ပုရိသတွေ ရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ပဲ ဖြစ်ပါတယ်။ သူမဟာ Sexy Model တစ်ယောက်အနေနဲ့ပါ ရပ်တည်လျက် ရှိနေပြီး ခေတ်ရှေ့ပြေးဖက်ရှင်တွေကို လိုက်ဖက်ညီအောင် ဝတ်ဆင်ပြနိုင်တဲ့ နိုင်ငံကျော် မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။ မြင်သူတိုင်းငေး မောလောက်စေတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။
သင်ဇာဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေကို လက်မလည် ရလောက်အောင် တောက်လျှောက်ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း သူမရဲ့ (၃၃) နှစ်ပြည့် မွေးနေ့လေးကို ချစ်ရတဲ့ သူတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သင်ဇာ ရဲ့ပင်တိုင် ဓာတ်ပုံဆရာ ဖြစ်တဲ့ ကိုနေမင်းထွန်း ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ရူးခါသွားလောက်စေမယ့် အလှတရားတွေ နဲ့စွဲမက်ဖွယ်ကောင်းလောက်အောင် အမိုက်စား ပို့စ်တွေပေးနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သင်ဇာဟာ အဖြူရောင်ဂါဝန်လေးနဲ့ ပွဲခင်းထဲမှာ ထင်းနေအောင် လှပနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thinzar Wint Kyaw’s and Nay Min Tun’s Facebook Account
zawgyi