့ သူကတော့ မင်းသမီးချောလေး ခင်သဇင် ပဲဖြစ်ပါတယ်။ ခင်သဇင် ဟာ လက်ရှိမှာတော့ ကြော်ငြာတွေ အပြင် ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ စိတ်သဘော ပြည့်ပြည့် နဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာတောင် ပါဝင် သရုပ်ဆောင်နေရတာဖြစ်ပါတယ်။
ခင်သဇင် က အနုပညာ အလုပ်တွေ ကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း တတ်နိုင်သလောက် ပါဝင်လုပ်ကိုင် ပေးတတ်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်သဇင် ကတော့ ပရိသတ်တွေအတွက် မကြာခဏ ဆိုသလို သူမရဲ့ ချစ်စရာပုံရိပ်လေးတွေအပြင် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေလည်း ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာ ဆိုရင်လည်း ခင်သဇင် က တော့ ပရိသတ်တွေ အသည်း ယားလောက်မယ့် သူမရဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီ tik tok ဗီဒီယိုလေးထဲမှာတော့ ခင်သဇင် က လွတ်လပ်ပေါ့ပါးတဲ့ အင်္ကျီလေးကို ဝတ်ပြီး လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ သီချင်းလေးကိုနောက်ခံထားပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အမူအရာလေးတွေနဲ့ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပင်ကိုယ်အလှတရားတွေကလည်း ပရိသတ်တွေ အတွက်တော့ အသည်းယားစရာ ဖြစ်လောက်မှာ အမှန်ပါနော်..။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိရှိ မြင်သူတိုင်းချစ်အားပိုလောက်မယ့် ပုံစံလေးနဲ့ ဆော့ကစားထားတဲ့ မင်းသမီးချောလေး ခင်သဇင် ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။
Photo Credit – Khin Thazin
Source -Khin Thazin’s fb account