ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက် လာပြီး စူးရှတောက်ပ တဲ့ မျက်ဝန်းလေးကြောင့် ပုရိသတွေ အားလုံးကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကလည်း နိုင်ငံခြားမင်းသမီးလေးအလား ထင်မှတ်မှားရလောက်အောင် ဆွဲဆောင်မှု ရှိလွန်းနေတာပဲ ဖြစ်ပါတယ်။ ပက်ထရစ်ရှာ ရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ဝါရင့်အနုပညာရှင်များကတောင် ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။
သူမဟာ လတ်တလောမှာတော့ Music Video လေးတွေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူး နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးကလည်း လေ့ကျင့်ခန်းမလုပ်ဘဲနဲ့တောင် ကျစ်လစ်သွယ်လျလှပနေတာလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက် ကလည်း ရှာရှာရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင် ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရင်ခုန်စရာကောင်းတဲ့ဖက်ရှင်လေးကိုဝတ်ဆင်ထားပြီး အမိုက်စားပုံစံလေးနဲ့ အထာကျကျဆော့ကစားထားတဲ့ ပက်ထရစ်ရှာရဲ့ Tik Tok Video လေးပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Patricia Sue Sha Naing’s Tik Tok And Sue Sha Naing’s Facebook Account
zawgyi