ဇာတ်ပို့သရုပ်ဆောင်တွေထဲ လမင်းကဗျာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားအများအပြားမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကာရိုက်တာကို ပေါ်လွင်အောင် ရိုက်ကူးတတ်သူဖြစ်လို့ အောင်မြင်မှုတွေရရှိထားတာလည်း ဖြစ်ပါတယ်။ လမင်းကဗျာက ယခုလက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေခဲ့တာပါ။
အနုပညာအလုပ်တွေ နည်းပါးနေတဲ့ လမင်းကဗျာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းက အောင်မြင်မှုတွေရရှိတာကြောင့် မိဘအိမ်မှ ခွဲထွက်ပြီး ကိုယ်ပိုင်အိမ်လေးကို မကြာသေးတဲ့အချိန်ကမှ ဝယ်နိုင်ခဲ့ကြောင်း ပရိသတ်တွေထံ အသိပေးထားပါသေးတယ်။ လမင်းကဗျာက သူမရဲ့ ကိုယ်ပိုင်အိမ်လေးထဲမှာ တစ်နေ့တာအချိန်တွေကို ကုန်ဆုံးလေ့ရှိတာဖြစ်ပါတယ်။
တစ်ခါတရံ ပျင်းတဲ့အချိန်လေးတွေမှာ အပျင်းပြေအနေနဲ့ TIKTOK ဆော့ကစားလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ဆော့ကစားလာခဲ့ပါတယ်။ အမိုက်စား ကကွက်တွေနဲ့ သီချင်းလေးအတိုင်း ကခုန်ပျော်ပါးရင်း ဆော့ကစားထားတဲ့ TIKTOK ဗီဒီယိုလေးက ပရိသတ်တွေကို အချစ်ပိုမိစေမှာဖြစ်ပါတယ်။ အချေပုံစံလေးနဲ့ လမင်းကဗျာက ကခုန်ပြီးတဲ့အချိန်မှာ လက်ခလယ်ထောင်ပြရင်း အဆုံးသတ်ကာ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
Photo credit – Lamin Kabyar’s Facebook Account